လေးဆူဓာတ် ပုံရွှေတိဂုံစေတီတော် ပြတိုက်တွင် ၁၃၇၆ ခု သီတင်းကျွတ်လပြည့်
(၂ဝ၁၄ ခုနှစ် အောက် တိုဘာ ၈ ရက်) ဗုဒ္ဓဟူးနေ့ နံနက် ၉ နာရီ ခွဲအချိန်မှစတင်၍
ဗုဒ္ဓစွယ်တော်မြတ်ဟု ယူဆရသော ရှေးဟောင်းပစ္စည်း တစ်ခုကို ပြသ
ထိန်းသိမ်းထားမည်ဟုသိရသည်။
အဆိုပါ ဗုဒ္ဓစွယ်တော် ပုံစံတူ ပစ္စည်းကို ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း မှ
ဦးမောင်မောင်တာဆိုသူက ပခုက္ကူမြို့ တွင် မြို့ရှောင်လမ်းဖောက်လုပ်နေစဉ်
မြစ် ထဲမှ ကျောက်စရစ်ခဲများသယ်ယူ၍ မြေ ကြီးပေါ်တွင် ခင်းကျင်းခိုက်
ကျောက်စရစ် ခဲများကြားတွင် တွေ့ရှိ ကောက်ယူခဲ့ခြင်း ဖြစ်သည်။
ကောက်ယူပြီး အိမ်၌ သိမ်းဆည်း ထားစဉ် အိမ်မက်ဆန်းများကို မြင်မက်လာ သဖြင့်
ဆေးကြောသန့်စင်ခဲ့ရာ ညစဉ်လိုလို အိမ်မက်ထူးများ ဆက်လက် မြင်မက်လာ
ခဲ့ကြောင်း၊ တရုတ်ပြည်မှ ကြွရောက်လာ သော မြတ်စွယ်တော်နှင့်
တိုက်ဆိုင်စစ်ဆေး ကြည့်ရာ တစ်ပုံစံတည်း ထပ်တူဖြစ်နေသ ဖြင့် ဘုရားစင်ပေါ်၌
ထားရှိ၍ ပူဇော်ရှိခိုးခဲ့ ကြောင်း၊ မန္တလေးမြတောင်တိုက် ဆရာတော် တစ်ပါးက
”စွယ်တော်ကြီးလားမသိဘူး”ဟု ဆိုပြီးနောက် ဦးမောင်မောင်တာမှာ နဂါးနှစ်
ကောင်မှ နဂါးပြည်သို့ခေါ်သွားခြင်း၊ အိပ် မက်ထဲသို့ ဆင်ဖြူတော်ဝင်လာခြင်း၊
ကောင်း ကင်သို့ ပျံသန်းရခြင်း၊ ဘုရားများစွာကိုဖူး မြှော်ရခြင်း စသော
အိပ်မက်ထူးများကို မြင် မက်ခဲ့ရာမှ ခုနစ်ရက်သားသမီးတို့ကို ပူဇော် ကိုးကွယ်
ဖူးမြှော်ခွင့် ပေးသင့်ကြောင်းကို ပါ အိပ်မက်ထဲ၌ ပြောကြားလာ၍ အိမ်၌အ
ပူဇော်ခံယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဦးမောင်မောင်တာမှာ ပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်းမှ ယာဉ်မောင်း
တစ်ဦးဖြစ်ပြီး အင်းစိန်မြို့နယ် စဥ့်ငူရပ် အောင်ဆန်းဘူတာရုံလမ်း အမှတ် ၁ဝ/
ရပ်တွင် နေထိုင်လျက်ရှိသည်။ ဇနီးနှင့်သမီး နှစ်ဦးရှိသော ဦးမောင်မောင်တာက
”ကျွန် တော်ကောက်ရခဲ့တဲ့ ဗုဒ္ဓစွယ်တော် ပုံစံတူ ရှေးဟောင်းပစ္စည်းကို
သီတင်းကျွတ်လပြည့် ကစပြီး ရွှေတိဂုံစေတီတော်မြတ်ကြီးမှာ ထိန်း သိမ်း
စောင့်ရှောက်ပြသထားတော့မယ်ဆို လို့ ပျော်ရွှင်နေမိတယ်။ တကယ်လို့ ဗုဒ္ဓမြတ်
စွယ်တော်လို့ဆိုပြီး ပူဇော်ကန်တော့ နှလုံး သွင်းကြရင် ကုသိုလ်တရားတွေ
တိုးပွားလာ ကြမယ်။ ရှေးဟောင်းပစ္စည်းလို့ဆိုပြီး လေ့ လာ ချင်သူတွေအတွက်လဲ
ပြသထားတာ ကို အနီးကပ် စူးစမ်းအကဲခတ်နိုင်ကြပြီမို့ ကျွန်တော်
ပျော်ရွှင်နေမိတာဖြစ်ပါတယ်”ဟုပြောသည်။
ထို့အတူ ရွှေတိဂုံစေတီတော် ဂေါပက ဇောတိကတင်သိန်းလွင်ကလည်း ”တော်တော်တော့
ထူးခြားတယ်ဗျ။ အရင် သွား ဟုတ်၊ မဟုတ် သွားစစ်လိုက်တော့ သွားကတော့
သေချာသွားပြီ။ သွားတည် ဆောက်ပုံ၊ အသားမှာ အမြစ်တွယ်ကပ်နေ ပုံ စတာတွေကလဲ
သွားစစ်စစ်အတိုင်း ကျွန် တော် အနီးကပ်လေ့လာကြည့်မိတယ်။ နိုင်ငံ တော်
သံဃမဟာနာယက အဖွဲ့ရယ်၊ ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ရယ်က ရွှေတိဂုံ
စေတီတော်မှာ ထိန်းသိမ်းစောင့်ရှောက်ထား ရမယ်ဆိုတာကြောင့် လေ့လာခွင့် ရခဲ့တာ
ပါ။ ပုံစံကတော့ စွယ်တော်ပုံအတိုင်းပါပဲ။ သီတင်းကျွတ်လပြည့်နေ့
နံနက်ပိုင်းကစလို့ ရွှေတိဂုံစေတီတော် ပြတိုက်မှာ ထိန်းသိမ်း
စောင့်ရှောက်ပြသသွားမှာ ဖြစ်ပါတယ်ဟု အတည်ပြုပြောသည်။
Flowers News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, October 5, 2014
အိပ်မက်များပေးသည့် ဗုဒ္ဓမြတ်စွယ်တော်ဟုယူဆရသော ရှေးဟောင်း ပစ္စည်းတစ်ခု ရွှေတိဂုံစေတီတော်ပြတိုက်တွင် ပြသထားမည်
အိပ်မက်များပေးသည့် ဗုဒ္ဓမြတ်စွယ်တော်ဟုယူဆရသော ရှေးဟောင်း ပစ္စည်းတစ်ခု ရွှေတိဂုံစေတီတော်ပြတိုက်တွင် ပြသထားမည်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
October 05, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
October 05, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment