Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, October 1, 2014

ဝါးခယ်မ သခင်သိန်းမောင် ကွယ်လွန်--


ဝါးခယ်မ သခင်သိန်းမောင်ဟာ အာရှတော်ဝင်ဆေးရုံမှာ စက်တင်ဘာလ ၂၇ ရက် နေ့က ကွယ်လွန်သွားပါတယ်။ ၀ါးခယ်မ သခင်သိန်းမောင်ကို တနင်္လာနေ့မှာ ရေဝေးသုဿ န် မှာ မီးသင်္ဂြိုလ်မှာ ဖြစ်ပါတယ်။

ဝါးခယ်မ သခင်သိန်းမောင်ကို ၁၉၁၉ ခုနှစ်မှာ ဝါးခယ်မမြို့မှာ မွေးဖွားခဲ့ပြီး၊ အထက်တန်းအထိ ပညာသင်ကြား ခဲ့ပါတယ်။

၁၉၃၈-၃၉ ခုနှစ်တွင် သခင်သန်းထွန်းနဲ့ ဆရာကွန်းတို့ ကျောင်းဆရာလုပ်သော ရန်ကုန်မြို့ ကန်တော်ကလေးရှိ ဗမာမွတ်ဆလင်ကျောင်းတွင် အထက်တန်းပညာဆက်လက်သင်ကြားခဲ့ပြီး ၁၃ဝဝ ပြည့်အရေး တော်ပုံတွင် ပါဝင်ခဲ့တယ်။

ဂျပန်ဆန့်ကျင်ရေး၊ ဂျပန်တော်လှန်ရေးကာလအတွင်း အရေးတော်ပုံမြေအောက်ဂျာနယ်ကို သခင်ဘဟိန်း၊ သခင်ဗိုလ်၊ ဦးကျော်ငြိမ်းတို့နှင့်အတူ လျှို့ဝှက်စွာ ထုတ်ဝေဖြန့်ချိခဲ့ပါတယ်။

၁၉၄၈ ခုနှစ်၊ ဗမာပြည်ကွန်မြူနစ်ပါတီကို မတရားသင်းကြေညာပြီးသည့်နောက်တွင် သာယာဝတီထောင် တွင် ဖမ်းဆီးထိန်းသိမ်းကာ ညှင်းပန်းနှိပ်စက်ခံခဲ့ရတယ်။

မက်စ်စာပေလေ့လာရေးအဖွဲ့ကို လေထီးဗိုလ်အုန်းမောင်၊ ဦးကျော်ရင်တို့နှင့် စုဖွဲ့ခဲ့ပါတယ်။ ဒါ့အပြင် ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဂူဗိမာန်ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီတွင် ပါဝင်ခဲ့ပြီး ၁၉၈၈ ခုနှစ် လူထုအရေးတော်ပုံကြီးအပြီးတွင် ဖွဲ့စည်းခဲ့သည့် ဝါရင့်နိုင်ငံရေးသမားကြီးများအဖွဲ့တွင် ဦးဆောင်ပါဝင်ခဲ့ပါတယ်။

သခင်သိန်းမောင်ဟာ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်ဂျပန်ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲများမှာ ပါဝင်ခဲ့သလို စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးတိုက်ပွဲ များတွင် နောက်ဆုံးကြိမ်ထိ စွမ်းစွမ်းတမံ ပါဝင်ခဲ့ပါတယ်။

မကွယ်လွန်မီအချိန်ထိ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်ရဲ့ နာယကနဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန် ထိန်းသိမ်းရေး ကော်မတီရဲ့ နာယက အဖြစ်လည်း နောက်ဆုံးချိန်ထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။



DVB

No comments:

Post a Comment