Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, September 28, 2014

Miss Myanmar World 2014 တွင် အိမ်မက်ဆုံရာမှ ဝိုင်းလေး ရွေးချယ်ခံရခြင်းကို ပရိသတ်များ စိတ်ဝင်စား လျက်ရှိ

ရန်ကုန်၊ စက်တင်ဘာ ၂၈။ စက်တင်ဘာ၂၇ ရက်တွင်ကျင်းပ ခဲ့သည့် Miss Myanmar World2014 ပြိုင်ပွဲကို The Strand Hotel ၌ ကျင်းပခဲ့ရာ ယင်းပြိုင်ပွဲ တွင် အိပ်မက်ဆုံရာ Season � 4 မှ ၀ိုင်းလေးသည် သိန်းနှစ်ရာတန် သရဖူနှင့် အတူ Winner ဆုကို ရွေးချယ်ခြင်း ခံရခြင်းကြောင့် ယင်းပွဲကိုကြည့်ရှု ကြသည့် ရုပ်မြင်သံကြား ပရိသတ်များ၊ ပွဲတွင်း၌ သွားရောက် ကြည့်ရှုခဲ့ ကြသည့် ပရိသတ်များ၏ ဝေဖန်ချက်များ အမျိုးမျိုး ထွက်ပေါ်ခဲ့ သောကြာင့် လူအများ စိတ်ဝင်တ စား ရှိခဲ့ကြသည်။

�၀ိုင်းလေးက သူတို့ အိပ်မက်ဆုံရာက စင်တင်ပေးတဲ့ သူလေ။ ပြိုင်ပွဲဝင်တွေ အများကြီး ရှိတဲ့ အထဲက အခုလို သူ့ကို ပေးလိုက်တာက မတရားဘူးလို့ ထင်ပါတယ်။ သူတို့တွေရဲ့ အမှတ်ပေး စည်းမျဉ်းစည်းကမ်းတွေ ကိုတော့ ကိုယ်တွေက မသိဘူး ပေါ့လေ။ ဒီလိုမျိုး ပေးလိုက်တာ ကတော့ သူတို့အပေါ် ပရိသတ်တွေက အမြင်စောင်းသွား စေမယ် ထင်ပါတယ်။ အခုလို သူတို့တွေက အချိန်ကန့်သတ်ပြီး ၀င်ခိုင်းတာ ဆိုတော့ မီဒီယာတွေ အနေနဲ့ ဓာတ်ပုံတွေ သိပ်မရကြ ပါဘူး။ ပုံတွေ အွန်လိုင်းမှာ တက်လာတာ သိပ်မတွေ့ရဘူး။ ရိုက်ဖို့တစ်နေရာတည်း စုသလို ဖြစ်သွားတော့ ပုံကောင်းတွေ မရကြဘူး။ တချိုဂျာနယ်၊ သတင်းစာတိုက် တွေကတော့ ဒီလိုဖြစ်မယ်ဆိုတာ သိလို့ သတင်းသွား မယူကြ ပါဘူး�ဟု ဓာတ်ပုံ သတင်းထောက်တစ်ဦးနှင့် သတင်းသွားယူ ခဲ့သည့် သတင်းထောက် တစ်ဦးက ပြောသည်။

ယင်းပြိုင်ပွဲကို နိုင်ငံတကာ၌ ကျင်းပနေသည့် ပြိုင်ပွဲများ နည်းတူ ပြုလုပ်ခြင်းကြောင့် သတင်းသွား ရောက်ယူကြမည့် မီဒီယာများကို ည ၉နာရီခွဲ မှသာ ပွဲကျင်းပသည့် ဧရိယာဝန်း အတွင်းသို့ ၀င်ရောက်ခွင့် ပြုခဲ့ခြင်းကြောင့် ဓာတ်ပုံ သတင်းသမား များနှင့် သတင်းရယူမည့် မီဒီယာများမှာ များစွာအဆင်မပြေ မှုများ ရှိခဲ့သည်ဟု မီဒီယာများက ပြောဆိုလျက် ရှိသည်။

ဝိုင်းလေးကို ချီးမြှင့်ခဲ့သည့် ဆုနှင့် ပတ်သက်ပြီး ပရိသတ်များ ထံမှ ဝေဖန်ချက် အမျိုးမျိုး ထွက်ပေါ်လာသည့် အတွက် ယင်းပွဲ ဖြစ်မြောက်ရေး ကိုတာဝန်ယူ ထားသည့် Forever BEC-Tero မှ Country Manager ကိုစိုးသူရကို မဇ္ဈိမမှ မေးမြန်းခဲ့ရာ �ဒါက မင်းသမီး ရွေးတာ မဟုတ်ပါဘူး။ နိုင်ငံကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်ရမယ့် အလှမယ်ရွေး တာပါ။ အလှမယ် ရွေးတာ ဖြစ်တဲ့အတွက် အမြင်ကတော့ တူနိုင်မှာ မဟုတ်ဘူးလေ။ စခန်းသွင်းနေတဲ့ အချိန်မှာရော၊ ပြိုင်ပွဲ ယှဉ်ပြိုင်နေစဉ်ရော တောက်လျှောက်ကို အကဲဖြတ်ပြီး အမှတ်ပေးတဲ့ စနစ်နဲ့ သွားတာ ဆိုတော့လေ။ သူတို့ရဲ့ အပြောအဆို အနေအထိုင် ကအစ အားလုံးကို ကြည့်ပြီး အမှတ်ပေး၊ နောက်ဆုံး အဆင့်မှာ အဲဒီအမှတ် တွေကို အားလုံးပေါင်းပြီးတော့ ဆုပေးခဲ့ တာပါ� ဟု ၎င်းက ပြောသည်။

�တချို့ရုပ်တွေက တော်တော် မဆိုးဘူး။ ဒါပေမယ့် ဒီပွဲတစ်ပွဲလုံးမှာ သေသေချာချာ ရွေးခဲ့ရတာက အရပ်က အင်တာနေရှင်နယ် ဆိုဒ်ကို မမီကြဘူး။ ၅ ပေ ၇ လက်မ လောက်ကိုပဲ ရွေးခဲ့ကြရတာ။ နောက်တစ်ခုက မျက်နှာ အနေအထား မျက်နှာ အနေအထားကို မြန်မာကြိုက်ထက် ကုလားဆင်ရုပ်ကို ဦးစားပေး ရွေးခဲ့ရတာ။ ဝိုင်းလေးနဲ့ ပတ်သက်ပြီး ပြောရရင် သူကပထမပိုင်း မျက်လုံးတွေက တောက်နေပေမယ့် နောက်ပိုင်းကျတော့ မျက်လုံးစွမ်းရည်တွေက ကျကျ လာတယ်။ အဲဒါကြောင့် အူဝဲနဲ့တောင် ပြောဖြစ် နေသေးတယ်။ ဒိုင် ခြောက်ယောက်လုံးရဲ့ အမှတ်တွေကို အကုန်ပေါင်းတဲ့ အခါမှာတော့ ဝိုင်းလေးက အနိုင်ရ သွားတာပါ။ မြန်မာနိုင်ငံထဲက ပွဲတွေကို ရွေးရင် အရပ်ကို သိပ်ဂရု မစိုက်ရဘူး။ ဒီပွဲမှာတော့ လန်ဒန်မှာ သွားပြိုင်မှာ ဖြစ်တဲ့ အတွက် အရပ်ကို ဦးစားပေးပြီး ရွေးရတာ�ဟု ယင်းပွဲတွင် ဒိုင်အဖြစ် ဆောင်ရွက်ခဲ့သည့် ဓာတ်ပုံမိုးမင်း(Rays)က ပြောသည်။

အဆိုပါ ပြိုင်ပွဲတွင် သရဖူ မဂ္ဂဇင်းမှ အယ်ဒီတာချုပ် ဒေါ်နန်းအိအိဇာ၊ အကယ်ဒမီ မို့မို့မြင့်အောင်၊ ဓာတ်ပုံ မိုးမင်း(Rays)၊ အကယ်ဒမီ အိန္ဒြာကျော်ဇင်၊ ထိုင်းသံအမတ်၏ ဇနီး မစ်ထိဖရား ဆွတ်ထား ဆူဝါတာချွတ်၊ တင်မိုးလွင်(Talent & Model) တို့က ဒိုင်အဖြစ် ဆောင်ရွက်ခဲ့ ကြသည်။

�သမီးအရမ်း ပျော်ခဲ့သလို အရမ်းလည်း စိတ်ပူ ခဲ့ရတယ်။ ဆုရရှိမယ်လို့ မထင်ထားဘူး။ လန်ဒန်မှာ သွားမပြိုင်ခင် ပွဲနဲ့ ပတ်သက်မယ့် ဗဟုသုတ တွေကြိုပြင်ဆင် ထားပါတယ်။ နိုင်ငံအတွက် ပထမဆုံး သွားပြိုင်ရမယ့် ပွဲဆိုတော့ ဆုရသည်ဖြစ်စေ၊ မရသည် ဖြစ်စေ နိုင်ငံအတွက် မြန်မာနိုင်ငံမှာ အရည်အချင်း ရှိတဲ့ အမျိုးသမီး လေးတွေ ရှိပါလား ဆိုတာကို ကမ္ဘာကို ပြချင်တာပါ၊ ဆုကလည်း အခုမှ ရတာဆိုတော့ လေ့ကျင့်ရမယ့် အချိန်ဇယားအတိအကျတော့ ထွက်မလာ သေးဘူး� ဟု အလှမယ် ၀ိုင်းလေးက ပြောသည်။

ဆန်ခါတင် ၅ ဦး စာရင်းတွင် ပါဝင်ခဲ့သည့် အင်ကြင်းထူး ကလည်း �နဂိုကတည်းက မမျှော်လင့် ထားခဲ့ပါဘူး။ သူငယ်ချင်းတွေ ရသွားတဲ့ အတွက် အရမ်းပျော် ပါတယ်။ သမီးက ဆန်ခါတင် ၅ ယောက်ထဲမှာ ပါတော့ နည်းနည်တော့ ရင်ခုန်တာ ပေါ့နော်။ ရှေ့ဆက်ပြီးတော့ အနုပညာ အလုပ်တွေကို ကြိုးကြိုးစားစား လုပ်ကိုင်သွား မှာပါ။ အားလုံးကလည်း ရင်ခုန်ခဲ့ကြ တာပါပဲ� ဟု ၎င်းကပြောသည်။

ယင်းပြိုင်ပွဲတွင် Winer ဆု ရရှိခဲ့သည့် အလှမယ် ဝိုင်းလေးကို လန်ဒန်မြို့မှ Miss World 2014 ကျင်းပရေး ကော်မတီမှ လေ့ကျင့်သင်ကြား ပေးမှုများပြုလုပ်ပေး သွားမည် ဖြစ်ပြီး လိုအပ်သည်များကို Forever BEC-Tero ၏ Miss Myanmar World Organization မှ ပံ့ပိုးကူညီမှုများ ပြုလုပ် ပေးသွားမည်ဟု Country Director ကိုစိုးသူရက ပြောသည်။ ယင်းပြိုင်ပွဲကို Forever BEC-Tero မှ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခြင်း ဖြစ်ပြီး ပြိုင်ပွဲဝင် လျှောက်လွှာများကို သြဂုတ် ၁၈ ရက်မှ ၂၂ ရက်အထိ လက်ခံ ခဲ့ပြီး လာရောက် လျှောက်ထား သူ ၁၃၅ ဦးထဲမှ အယောက် ၅ဝ ရွေးချယ် ခဲ့ကာ သြဂုတ် ၂၅ ရက်တွင် ပြိုင်ပွဲဝင် ဆန်ခါတင် ၂ဝဦးကို ထပ်မံ ရွေးချယ်ခဲ့ သော်လည်း ၎င်းအလှမယ်များ ထဲမှ ပတ်ထရစ်ရှာကို ပြိုင်ပွဲဝင် စည်းကမ်း ချက်နှင့်မပြည့်စုံ ခြင်းကြောင့် ထုတ်ပယ်လိုက်သည်ဟု ယင်းအဖွဲ့ အစည်းက ကြေညာခဲ့သည်။

Miss Myanmar World 2014 အဖြစ် ရွေးချယ် ခံရသည့် ဝိုင်းလေးသည် ငွေသား ကျပ် သိန်း ၁ဝဝ နှင့် သိန်း ၂ဝဝ တန်ဖိုးရှိ သရဖူ ၊ Pantene Product များနှင့် Air asia မှ Travelling Opportunity များ ပိုင်ဆိုင် ခွင့်ရခဲ့ပြီး Miss World 2014 ပြိုင်ပွဲကိုဒီဇင်ဘာ၁၄ရက်တွင်ဗြိတိန်နိုင်ငံလန်ဒန်မြို့၌ သွားရောက်ယှဉ်ပြိုင် ရမည် ဖြစ်သည်။ Miss World International 2014 ပြိုင်ပွဲ ကျင်းပခြင်းသည် ၆၄ ကြိမ်ရှိပြီ ဖြစ်ပြီး မြန်မာနိုင်ငံမှ ပထမဆုံး အကြိမ် ဝင်ရောက် ယှဉ်ပြိုင်ခြင်း ဖြစ်သည်။

Written by မြင့်မြင့်စိုး

Mizzima

No comments:

Post a Comment