မြန်မာ ဗွီဒွီယို ဇာတ်ကားတွေကို ဆင်ဆာ အဖွဲ့က ပြန်လည် စိစစ်ရတာက
မြန်မာ့ ရိုးရာ ယဉ်ကျေးမှု ဓလေ့နဲ့ မကိုက်ညီတဲ့ ဇာတ်ကားတွေ များလာတာကြောင့်
ထိန်းကြောင်း ပေးတဲ့ သဘောသာ ဖြစ်တဲ့ အကြောင်း ဆင်ဆာဘုတ် အဖွဲ့ဝင်တဦးက
ပြောဆိုလိုက်ပါတယ်။
မြန်မာ့ရုပ်ရှင်နဲ့ ဗွီဒီယိုဇာတ်ကားတွေကို လာမယ့် ဒီဇင်ဘာလ ၁ ရက်ကစပြီး
ဆင်ဆာအဖွဲ့ထံ တင်ပြပြီးမှ ထုတ်လုပ်ခွင့် ရရှိတော့မှာ ဖြစ်ပါတယ်။
ဆင်ဆာအဖွဲ့က အခုလိုပြန်လည် စိစစ်ရတာဟာ မြန်မာ့ရုပ်ရှင်လောကကို
ထိန်းချုပ်လိုတာကြောင့် မဟုတ်ဘဲ ဗွီဒီယိုဇာတ်ကားတွေမှာ
လိင်အသားပေးပြကွက်တွေ၊ သာသနာကို ညှိုးနွမ်းစေတဲ့ ပြကွက်တွေအပါအ၀င်
မြန်မာ့ရိုးရာဓလေ့နဲ့ မကိုက်ညီတဲ့ ဇာတ်ဝင်ခန်းတွေ များလာတာကြောင့်
ထိန်းကြောင်းပေးတဲ့သဘောသာ ဖြစ်တဲ့အကြောင်း ဇာတ်ကားအဆင့်အတန်း သတ်မှတ်စိစစ်
အကဲဖြတ်အဖွဲ့ရဲ့ အဖွဲ့ဝင် ရှုမ၀ဦးတင်ငြိမ်းက ပြောပါတယ်။
မြန်မာဗွီဒီယိုဇတ်ကားတွေမှာ လိင်အသားပေး အခန်းတွေ များလာလို့
ဆင်ဆာပြန်တင်ခိုင်းတာကို လက်ခံနိုင်ပေမယ့် ဇာတ်ကားတကားလုံးပြီးမှ
ဆင်ဆာဖြတ်မှာထက် ဇာတ်ညွှန်းကို အရင်တင်ပြီး ဖြုတ်တာမျိုးလုပ်ရင်
ပိုအဆင်ပြေနိုင်မယ်လို့ ဒါရိုက်တာ ဦးသော်ကိုကိုကျော်က ပြောပါတယ်။
ဆင်ဆာအဖွဲ့ရဲ့ ထိန်းချုပ်မှုကြောင့် အနုပညာဖန်တီးမှုစွမ်းအားကို
လျှော့ကျစေလို့ ဒါဟာ မြန်မာ့ရုပ်ရှင်လောကကို တိုးတက်သင့်သလောက်တိုးတက်မှု
မရှိဘူးလို့ ဝေဖန်မှုတွေကလည်း အရင်က ရှိခဲ့တာပါ။
ဒါပေမယ့် ဆင်ဆာဖွင့်ပေးပြီး ၃ နှစ်နီးပါးလောက်အထိ ရုပ်ရှင်လောကမှာ
ထူးခြားတဲ့ တိုးတက်မှုမျိုး မတွေ့ရပေမယ့် လိင်အသားပေး ပြကွက်တွေသာများလာပြီး
မြန်မာဗွီဒီယို ဈေးကွက်ကလည်း အောက်ဆုံးအဆင့်ကို ရောက်နေတယ်လို့
ဝင်းရုပ်ရှင်ထုတ်လုပ်ရေး ဦးနေဒွေးဇော်က ဒီဗွီဘီကို ပြောပါတယ်။
By သိုက်ဇင် (ဒီဗွီဘီ)
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, October 22, 2014
လိင်အသားပေးပြကွက် များလာမှုကြောင့် ထိန်းကျောင်းပေးခြင်းဖြစ်ဟုဆို
လိင်အသားပေးပြကွက် များလာမှုကြောင့် ထိန်းကျောင်းပေးခြင်းဖြစ်ဟုဆို
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
October 22, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
October 22, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment