Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, September 29, 2014

ကားတော့ကား ဒါပေမယ့် စင်းလုံးငှါး Rent-A-Car -ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )

" ကားတော့ကား ဒါပေမယ့် စင်းလုံးငှါး Rent-A-Car "
၁။
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
ရဲမင်း ။ ။ ရဲသွေးရေ.. ဒီတစ်ပတ်ရုံးပိတ်ရက်ရှည်မှာ ဘယ်ကို အပန်းဖြေခရီးသွားမယ် စိတ်ကူးထားလဲ?
.
ရဲသွေး ။ ။ ငါက အိမ်ရှင်းရဦးမယ်ကွ။ အဝတ်တွေလည်းလျှော်ရဦးမယ်။ ကားတွေလည်း ညစ်ပတ်နေတာပဲ။ လုပ်စရာကများနေတယ်။ ဘယ်မှ မသွားနိုင်ဘူးထင်ပါတယ်။
.
.
ရဲမင်း ။ ။ ငါက ညအိပ်ညနေ ခပ်ဝေးဝေး တစ်နေရာကို သွားမလားလို့၊ L.A ဖြစ်ဖြစ် San Diego ဖြစ်ဖြစ်ပေါ့။ ငါ့ကားက ဖင်္ရီးဝေးမှာ ခရီးဝေးမောင်းလို့ စိတ်မချရဘူး။
.
ရဲသွေး ။ ။ အေး သွားတာကောင်းပါတယ်။ မင်းမှာ ကားအသစ်စက်စက် တစ်စီးရှိသေးတယ် မဟုတ်လား ... အဲဒါ မောင်းသွားပေါ့၊ မိသားစုက ဘယ်နှစ်ယောက် သွားမှာတုန်း။
.
.
ရဲမင်း ။ ။ ရှိတယ်၊ ကားက ဝယ်ထားတာမကြာသေးလို့ အသစ်နဲ့တော့မသွားချင်ဘူး။ အဟောင်းကျတော့လည်း စိတ်မချဘူး။ အားလုံး ( ၆ ) ယောက်သွားမှာ။ အဲဒါ မင်းလိုက်ငှားပေးပါလား?
.
ရဲသွေး ။ ။ မင်းက အခုမှ လာပြီးကြီးကျယ်နေတယ်။ မြန်မာနိုင်ငံမှာတုန်းကရော ဘာကားစီးပြီး ကြီးလာလို့လဲ။ အသစ်ပဲဖြစ်ဖြစ်၊ Used ကားပဲဖြစ်ဖြစ် ကားက ကားပါပဲကွာ။ မင်းတို့က ( ၆ ) ယောက်ဆိုတော့ ဆလွန်း - Sedan ကား နဲ့ မဆန့်ဘူး။ မင်းဝယ်ထားတဲ့ ကား ( ၂ ) စီးလုံးလည်း ဆလွန်း ဖြစ်နေပြန်။ အဲဒါ ဘယ်လိုလုပ်ကြမလဲ .. ခက်တော့ ခက်နေပြီ။
.
.
ရဲမင်း ။ ။ မထူးပါဘူး။ ကားသစ်နဲ့ပဲ သွားမယ်လေ။ လမ်းမှာ ပျက်စရာမရှိတော့ စိတ်ချရတာပေါ့။ လူ ( ၆ ) ယောက်ဖြစ်နေလဲ ဘာအရေးလဲ၊ နောက်ခုံမှာ 3 Seaters ဖြစ်နေပေမယ့် ( ၄ ) ယောက်စီးခိုင်းလိုက်မယ်။ တစ်ယောက်က ထပ်ထိုင်လိုက်ရင်ပြီးတာပဲ။
.
ရဲသွေး ။ ။ အဲဒါပြောတာပေါ့၊ နိုင်ငံကြီးသားမပီသတဲ့စိတ်ဓါတ်ဆိုတာ။ ငါက အမေရိကားကို အထင်ကြီးတဲ့လူတစ်ယောက်မဟုတ်ဘူးဆိုတာ မင်းသိတယ်နော်။ မြန်မာနိုင်ငံမှာ စီးခဲ့သလို ဒီမှာ လိုက်လုပ်လို့မရဘူး၊ သူ့စည်းကမ်းနဲ့သူရှိတယ်။ ရဲ မတွေ့ရင်ပြီးရော ဆိုပြီး လုပ်တဲ့လူတွေကြောင့် လမ်းပေါ်မှာ မိသားစုနဲ့ခွဲခွာသွားရသူတွေ၊ ဆွေမျိုးတွေနဲ့ ခွဲခွာသွားရတဲ့ မိသားစုတွေ ဘယ်လောက်တောင်များတယ်ဆိုတာ မသိနိုင်ဘူး။ မစွန့်စားစမ်းပါနဲ့။ Don't take risk, friend.
.
.
ရဲမင်း ။ ။ အဲဒီလို မသွားရဘူးဆိုတော့ ငါက ဘယ်လိုလုပ်ရမှာလဲ?
.
ရဲသွေး ။ ။ ဒီလိုအခက်အခဲတွေကို ဖြေရှင်းဖို့ နည်းလမ်းရှိတယ်။ အမေရိကားမှာ ( ၁၉ဝ၄ ) ခုနှစ်ကစခဲ့တဲ့ လုပ်ငန်းတစ်ခုရှီတယ်။ အဲဒီအစီအစဉ်နဲ့ဆို မင်းမယူသွားချင်တဲ့ကားလည်း ယူသွားစရာမလိုဘူး။ ကားထဲမှာ မဆန့်မပြဲ လူတင်သွားစရာမလိုဘူး။ မင်းလို ကားသစ်ဝယ်ထားတာ မကြာသေးသူတွေအတွက်လည်း အဆင်ပြေတယ်။ ရှောင်တစ်ခင် ဝင်ရောက်လာတဲ့ ပြည်တွင်းခရီးသွားတွေအတွက်လည်း လွယ်ကူချောမွေ့စေတယ်။ အဲဒါကတော့ Rental Car Service လို့ ခေါ်တဲ့ အငှားကားလုပ်ငန်းပဲ။
.
.
ရဲမင်း ။ ။ သူတို့က ကားကိုဘယ်လိုငှားပေးတာလဲ။ ခေါင်မိုးမှာ မီးဝါလေးပါတဲ့ Taxi ကား လား။ ငါက အဝေးသွားမှာနော်၊ လိုက်ပါ့မလား။ မင်းသိတဲ့အတိုင်း ငါတို့အုပ်စုက လူများတယ်နော်။ နဂို ကမှ ( ၆ ) ယောက်မဆန့်ရတဲ့အထဲ ဒရိုင်ဘာထပ်တိုးလာရင် ( ၇ ) ယောက်ဖြစ်နေပြီ။
.
ရဲသွေး ။ ။ အမေရိကားမှာ ကားငှားရင် မင်းကို ဘယ်သူမှလိုက်မောင်းမပို့ဘူး၊ မင်းကိုယ်မင်း မောင်းရမှာ။ ဒရိုင်ဘာလိုချင်ရင်တောင် အကြာကြီး ကြိုမှာရတယ်။ ဈေးကလည်း ကြီးသနဲ့။ သူများလိုက်မောင်းပို့ခိုင်းမှတော့ သက်တောင့်သက်သာ အမြန် - Express နဲ့ လက်မှတ်ဝယ်ပြီးသွားမှာပေါ့။
.
.
ရဲမင်း ။ ။ မသိပါဘူး၊ မင်းက အငှားကား လို့ပဲ ပြောတာကိုး။ စင်းလုံးငှား ဆိုမှ ငါသိမှာပေါ့။ ဒါမျိုးက မြန်မာနိုင်ငံမှာ ရှိမှမရှိတာ။ ဒါဆိုလဲ မင်းလိုက်ငှားပေးလေ၊ ငါမှ မလုပ်တတ်လို့။
.
ရဲသွေး ။ ။ နည်းလမ်းတော့ ပြောပြမယ် .. ကိုယ့်ဖာသာကိုယ်လုပ်ရမှာ မောင်ရင်။ မင်းထင်သလို ဘယ်သူမှ မအားဘူး။ ကဲပါ .. နားထောင်။ အစတုန်းကတော့ လုပ်ငန်းသေးသေးလေးပေါ့။ နောက်ပိုင်းမှာ ငွေရှင် ကြေးရှင်တွေပါလာပြီး ကုမ္ပဏီကြီးတွေဖြစ်လာတယ်။ ကားတွေကလည်း အမျိုးစုံပဲ။ တိုယိုတာလား၊ ဟွန်ဒါလား။ ခပ်တောင့်တောင့်စီးချင်လို့ အမေရိကန်ကား စီးချင်ရင် ရသေးတယ်။ ငွေသာပေးလို့ကတော့ ပြိုင်ကားလိုချင်သလား ရတယ်။ ဒီနေရာမှာ ကားအတန်းအစားတွေကို ပြောပြမယ်။
.
Economy ( Car ) - ဆီစားသက်သာတဲ့ကား ။
.
Compact - ဆိုဒ်အနည်းငယ်သေးတဲ့ကား - ဥပမာ - ရန်ကုန်ရောက် Honda Fit
.
Mid-Size - ဆိုဒ်အလတ် - ဥပမာ - တိုယိုတာ ကိုရိုလာ
.
Standard, Full-Size, Premium - ပုံမှန်ဆိုဒ်ကား - ဥပမာ - နီဆန်း၊ ကင်မရီ
.
Luxury - ဆီစားတဲ့ သူဋ္ဌေးစီးဇိမ်ခံကား
.
SUV - Sport Utility Vehicle - ပါဂျဲရိုးဆိုဒ် - ဥပမာ - တိုယိုတာ RAV 4
.
Mini Van - ပေါင်မုန့်ကား - ဥပမာ - တိုယိုတာ Sienna
.
.
ဆိုပြီး ကားအစုံရှိတယ်။ ကားသေးလေ ငှားခ သက်သာလေပဲလေ။ မင်းတို့အုပ်စုဆိုရင် မီနီဗင် ကား ယူမှရမယ်။ သူက ( ၅ ) ယောက်ထက်ပိုစီးလို့ရတယ်။ ကဲ ယေဘုယျ မင်းကားအသစ်စက်စက်လိုမျိုးငှါးရင် ဘယ်လောက်ပေးရမလဲဆိုတာ ရှာပြမယ် .. ပေး .. ကွန်ပျူတာ..။
.
၂ ဆက်ပါမည်။
.
ဓါတ်ပုံ - အင်တာနက်
" ကားတော့ကား ဒါပေမယ့် စင်းလုံးငှါး Rent-A-Car " ၂။ ( အပြီးသတ် )
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
ရဲမင်း ။ ။ ကားငှားခက ဈေးကြီးလား။ တွက်ခြေမကိုက်ရင် လူတစ်ယောက်လျှော့ပြီး ကိုယ့်ကားနဲ့ကိုယ်ပဲ သွားမှထင်တယ်။
.
ရဲသွေး ။ ။ ဒါကတော့ မင်းကိုယ်မင်း ချင့်ချိန်လေ။ အားလုံးသွားပြီး တစ်ယောက်က ကျန်နေခဲ့ရမယ်ဆိုတော့ မင်းဟာက မဟုတ်သေးပါဘူး။ အခု ဆန်ဖရန် ကနေ L.A ကို ( ၃၈၂ ) မိုင်ပဲထား၊ တောင်ကြီး ကနေ ရန်ကုန်လောက်ရှိမှာပေါ့။ ဒီမြို့ကို မိုင်ဘယ်လောက်ဝေးတယ် ဘယ်လောက်ပေးပါဆိုပြီး မိုင်တွက်ငှားရတာ မဟုတ်ဘူး။ ရက်နဲ့ တွက်ပြီးငှားတာ။ မင်းကိုယ်မင်း ဘယ်လောက်မောင်းမောင်း မိုင်က အရေးမကြီးဘူး - Unlimited လေ။
.
ကိုယ့်ဆီ နဲ့ ကိုယ် မောင်းရတာတော့သိတယ်မဟုတ်လား။ ဈေးနှုန်းက ရက်နည်းနည်းငှားရင် ဈေးပိုကြီးတယ်။ ဥပမာ - ( ၁ ) ရက်ငှားနဲ့ ( ၂ ) ရက်ငှားဆို ဈေးကြီးတယ်။ ( ၃၅ ) ဒေါ်လာကနေ ( ၅၅ ) ဒေါ်လာအထိ ဈေးရှိတယ်။ ကားအမျိုးမျိုး ဈေးအစားစားပေါ့ကွာ။
.
ဒါပေမယ့် ဒီခရီးကိုပဲ အနည်းဆုံး ( ၄ ) ရက်ကနေ ( ၇ ) ရက်ငှားမယ်ဆိုရင် တစ်ပတ်စာ ပုံမှန်ဈေးနဲ့တွက်ထားသလို ( ၂၄၅ ) ဒေါ်လာမဟုတ်တော့ပဲ ( ၁၇၂ ) ဒေါ်လာလောက်ပဲ ဖြစ်သွားတယ်။
.
ဒါကိုမှ နာမည်သိပ်မရတဲ့ ကားကုမ္ပဏီနဲ့တွေ့ရင် ( ၇ ) ရက်ငှားကို ဒေါ်လာ ( ၁၂ဝ ) လောက်နဲ့ရတယ်။ ပြန်စားကြည့်လိုက်တော့ တစ်ရက်ကို ဒေါ်လာ ( ၂ဝ ) တောင် မကျဘူး။
.
.
ရဲမင်း ။ ။ ငါက ဒီလောက်သက်သာမယ် မထင်ထားဘူး။ ဒါဆို ငါက ဒေါ်လာ ( ၁၂ဝ ) ပေးလိုက်ရင် ကားသွားယူလို့ရပြီပေါ့ ဟုတ်လား?
.
ရဲသွေး ။ ။ နေဦးလေ .. မပြီးသေးဘူး။ ကလေးထိုင်ခုံတွေ ငှားလို့ရသေးတယ်။ နှင်းလျှောစီး စကိတ်ဘုတ်တင်တာမျိုးနဲ့ ခပ်ဆင်ဆင် ပစ္စည်းတင်တဲ့ Ski Rack လိုမျိုး တတ်ခိုင်းလည်းရတယ်။ သွားမယ့်နေရာမသိလို့ လမ်းပြမြေပုံ - Navigation System လည်းထည့်လို့ရတယ်။
.
ကားမောင်းရင် မဖြစ်မနေ ရှိရမယ့် ကားအာမခံက တစ်ရက်ကို ( ၁၁ ) ဒေါ်လာ။ ထိုင်ခုံ တို့ Navigator တို့ က မင်းမှာ ရှိချင်ရှိမှာပေါ့၊ ယူဖို့မလိုပါဘူး။ အာမခံတော့ ထည့်စဉ်းစားရမယ်။ ကားငှားတာက သိပ်မမြတ်ဘူးကွ။ အဲဒီလို အပိုဝန်ဆောင်မှုတွေက သူတို့ သေချာမြတ်တာ။
.
.
ရဲမင်း ။ ။ ငါ့မှာ ကိုယ်ပိုင် Insurance ရှိတယ်လေ။
.
ရဲသွေး ။ ။ အဲဒါ သုံးလည်းရတယ်။ တစ်ချို့ကျတော့ ဇာတ်လမ်းရှင်းရှင်း မောင်းချင်တယ်။ ပျော်ပွဲစား ခရီးသွားတာပဲ၊ စိတ်လွတ်ကိုယ်လွတ်ပေါ့။ စိတ်တမမ နဲ့ ဘယ်သူမှ ကားမမောင်းချင်ဘူးလေ။ မပြောကောင်း မဆိုကောင်း အခု ဒီ ( ၁၁ ) ဒေါ်လာက ဘယ်သူပဲမှားမှား၊ ဘယ်လောက်ပဲမှားမှား - လူသာ မသေစေနဲ့၊ ရာဇဝတ်မှုမဖြစ်နဲ့ မော်တော်ယာဉ်အာမခံနဲ့ဆိုင်တာ သူတို့ဆက်ရှင်းမယ်။
.
တစ်ကယ် အကြီးအကျယ်ဖြစ်တဲ့အခါ ဥပမာ - အိမ်တွေ၊ ဆိုင်တွေ ကို ဝင်တိုက်မိခဲ့ရင် မင်းအာမခံ က လျော်လို့မလောက်တဲ့အခါ တရားလိုက ဒီအတိုင်းနေမှာ မဟုတ်ဘူး။ မင်းပိုင်ဆိုင်တဲ့ အိမ်၊ ခြံ၊ မြေ - Property တွေ ရောင်းပြီး ပြည့်အောင်လျော်ရမှာ။ ဒါကြောင့်ပြောတာပေါ့ .. မဖြစ်ရင်ကောင်းတယ် .. လို့။
.
.
ရဲမင်း ။ ။ မင်းကလည်း ပြောလိုက်ပြီင်္ဆို ဒီအတိုင်းချည်းပဲ၊ အတုံးလိုက် အခဲလိုက် ကြောက်စရာကြီး။ ကားပဲ ငှားသွားပါတော့မယ်၊ ကားအသစ်လည်း မနာအောင်ပေါ့။ ပြောပါဦး တစ်ခြားဘာတွေလိုသေးလဲ?
.
ရဲသွေး ။ ။ ဒီလိုပဲ လုပ်သင့်ပါတယ်။ မောင်းမည့် ယာဉ်မောင်းရဲ့ အချက်အလက်တွေ ပေးရမယ်။ လိုင်စင်နံပတ် ပေးရမယ်။ သက်တမ်းတော့ မလွန်စေနဲ့ပေါ့ကွာ။ ပြီးတော့ ဆက်သွယ်ရန်လူပုဂ္ဂိုလ်ရဲ့ နာမည်၊ လိပ်စာ၊ ဖုန်းနံပါတ် နဲ့ အီးမေးလ် လိပ်စာတွေလိုသေးတယ်။ ခရီးသွားဟန်လွှဲတွေအတွက် လေယာဉ်ခရီးစဉ်မလွဲအောင် လေကြောင်းလိုင်း အချက်အလက်တွေ ပေးထားလို့လည်းရတယ်။
.
.
ရဲမင်း ။ ။ ဓါတ်ဆီ ဘယ်လောက်သုံးတယ်ဆိုတာကျတော့ ဘယ်လိုတွက်မှာလဲ?
.
ရဲသွေး ။ ။ ကားယူကတည်းက တိုင်ကီအပြည့်လေ။ ပြန်အပ်တဲ့အခါ အနီးဆုံး ဓါတ်ဆီဆိုင်မှာ အပြည့်ပြန်ထည့်ပေးလိုက်ရုံပဲ လွယ်ပါတယ်။ အရေးကြီးလို့ ဆီမဖြည့်နိုင်လည်း ကျန်သလောက်နဲ့ အပ်ရင်လည်းရတယ်။ ဒါမျိုးကျတော့ ဆီ ဘယ်လောက်ပြန်ဖြည့်တယ်ဆိုတာ စောင့်ပြီး ငွေရှင်းရဦးမယ် .. ကြာတာပေါ့။
.
.
ရဲမင်း ။ ။ ကားသွားယူတဲ့အခါ ဟိုရောက်မှ ငါက စိတ်ပြောင်းပြီး ကားအမျိုးအစားပြောင်းချင်ရင် ဘယ်လိုလုပ်ရမလဲ?
.
ရဲသွေး ။ ။ ရတယ်လေ။ ဈေးကြီးတဲ့ကားဆိုရင် ခြားနားခြင်းငွေ ပေးလိုက်ရင် ရပါတယ်။ ဒါတွေအားလုံးက အွန်လိုင်းပေါ်မှာ လုပ်ရတာ။ ကိုယ်လိုချင်တဲ့ကားဆို တစ်ခါတည်း အပိုင်ရွေးလိုက်တာ ကောင်းတယ်။ ဟိုရောက်မှပြောင်းရင် ဈေးပိုပေးရမယ်။ ကားသွားယူရင် ကြိုမှာထားတဲ့လူရဲ့ လိုင်စင်ယူသွားဖို့ မမေ့နဲ့ဦး။ ပြီးတော့ ဘဏ်ကဒ် အချက်အလက်တွေ ပေးရမယ်။ ငွေလက်ငင်းပေးရုံနဲ့ ပြီးသွားတာမဟုတ်ဘူး။ ဒါမှ သူတို့က လိုအပ်ရင် မင်းနားက ငွေနှုတ်ယူလို့ရမှာပေါ့။ မင်းတို့အုပ်စုအတွက် ဗင်က ဒီထက်ပိုပေးရမယ်နော် .. မှတ်ထားဦး။
.
koko2yeye@gmail.com

No comments:

Post a Comment