Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, October 5, 2014

အဆက်မပြတ်စားသောက်နေလို့ (၁၅၄)ပေါင်အထိ ဝနေတဲ့ (၃)နှစ်သား

ဘရာဇီးနိုင်ငံတွင် Misael လို့အမည်ရတဲ့ သုံးနှစ်သားလေးဟာ အမြဲလိုဆာလောင်နေလို့ အဆက်မပြတ်စားရာမှ ကိုယ်အလေးချိန် ၁၅၄ပေါင် (ကီလို၇၀) ရှိလာတဲ့အတွက် ၎င်း၏မိဘများက Misael ဆက်မဝလာအောင် ကူညီပေးကြဖို့ မေတ္တာရပ်ခံထားကြောင်း သိရသည်။

Misael
မွေးတုန်းက သာမာန်ကလေးတွေလို (၆)ပေါင် (၆)အောင်စဖြင့် မွေးဖွားလာခဲ့သည့် Misael လေးဟာ အဆက်မပြတ် စားသောက်နေတတ်တဲ့ အလေ့အကျင့်ကြောင့် ပျှမ်းမျှအားဖြင့် တစ်လလျှင် (၆)ပေါင်နှုန်း ကိုယ်အလေးချိန် တိုးလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခုအခါတွင် လေပူပေါင်းတစ်ခုလို အရွယ်နှင့်မမျှ ဝလာတဲ့ Misael လေးဟာ လမ်းလျှောက်ရခက်ခဲနေပြီး အပြင်ထွက် သွားလာရပါက အထူးအငှါးယာဉ်ဖြင့် သွားလာရလေ့ ရှိသည်ဟုလည်း သိရသည်။
Misael လေးဟာ ဖြစ်လေ့ဖြစ်ထမရှိသော အလွန်ရှားရှားပါးပါးဖြစ်တတ်သည့် Prader–Willi ဟု ခေါ်သော ရောဂါလက္ခဏာကို ခံစားနေရခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းရောဂါလက္ခဏာအရ Misael ဟာ ဘယ်လောက်စားစား စိတ်အာသာပြေတယ်ရယ်လို့ မရှိဘဲ စားပြီးရင်း စားချင်  ၊ အမြဲလို ဆာလောင်နေသည့် လက္ခဏာအား ခံစားနေရခြင်းဖြစ်သည်ဟု ဆရာဝန်က ဆိုခဲ့သည်။
Misael၏ မိဘများကမူ ၎င်းတို့၏သားကလေး Misael ကို ဆက်မဝအောင် ကူညီနိုင်သူများရှိက ကူညီပေးကြပါရန် မေတ္တာရပ်ခံထားကြောင်း သိရသည်။
Source : Dailymail
ပုံရိပ်(burmesehearts.com)

No comments:

Post a Comment