Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, September 22, 2014

ဆုမရရှိခဲ့သည့် အတွက် Miss Globe Myanmar 2014 အေးချမ်းမြေ့မှ ပရိသတ်များကို တောင်းပန်

Written by ပန်းမြတ်ဇော် P
Azerbaijanနိုင်ငံ တွင် စက်တင်ဘာ ၁၄ရက် က ကျင်းပ ပြုလုပ် ခဲ့သည့် Miss Globe International 2014 နောက်ဆုံး ပြိုင်ပွဲ၏ ဆန်ခါတင် အယောက် ၂ဝ ရွေးချယ် ရာတွင် မြန်မာ မှ ပါဝင် ခဲ့ခြင်း မရှိခြင်းကြောင့် Miss Globe Myanmar 2014 အေးချမ်းမြေ့မှ အားပေးသည့် မိဘပြည်သူ များကို ၎င်းသည် တာဝန် မကျေသည့် အတွက် တောင်းပန်သည်ဟု၎င်း၏ဖေ့ဘုတ် စာမျက်နှာတွင် ရေးသား ထားသည်။ ayechanmoe ကချင်ရိုးရာ ၀တ်စုံဖြင့် တွေ့ရသည့် အလှမယ် အေးချမ်းမြေ့။

 "စခန်းသွင်း လေ့ကျင့်ခန်းတွေ ဆက်တိုက်လုပ်ရပြီး နေမကောင်းလည်း ဖြစ်နေတော့ အစားလည်း ကောင်းကောင်း မစားနိုင် လို့ တော်တော် ပိန်သွား ပါတယ် ။ နောက်ဆုံးနေ့မှာ organization ကပေးတဲ့ အ၀တ်ရော ဒီဇိုင်နာ မမဌေးဌေးတင်ဆီမှာ ကိုယ်တိုင်း တိုင်းတုန်းက တော်ခဲ့တဲ့ အကျီင်္တွေ ကလည်းတော်တော် ချောင်နေ ခဲ့ပါတယ်။ ဒါပေမယ့် မတော်တဲ့ အကျီင်္နဲ့ ညီမအပြုံးမပျက် ကြိုးစား ခဲ့ပါတယ်။ ပြိုင်ပွဲမှာ ၀တ်ခဲ့တဲ့ရေကူး ၀တ်စုံကလည်း ညီမအရမ်းပိန် သွားလို့ ခန္ဓာကိုယ်နဲ့ ကွက်တိ မဖြစ်ပဲ ပွနေခဲ့ ပါတယ်။ အဲအကျီင်္လေးကို စင်ကာပူ ကနေ တကူးတက ၀ယ်ပေးထားတဲ့. မမ ကိုလည်း ကျေးဇူးတင် ပါတယ်ရှင်။ိနိုင်ငံ ကိုယ်စားပြု အ၀တ်အစားရဲ့ ရေသီနားလေး ပြဲသွားတာလည်း ညီမ ကြိုးစားပြီး ချုပ်ထား ပါတယ်။ ချောင်နေတဲ့ အကျီင်္ အတွက် စိတ်ပူနေရတာနဲ့ ဖိနပ် မလဲနိုင်ခဲ့ ပါဘူးရှင်။ ညီမကို အားပေးတဲ့ မိဘပြည်သူ များကိုလည်း ညီမ တာဝန် မကျေတဲ့ အတွက် တောင်းပန် ပါတယ်ရှင်။ တီချယ်လှနုကို မပြိုင်ခင် တွေ့လိုက်ရတော့ ညီမ အရမ်းပျော် သွားတယ်။ ဒါပေမယ့် မိနစ်၃၀ ပဲ တွေ့လိုက် ရတယ်။

တီချယ်လှနု မှာလည်း ရောက်ရောက်ချင်း ဒိုင်လူကြီး အဖွဲ့ထဲ ပါသွားတာနဲ့ ညီမကို မကူညီ လိုက်ရလို့ စိတ်မကောင်း ဖြစ်နေရှာတယ်။ ညီမကတော့ မြတ်စွာဘုရားက အမှားထဲက သင်ခန်းစာ ယူတတ်အောင် ၊ ကိုယ့်အား ကိုယ်ကိုး တတ်အောင်၊ မိတ်ဆွေတွေ အများကြီး ရအောင် အခွင့်အရေး ပေးလိုက်တယ်လို့ ယုံကြည် ပါတယ်ရှင်" ဟု အလှမယ် အေးချမ်းမြေ့က Miss Globe International 2014 ပြိုင်ပွဲ အတွေ့အကြုံနှင့် ပတ်သက်ပြီး ၎င်း၏ ဖေ့ဘွတ်တွင် ရေးသား ထားသည်။ Miss Globe International 2014 ပြိုင်ပွဲ အတွက် အလှမယ် အေးချမ်းမြေ့သည် မြန်မာနိုင်ငံ ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်ရန် စက်တင်ဘာ ၂ရက်တွင် Azerbaijan နိုင်ငံသို့ ထွက်ခွာ သွားခဲ့ခြင်း ဖြစ်သည်။ Miss Globe International 2014 ပြိုင်ပွဲ မကျင်းပခင် အချိန် ကတည်းက အလှမယ် အေးချမ်းမြေ့ ကို Miss Globe Myanmar Organization မှ ယုံကြည်ချက်ရှိရှိ ဖြင့်လမ်းလျှောက်နိုင်ရန် လမ်းလျှောက်ပုံများ ၊ ပုံမှန် လေ့ကျင့် မှုများ ပြုလုပ် ခဲ့သော်လည်း ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်စဉ် နေမကောင်း ဖြစ်ခဲ့ခြင်းကြောင့် ၎င်း သည် ထင်သလောက် မလုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ Miss Globe International 2014 ပြိုင်ပွဲတွင် ပြိုင်ပွဲ ဝင်ပေါင်း ၅၃ နိုင်ငံ ဝင်ရောက် ယှဉ်ပြိုင် ကြပြီး ရိုးရာ ဝတ်စုံ ပြိုင်ပွဲ အတွက် Top 10 ရွေးချယ်ခြင်း မရှိပဲအွန်လိုင်း မဲပေး စနစ်သည်လည်း ပါဝင်ခြင်း မရှိပေ။ Miss Globe International 2014 ဆုကို သြစတြေးလျ နိုင်ငံ မှ ရရှိ သွားသည်။

Miss Globe International 2014 ပြိုင်ပွဲတွင် Miss Globe Myanmar Organization မှ မလှနုထွန်းသည်ဒိုင် တစ်ဦး အဖြစ် ပါဝင် ခဲ့ပြီး ၎င်း၏ ဖေ့ဘုတ် စာမျက်နှာတွင် "အယောက် ၂၀ စာရင်း စာရွက်ရတဲ့အချိန်မှာ ဒိုင် ၁၆ ယောက်ထဲက ဒိုင်အဖွဲ့ဝင် တစ်ယောက်အနေနဲ့ မျက်နှာ မပျက်အောင် နေခဲ့ရပါတယ်။ မြန်မာ တစ်ယောက်ထဲ အားပေးလို့ မရတော့ပဲ ၅၃ ယောက်လုံးကိုပဲ စိတ်ထဲထား ရတော့မဲ့ အခြေအနေ ရောက်နေပြီလေ။ခက်တာက ကလေးနဲ့ မိနစ် ၃၀ပဲတွေ့လိုက် ရတယ်။ သူ့ကို ဘယ်လိုမှ ထပ်တွေ့လို့ မရတော့ဘူး။ ND တစ်ယောက်အနေနဲ့ တာဝန်မကျေ နိုင်ခဲ့သလို ခံစားနေရတယ်။ ဒါပေမဲ့လည်း ဒိုင်အတွေ့အကြုံကိုပေးတဲ့ အတွက် အဖွဲ့အစည်းကို ကျေးဇူးတင် ပါတယ်ရှင်" ဟု ၎င်းကရေးသား ထားသည်။ ယင်းပြိုင်ပွဲပြီးဆုံးသွားခြင်းကြောင့် Miss Globe Myanmar 2014 အလှမယ် အေးချမ်းမြေ့ နှင့် Miss Globe Myanmar Organization မှ မလှနုထွန်း တို့သည် စက်တင်ဘာ ၁၇ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိမည် ဖြစ်သည်။
Mizzima

No comments:

Post a Comment