CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, September 24, 2014
ထူးဆန်းအံ့သြဖွယ်ရာများနှင့် ဗီယက်နမ်နိုင်ငံမှ Surprise လှိုဏ်ဂူ
၎င်းလှိုဏ်ဂူကြီးသည် ဗီယက်နမ်နိုင်ငံ ဟလောင်း ပင်လယ်အော်ရှိ ဘိုဟွန်ကျွန်းတွင် တည်ရှိပါတယ်။ လှိုဏ်ဂူကြီးဟာ ထူးဆန်း အံ့သြဖွယ်ရာများနှင် ပြည့်နက်နေပြီး သွားရောက်လေ့လာ သင့်သော နေရာတစ်ခု ဖြစ်ပါတယ်။
လှိုဏ်ဂူ အတွင်းထဲတွင် ကျောက်စက်ကျရေများ တစ်စက်စက် ကျဆင်းနေပြီး
ကျောက်ကျိုး ကျောက်ဆွယ်များနှင့် ပြည့်နှက်နေ ပါတယ်။ ဒါ့အပြင် လှိုဏ်ဂူ အတွင်းတွင် ကြီးမားသော လိပ်ပုံသဏ္ဍန် ကျောက်ဆောင်များလည်း ရှိပါတယ်။ လှိုဏ်ဂူထဲသို့ ရောက်ရှိသွားပါက အေးမြသော ဓာတ်သဘာဝကို ခံစားရပြီး သွားလာရ လွယ်ကူအောင် မီးအလင်းရောင်တွေ ပေးထားပါတယ်။
ဒါ့အပြင် သဘာဝအလျောက် ဖြစ်တည်နေသော ကျောက်ဖြစ်ရုပ်ကြွင်းများနှင့် တစ်ခြားသော ကျောက်ဆောင်များကိုလည်း ထိုလှိုဏ်ဂူကြီးတွင် လေ့လာနိုင် ပါတယ်။ ဒါ့တင်မကသေးပါဘူး ထိုလှိုဏ်ဂူ အဝမှနေ၍ ပင်လယ်ပြင်ကြီး၏ အလှအပနှင့် တစ်ခြားသော ကျွန်းဆွယ်များ၏ ကြည်နှုးဖွယ် ရာတွေကို တွေ့မြင်ရမှာ မလွဲပါဘူး။
သတင်းနှင့်ဓာတ်ပုံ - ကျော်လင်းနိုင် (ရိုးရာလေး)
ထူးဆန်းအံ့သြဖွယ်ရာများနှင့် ဗီယက်နမ်နိုင်ငံမှ Surprise လှိုဏ်ဂူ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
September 24, 2014
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment