Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, October 3, 2014

ကော့တောင်ကျွန်း လူသတ်မှု အရှုပ်တော်ပုံ


 ထိုင်းနိုင်ငံ တောင်ပိုင်း လိပ်ကျွန်း မှာ လွန်ခဲ့တဲ့ လက ဗြိတိန်ကမ္ဘာလှည့်ခရီးသွား ၂ ဦး အသတ်ခံရတဲ့ ကိစ္စကို မြန်မာအလုပ်သမား တဦးက သူသတ်တယ်လို့ ဝန်ခံတယ်ဆိုတဲ့ ထိုင်းသတင်းတွေအပေါ် စာရေး ဆရာ မင်းဒင်ရဲ့ အမြင်ကို ဖော်ပြပေးလိုက်ပါတယ်။



လိပ်ကျွန်းမှာ အသတ်ခံခဲ့ရသူ ဗြိတိန် ၂ ဦး၊ ဓာတ်ပုံ- မက်ထရို. ယူကေ

၁။ လွန်ခဲ့သောနှစ်နှစ်ခန့်က၊ ထိုင်းနိုင်ငံတောင်ပိုင်း တောင်ပိုင်း ကော့တောင်ကျွန်း (ခိုတောင်ဟုအသံ မထွက်ပါ) ဆီသို့ စာပေဟောပြောပွဲ ကိစ္စ ဖြင့် ကျနော်ရောက်ခဲ့ဖူးသည်။ ဆူရတ်ဌာနီမှသည် ၎င်းကျွန်းသို့ တ နာရီခွဲဝန်းကျင် ဇက်ဖြင့်ကူးရသည်။ ကြီးမားကျယ်ပြန့်လှသော ကျွန်း မဟုတ်။ ကမ္ဘာလှည့်ခရီးသည် လုပ်ငန်းမြှင့်တင်နေဆဲကာလဖြစ်၍ မြေနီလမ်းတို့ပင် မပျောက်သေး။ ကျွန်းရိုင်းသာသာအဆင့်သာ ရှိ၏။ မြန်မာရွေ့ပြောင်းအလုပ်သမားအများစုကိုတွေ့မြင်ရသည်။

၂။ပြီးခဲ့သည့်စက်တင်ဘာလ(၁၅)ရက်နေ့တွင် အဆိုပါကျွန်း၌ အင်္ဂလိပ်လူမျိုးစုံတွဲအသတ်ခံရသည့် သတင်း ကြောင့် စိတ်ဝင်တစားနားစွင့် ခဲ့မိသည်။

ရှေးဦးစွာထွက်ပေါ်လာသည့်ရဲသတင်းထုတ်ပြန်ချက်တွင် လူသတ်တရားခံကို မြန်မာများဟုဖော်ပြ၏။

ထို့နောက် အဆိုပါလူ သတ်မှုအတွက် သံသယတရားခံအင်္ဂလိပ်လူမျိုးတစ်ဦးကို သုဝဏ္ဏဘူမိ လေဆိပ် တွင် ဖမ်းဆီးနိုင်ခဲ့ကြောင်းဖော်ပြပြန်သည်။

ယင်းကာလ အတွင်း မြန်မာရွေ့ပြောင်းအလုပ်သမားများကို ရိုက်နှက်စစ်မေးသည့်သတင်းများပလူပျံလာ ပြန်ခဲ့၏။

၃။ ထို့နောက် ပြင်သစ်လူမျိုးတစ်ဦး၏ ဓာတ်ပုံအထောက်အထားအရ၊ ထိုင်းလူမျိုးကလပ်ပိုင်ရှင်နှင့် မန်နေဂျာတို့ကို သံသယတရားခံစာရင်းတွင်ဖော်ပြခဲ့ပြန်သည်။

ယင်းအမှုအပေါ် ဗြိတိန်အစိုးရ ၏ဖိအားပေးမှုပြင်းထန်လာခဲ့ခြင်း၊ ထိုင်းမာဖီးယားများကြီးစိုး ရာနေရာ ဖြစ်ခြင်း၊ နယ်မြေခံရဲတပ်ဖွဲ့ဟောင်းကိုဖယ်ရှားကာ အသစ်ပြန်လည် အစားထိုးစုံစမ်းစေခြင်း၊ ဒီအန်အေ စစ်ဆေးမှု ကြိမ်ဖန် များစွာပြုလုပ်ရခြင်းစသည့် တို့ကိုထောက်ရှု၍ အမှုသွားအမှုလာ ရှုပ်ထွေးပွေလီကြောင်း မြင်သာသည်။

၎။ များမြောင်လှသော သံသယစာရင်းဝင်သူတို့၏ ဒီအန်အေကို ထိုင်းရဲတပ်ဖွဲ့တာဝန်ရှိသူတို့ အတည် မပြုနိုင်ကြချေ။

နောက်ဆုံးတွင်ကား မြန်မာရွေ့ ပြောင်းအလုပ်သမားတစ်ဦးက သူကိုယ်တိုင်သတ်ပါသည်ဟု ဝန်ခံ ကြောင်း ထိုင်းသတင်းများ ကဖော်ပြလာသည်။

၅။ တရားစီရင်ရေးလောကတွင် “အပြစ်ရှိသူတရားခံတစ်ရာ လွတ်မြောက်သည်ထက် အပြစ်မရှိသူ တဦး
ပြစ်ဒဏ်ကျခံရသည်က ပို၍ ဆိုးဝါးသည်” ဟူသော ဆိုရိုးကို မြန်မာအစိုးရနှင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးတို့ သတိပြုစေချင်ပါသည်။

ထိထိရောက်ရောက်ဆက်သွယ်စစ် ဆေးရန်၊ ဝန်ခံထားသော မြန်မာအလုပ်သမားတရားခံကို သွား ရောက် တွေ့ဆုံရန်အ ပူတပြင်းလိုအပ်နေပြီဟုယူဆပါသည်။

၆။ ကျနော်မေးလိုသော မွေးခွန်းများရှိနေပါသည်။

ဤမျှ လျှို့ဝှက်ရှုပ်ထွေးနက်နဲလှသော ကမ္ဘာသိ လူသတ်မှု ကြီးကို အခြေခံပညာ နည်းပါးလှသော၊ အဘယ်သူကောင့်သား မြန်မာရွေ့ပြောင်း အလုပ် သမား ဥာဏ်ကြီးရှင်သည်၊ ဤကာလအထိ ကျွမ်း ကျင်လိမ္မာပါးနပ်စွာ ပုန်းရှောင်တိမ်းရှောင်နိုင်ခဲ့ပါသနည်း။

ထိုင်းမာဖီးယားနှင့်ထိုင်းရဲတို့ ၊မြန်မာအလုပ်သမားကို တရားခံအဖြစ် လူစားထိုးရန် ကြံစည် နေလေသလော။


မင်းဒင် ~

အဆိုပါ စာစုသည် စာရေးဆရာ မင်းဒင် ( မင်းဒင်ရဲ့ သက်ခိုင် ဟူသည့် စာအုပ်ဖြင့် လူသိများလာသူ) ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာတွင် ဖော်ပြထားချက်ကို ခွင့်ပြုချက်ရယူ၍ ပြန်လည် ကူးယူဖော်ပြခြင်းဖြစ်သည်။ 

http://blog.irrawaddy.org/2014/10/blog-post_78.html

No comments:

Post a Comment