Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 23, 2014

Lithan University College မှ Startup Bootcamp Myanmar အစီအစဉ်ကို ကျင်းပသွားမည်ဖြစ်

မြန်မာနိုင်ငံရှိ Startup တည်ထောင် သူများနှင့် စွန့်ဦးတီထွင် လုပ်ငန်းရှင် များအတွက် Lithan University College မှ ဦးစီးပြီး Startup Bootcamp အမည်ရှိ အစီအစဉ်ကို ကျင်းပ ပြုလုပ်သွားမည် ဖြစ်သည်။

Start-up Bootcamp သည် နှစ်ရက်ကြာပြုလုပ်မည့် အစီအစဉ်ဖြစ်ပါသည်။ ဤအစီအစဉ်တွင် ပါဝင်ရန် ရွေးချယ် ခံရသူများသည် Lithan University College ၏ Digital Library ကို အသုံးပြုခွင့် ရရှိမည်ဖြစ်ပြီး (Lean Campus ၊ Go To market Strategy နှင့် Business Viability) အစရှိသော ကမ္ဘာကျော် Startup နည်းစနစ် များအားဖေါ်ပြထားသည့် E-book များ ကို လေ့လာနိုင်မည်ဖြစ်သည်။ ထို့အပြင် နှစ်ရက်ဆက်တိုက် ပြုလုပ်မည့် Bootcamp အတွင်းတွင်လည်း Start-up Entrepreneur များ သိသင့်သိထိုက်သည့် အသိပညာ များနှင့် နည်းဗျူဟာ များကို သင်ကြားပေးမည် ဖြစ်သည်။

အစီအစဉ် အဆုံးတွင် စင်ကာပူနိုင်ငံမှ အကဲဖြတ်ဒိုင်များရှေ့တွင် မိမိ၏ Business Idea များကို တင်ပြကာ ပြိုင်ပွဲဝင် ရမည်ဖြစ်သည်။ အနိုင်ရရှိသူသည် မိမိ Business Idea အတွက် ဒေါ်လာနှစ်ထောင် (USD 2,000) ကို ဆုအဖြစ် ရရှိပြီး ကမ္ဘာကျော် Channel News Asia ကပြုလုပ်မည့် Start up! Reality Show အစီအစဉ်မှာ မြန်မာနိုင်ငံ ကိုယ်စားပြုပြီး ပါဝင်ခွင့်ရရှိမှာဖြစ်သည်။ ထိုအစီအစဉ်သည် ကမ္ဘာအနှံ့မှ Startup Founder များနှင့် Entrepreneur များ အကြိတ်အနယ် ပါဝင်ယှဉ်ပြိုင်ကြသော ပြိုင်ပွဲဖြစ်ပြီး အနိုင်ရရှိသူကို မိမိလုပ်ငန်းအမျိုး အစားအလိုက်US$ 2 Million အထိ ရင်းနှီးမြှုပ်နှံမည်ဖြစ်သော ပြိုင်ပွဲလည်းဖြစ်သည်။

“အရမ်းကို အကြံဥာဏ်ကောင်းပြီး စီးပွားရေး အမြင်ရှိတဲ့လူငယ်တွေ၊ နည်းပညာနဲ့ပတ်သက်တဲ့ စွန့်ဦးတီထွင်လုပ်ငန်းတွေကို ထူထောင်ဖို့ ကြိုးပမ်းနေတဲ့ လူငယ်လုပ်ငန်းရှင်တွေ မြန်မာနိုင်ငံမှာ အများကြီး ရှိနေပါတယ်။ အဲဒီအထဲမှာ တစ်ချို့က အဆင်ပြေလို့ ကိုယ့်မှာရှိတဲ့ ဘဏ္ဍာရေးအခြေအနေနဲ့ ကြိုးစားလုပ်နေကြပေမယ့် လူတိုင်းကတော့ ဒီလိုလုပ်နိုင် မှာမဟုတ်ဘူးလေ။ ပြီးတော့ အဲဒီလိုကိုယ့်မှာရှိတဲ့ ဘဏ္ဍာရေးအခြေအနေနဲ့ ရင်းနှီးမြုပ်နှံကြတယ် ဆိုတဲ့အခါ အထိုက် အလျောက်ပဲထိရောက်မှု ရှိတာဆိုတော့ ပိုကြီးမားတဲ့အောင်မြင်မှု ကိုရဖို့ဆိုတာကဒီလိုကူညီထောက်ပံ့မှုတွေ လိုအပ်မယ်လို့ မြင်မိတဲ့အတွက် အခုလို ကူညီပေးတဲ့ အစီအစဉ်တွေ ပြုလုပ်ရတာပါ။ Lithan University College အနေနဲ့ အခုလိုအစီအစဉ်တွေ လုပ်ပေးရတာကိုလည်း ဂုဏ်ယူဝမ်းမြောက်မိပြီး မြန်မာနိုင်ငံကိုယ်စားပြု ၀င်ရောက်နိုင်ဖို့ အတွက်လည်း အစွမ်းကုန် ကူညီပေးမှာဖြစ်ပါတယ်”ဟု Lithan University College မှ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ Country Manager ဒေါ်ပြည့်သီရိသော်က ပြောကြားခဲ့သည်။

Start-Up Boot Camp အကြောင်း ကို အောက်ပါ Start up boot camp Myanmar ၏ Official Facebook Page ဖြစ်သော www.facebook.com/StartupBootcampMM တွင်လေ့လာနိုင်ပြီး လျှောက်လွှာများကို http://goo.gl/LuZEud မှDownload ပြုလုပ်ကာ Application Form ကိုဖြည့်စွက်ပြီး info@startupbootcampmm.com ကိုပြန်လည်ပြီး email ပေးပို့ရမည်ဖြစ်ပါသည်။

Bootcamp ကို အောက်တိုဘာလ (၁၁) ရက်နှင့် (၁၂) ရက်များတွင် ကျင်းပမည်ဖြစ်ပြီး လျှောက်လွှာ များကို စက်တင်ဘာလ (၃၀) ရက်နေ့အထိ လက်ခံပေးသွားမည် ဖြစ်သည်။ လျှောက်ထားလာသော လျှောက် လွှာများကို စီစစ်ရွေးချယ်ပြီးနောက်အစီအစဉ်တွင်ပါဝင်ခွင့်ရရှိသူများအား အောက်တိုဘာ (၃) ရက်နေ့တွင် ထုတ်ပြန်ကြေညာသွားမည် ဖြစ်သည်။

အဆိုပါ Bootcamp တွင် ပါဝင်ခွင့်ရရှိသူများသည် BootCamp ကျင်းပသည့်နှစ်ရက် အတွင်း LUC ၏ Digital Library မှ မိမိတို့ လေ့လာဖတ်ရှုထားသော အကြောင်းအရာများ ကို ဆွေးနွေးကြရမည်ဖြစ်ပြီး ထိုဆွေးနွေးမှုများကို LUC မှ ဆရာ၊ ဆရာမများနှင့် ပြည်တွင်းမှ အောင်မြင်သော Entrepreneur များမှ ဦးဆောင်ဆွေးနွေး သွားမည်ဖြစ်ပါသည်။

ရိုးရာလေး

No comments:

Post a Comment