Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, September 26, 2014

IS ကို တိုက်ဖို့ ဗြိတိသျှ အမတ်တွေ မဲခွဲ သဘောတူ


ခုနှစ်နာရီကြာ အခြေအတင် ဆွေနွေးကြပြီးတဲ့ နောက်မှာ ထောက်ခံ မဲ ၅၂၄ မဲ၊ ကန့်ကွက်မဲ ၄၃ မဲ နဲ့ ဗြိတိသျှတပ်တွေ အီရတ်မှာရှိတဲ့ IS ပစ်မှတ်တွေကို လေကြောင်းက တိုက်စစ်ဆင်တာကို သဘောတူကြောင်း ဆုံးဖြတ်လိုက်ပါတယ်။
ဒီ အဆုံးအဖြတ်ကို ဗြိတိန်ရဲ့ အဓိက ပါတီကြီးတွေ အားလုံးက အမတ်အများစုက သဘောတူခဲ့ကြတာဖြစ်ပါတယ်။
ဒါကြောင့် ဗြိတိသျှတိုက်လေယာဉ်တွေ တနင်္ဂနွေ မနက်ပိုင်းလောက်က စပြီး စစ်ဆင်ရေးထဲ ပါဝင်လာတာကို တွေ့ရနိုင်တယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။

No comments:

Post a Comment