Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, September 24, 2014

ဗြိတိန် Nisa ကုမ္ပဏီစီအီးအိုဖြစ်ဖို့ ရေပန်းစားနေသူ အသက် ၁၈ နှစ် လူငယ်



Nisa Retail Limited ဆိုတာ ဗြိတိနိုင်ငံက ကုန်စုံ စတိုးဆိုင်နဲ့ စူပါ မားကတ် ပေါင်း ၄၀၀၀ ကျော်နဲ့ ဖွဲ့စည်းထားတဲ့ ကော်ပိုရေးရှင်း စီးပွားရေး လုပ်ငန်း အဖွဲ့အစည်း တစ်ခု ဖြစ်ပါတယ်။ ယင်းထဲမှာ အသက်အငယ်ဆုံး Leading board member ကတော့ Harris Aslam ဖြစ်ပြီး လွန်ခဲ့တဲ့ ၃ နှစ်ကျော် ကတည်းက ဝင်ရောက်ခွင့် ရရှိခဲ့သူ ဖြစ်ပါတယ်။ 

Nisa Retail ဟာ ကိုယ်ပိုင် စတိုးဆိုင်ဖွင့်သူများက အဖွဲ့တစ်ခု ဖြစ်အောင် ဖန်တီးပြီး ကုန်သွယ်မှုကို အကြီးစား ပြုလုပ်တဲ့ လုပ်ငန်းဖြစ်ပါတယ်။ လက်ရှိ ဗြိတိန်၊ အိုင်ယာလန် တို့မှာ အကြီးဆုံး retail business group ဖြစ်ပြီး အခြား နိုင်ငံများသို့ ချဲ့ဖို့ အစီအစဉ် ရှိထားတဲ့ လုပ်ငန်း ဖြစ်ပါတယ်။ ယင်းထဲမှာ Harris ရဲ့ မိသားစုဟာ စတိုးဆိုင် ၃ ဆိုင် ပါဝင်ပါတယ်။ မိဘများ လုပ်ကိုင်နေခြင်း မဟုတ်ပဲ Harris နဲ့ သူ့ အစ်ကို တစ်ယောက်နဲ့ အတူ ဦးဆောင်လုပ်ကိုင်နေခြင်း ဖြစ်ပါတယ်။ အသက် ၁၃ နှစ်သား အရွယ်မှာကတည်းက ကျောင်းထွက်ခဲ့သူ ဖြစ်ပါတယ်။

ကျောင်းထွက်ပြီး အလုပ်ကြိုးစားလုပ်ကိုင်ရာ Board member လူနည်းစု စာရင်းထဲထိ ပါဝင်နိုင်ခဲ့ ပါတယ်။ လက်ရှိ CEO ဟာ အနားယူတော့မှာ ဖြစ်ပြီး board အဖွဲ့ထဲက ခေါင်းဆောင်အဖြစ် အရွေးခံစာရင်းထဲကို ပါဝင်လာခဲ့ ပါတယ်။ စီးပွားရေး လုပ်ငန်းမှာ ငါးနှစ်ကျော် လုပ်ကိုင်လာပြီး တစ်ဖက်ကလည်း ပညာရေး အတွက် ပြန်လည် ကြိုးပမ်းနေပါတယ်။ ဥပဒေ ပညာရပ်ကို တက္ကသိုလ် တစ်ခုမှာ တက်ဖို့ စီစဉ်လျက် ရှိပြီး Nisa မှာလည်း CEO ဖြစ်လာနိုင်သူ Harris Aslam ဟာ ဗြိတိန် မီဒီယာတွေကြားထဲ လူသိများလာ ပါတယ်။
.
Ref: dailymail
အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment