Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 23, 2014

ရေကြီးမှုကြောင့် ရေများ ရေစုပ်စက်ဖြင့် စုပ်ထုတ်ရာ ဓာတ်လိုက်သေဆုံး

စက်တင်ဘာ ၁၈ ရက်က တာချီလိတ်မြို့နယ်တွင် မိုးရွာသွန်းမှု နှင့်အတူ တောင်ကျရေ များကြောင့် ရေကြီး ရေလျှံမှုများ မြို့ပေါ်ရပ်ကွက် အချို့မှာဖြစ်ပွားခဲ့ရာ ပုန်းထွန်ရပ်ကွက်တွင် ရေအမြင့် ၄ ပေမှ ၆ ပေ ခန့်အထိ မြင့်တက်ခဲ့သည်။

ထိုသို့ ပုန်းထွန်ရပ်ကွက်အတွင်း ရေကြီးရေလျှံမှုများကြောင့် နေအိမ်တို့တွင် ရှင်းလင်းခြင်း၊ ရွှံ့များကိုဆေးကြောခြင်း ဆောင်ရွက်နေဆဲ ဖြစ်ရာ စက်တင်ဘာ ၂၂ ရက် (ယနေ့) မွန်းလွဲ ၁၂ နာရီ ၁ဝ မိနစ်က ပုန်းထွန်ရပ်ကွက် (၄) လမ်းရှိ နေအိမ်အမှတ် (၃/၃၈)တွင် အသက် (၃၉ နှစ်)ရှိ အမျိုးသားတစ်ဦး ဓာတ်လိုက်၍ သေဆုံးသွားကြောင်း သိရသည်။

ဖြစ်ပွားပုံမှာ ပုန်းထွန်ရပ်ကွက် (၄)လမ်း အိမ်အမှတ်(၃/၃၈) တွင် ဦးစိုင်းဝန်းခမ်းသည် နေအိမ်အတွင်း ရေကြီးရေလျှံမှုကြောင့် ဝင်ရောက်နေ သောရေများကို ရေစုပ်စက်ဖြင့် စုပ်ထုတ်နိုင်ရန် မီးပလပ်ကို သွားရောက်ထိုးရာမှ အစိုဓာတ်ကြောင့် ဓာတ်လိုက်ကာ ပွဲခြင်းပြီး သေဆုံးသွား ခြင်းဖြစ်ကြောင်း သိရသည်။

ပုန်းထွန်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုင်းဖတ်က ”ဖြစ်နေတဲ့နေရာက ကျွန်တော့်အိမ်ရှေ့မှာပါ၊ အသံကြားလို့သွားကြည့် လိုက်တော့ ရေထဲမှာစိုင်းဝန်းခမ်းက ပက်လက်လန်လဲ ကျ နေတာကိုတွေ့ရတာနဲ့ ချက်ချင်းပဲ လျှပ်စစ်မီတာမိန်းခလုတ်ကို အမြန် ချပြီး ဆွဲထူပေးပြီးတော့ ရင်ဘတ်ကို အမြန်ဖိပေးလိုက်တယ်။ ပြီးတော့ ဆေးရုံကို အမြန်ပို့လိုက်ရတယ်” ဟု ပုန်းထွန်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုင်းဖတ်က ပြောပြသည်။

စက်တင်ဘာ ၁၈ ရက်ကဖြစ်ပွား ခဲ့သော ရေကြီးရေလျှံမှုဖြစ်စဉ်ကြောင့် ပုန်းထွန်ရပ်ကွက်အတွင်း အိမ်ခြေ စုစုပေါင်း ၃၂၅ အိမ်နှင့် အိမ်ထောင်စု ဝင် စုစုပေါင်း ၅၂၇ စုမှာ ရေနစ်မြုပ် ဒဏ်ကိုခံခဲ့ရကြောင်း သိရသည်။

Myanmaalinn

No comments:

Post a Comment