Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 16, 2014

ဘောလုံးသတင်းတိုများ



ချဲလ်ဆီးမှာ အသင်းသမိုင်းတစ်လျှောက် စံချိန်တင် လစာငွေဖြင့် ကွင်းလယ်လူ ဟာဇတ်ကို (၂၀၁၉)ခုနှစ်အထိ စာချုပ်သစ် ချုပ်ဆိုဖွယ်ရှိနေသည်။

ဒူးဒဏ်ရာ သက်သာလာ၍ ပြီးခဲ့သည့် တနင်္ဂနွေနေ့က အသင်းနှင့်အတူ လေ့ကျင့်မှုများ ပြန်လည်ပြုလုပ်နိုင်ခဲ့သော်လည်း လီဗာပူး နောက်ခံလူ စကာတယ်မှာ လူဒိုဂိုရက်စ်နှင့် ကစားရမည့် ချန်ပီယံလိဂ်ပွဲစဉ်ကို လွဲချော်မည်ဖြစ်သည်။

လက်ရှိခြေစွမ်းထက် ပိုကောင်းမှသာ မန်စီးတီးကို အနိုင်ရလိမ့်မည်ဖြစ်ကြောင်း ဘိုင်ယန်မြူးနစ် အသင်းခေါင်းဆောင် ဖိလစ်လမ်းက ပြောသည်။

ကမ္ဘာ့ကျော် ကစားသမားများ၏ အကောင်းဆုံး ခြေစွမ်းကို ထုတ်ယူနိုင်ခြင်းမရှိပါက အန်စလော့တီအနေဖြင့် ရီးရဲလ်မှ ထုတ်ပယ်ခံရနိုင်သည်ဟု စပိန်တိုက်စစ်မှူးဟောင်း ဆန်တီလာနာက ဝေဖန်ခဲ့သည်။

ဂျူ ဗင်တပ်ကွင်းလယ်လူ ပီယာလိုနှင့် ဗီဒယ်တို့မှာ ဆွီဒင်ကလပ် မယ်လ်မိုနှင့် ကစားရမည့် ချန်ပီယံလိဂ်ပွဲစဉ်ကို လွဲချောမည်ဖြစ်သည်။

မန်ယူကွင်းလယ်လူ ဟာရဲရားက ဒီမာရီယာမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ဦးဖြစ်ကြောင်း ချီးကျူးလိုက်သည်။

အင်္ဂလန်အသင်းတွင် တိုက်စစ်အားပြုသည့် ကွင်းလယ်လူအဖြစ် ကစားခွင့်ရပါက ခြေစွမ်းပြနိုင်မည်ဟု ယုံကြည်ကြောင်း အာဆင်နယ် ကွင်းလယ်လူ ၀ီလ်ရှီးယားက ပြောသည်။

ဘရာဇီးဘောလုံးအဖွဲ့ချုပ်က ဖီဖာအဖွဲ့ဝင်(၂၆)ဦးကို ယူရို (၂၀၀၀၀)တန်ကြေးရှိသည့် နာရီများ လက်ဆောင်ပေးမှုနှင့် ပတ်သက်၍ ဖီဖာစည်းကမ်း ထိန်းသိမ်းရေးကော်မတီက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။

ဒေါ့မွန်ကွင်းလယ်လူ ဂရော့ခရက်ဇ်က ကာဂါဝါမှာ နည်းစနစ်ပိုင်း ကောင်းမွန်လွန်းသည့် ကစားသမားတစ်ဦးဖြစ်ကြောင်း ချီးကျူးခဲ့သည်။

အက်သလက်တီကိုနည်းပြ ဆီမြွန်နီက အိုလံပီယာကို့စ်နှင့် ကစားရမည့် ချန်ပီယံလိဂ် အဝေးကွင်း ပွဲစဉ်မှာ ၎င်းတို့အတွက် အုပ်စုအဆင့်တွင် အခက်ခဲဆုံး စမ်းသပ်မှုတစ်ရပ် ဖြစ်ကြောင်း ပြောသည်။

Nz(ရိုးရာလေး)
www.yoyarlay.com

 

No comments:

Post a Comment