Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 16, 2014

ကလေးငယ်ရဲ့ နောက်ဆုံးမျာ်လင့်ချက် ဖြည့်ဆည်းပေးတဲ့ Up




သက္ကရာဇ် ၂၀၀၉ ခုနှစ်က Up အမည်ရ ရုပ်ရှင်ကို ရုံတင်နေတဲ့ ကာလ ဖြစ်ပါတယ်။ အသက် ၁၀ နှစ် အရွယ် ကင်ဆာရောဂါသည် ကလေးငယ်လေးရဲ့ သက်တမ်းမကုန်ခင် သူ့ရဲ့ နောက်ဆုံးမျော်လင့်ချက်က Up ဆိုတဲ့ ရုပ်ရှင်ကို ကြည့်ဖို့ပါပဲ။

ရုပ်ရှင်အမြည်းကို ကြည့်ဖူးထားပြီး ရုံတင်နေတဲ့အချိန်မှာလည်း သူမ ဟာ အင်မတန် ကြည့်ချင်ရှာ ပါတယ်။ ဒါပေမယ့် ကင်ဆာရောဂါသည် ဖြစ်တဲ့ Colby ဟာ ကုတင်ပေါ်မှာပဲ နေနိုင်ပါတယ်။ မျက်လုံးလည်း မဖွင့်နိုင်ပါဘူး။ အမေ ဖြစ်သူဟာ Disney နဲ့ Pixar ကို တောင်းဆိုခဲ့ပြီး သူတို့ဟာလည်း Colby လေး အတွက် သီးသန့် Private DVD ပို့ပေးခဲ့ပါတယ်။ မျက်လုံး မဖွင့်တဲ့ ကလေးမလေး အတွက် အမေဖြစ်သူက ဇာတ်လမ်းသွား အားလုံးကို ကြည့်ရင်းနဲ့ ရွတ်ပြ ပြောပြ ပေးပါတယ်။

Up အမည်ရ ရုပ်ရှင်ဟာလည်း ဘဝတစ်လျှောက်လက်တွဲလာပြီး ချစ်ဇနီးဆုံးရှုံးသွားတဲ့ အဖိုးကြီး တစ်ယောက် ကလေးငယ်လေး တစ်ယောက်နဲ့ ဘဝ ဖြတ်သန်းကို သွားတဲ့ ဇာတ်လမ်းသွားလေး ဖြစ်ပါတယ်။ လေပူပေါင်းများ ချိတ်ဆွဲလို့ အိမ်နဲ့ မိုးပေါ် ပြန်တဲ့ ယင်းရုပ်ရှင်ဟာလည်း တွေးစရာလေးတွေ ပေး ပါတယ်။ ရုပ်ရှင်ပြီး ၇ နာရီကြာမှာပဲ Colby ဟာ ကွယ်လွန်သွားပါတ်။ ကယ်လီဖိုးနီးယား မှာ နေထိုင်တဲ့ သူမလေးဟာလည်း အထက်သို့ ပြန်သန်းသွားပြီ ဖြစ်ကြောင်း မိခင်ဟာ ဝမ်းနည်းစွာပဲ တင်စား ပြောဆိုခဲ့ပါတယ်။
.
Ref: foxnews
အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment