Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 16, 2014

iPhone 6 ထုတ်လုပ်ရာ တရုတ်စက်ရုံမှ အလုပ်သမားများ သွေးကင်ဆာဖြစ်ပွားနေကြ


တရုတ်နိုင်ငံရှိ iPhone 6 ဖုန်းများ သန်းပေါင်းများစွာ ထုတ်လုပ်ရာ စက်ရုံအတွင်းမှ ငယ်ရွတ်သော တရုတ်နိုင်ငံသား စက်ရုံအလုပ်သမားများဟာ သွေးကင်ဆာရောဂါ ဖြစ်ပွားနေကြတဲ့အတွက် Apple ကုမ္ပဏီက ယင်းဖြစ်စဉ်အား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်ဟု သိရသည်။
အသက်နှစ်ဆယ်ဝန်းကျင်အရွယ် တရုတ်နိုင်ငံသား အလုပ်သမား အနည်းဆုံး (၁၃)ဦးခန့်ဟာ ၎င်းတို့ အလုပ်လုပ်ရာ iPhone 6 ဖုန်းများ ထုတ်လုပ်နေသည့် တရုတ်နိုင်ငံရှိ Shenzhen စက်ရုံအတွင်းဝယ် အလုပ်လုပ်ကိုင်ရင်း ၂၀၁၀ခုနှစ်ခန့်မှစ၍ နေထိုင်မကောင်းဖြစ်ခဲ့ကြရာ သွေးကင်ဆာရောဂါ ကုထုံးဖြင့် ဆေးကုသမှု ခံယူနေကြရသည်ဟု သိရသည်။
Foxconn factory in Shenzhen
ဆရာဝန်များက ထိုအသက်အရွယ်တွင် ဖြစ်ပွားသော သွေးကင်ဆာဖြစ်ပွားမှုနှုန်းဟာ ရှားပါးကြောင်း ဆိုခဲ့ပြီး သွေးကင်ဆာ ဖြစ်ပွားခဲ့သော ၎င်းတို့ထဲမှ ငါးဦးဟာ သေဆုံးသွားခဲ့ကြောင်းလည်း သိရသည်။
ထိုကဲ့သို့ နေထိုင်မကောင်းဖြစ်ကာ သွေးကင်ဆာရောဂါဖြစ်ပွားခဲ့သော အလုပ်သမားများဟာ အလုပ်မှ ထုတ်ခံထိခဲ့ကြပြီး ဆေးဖိုးဝါးခ ကျခံပေးဖို့ ငြင်းဆိုခြင်း ခံခဲ့ကြရကာ ဆင်းရဲသော သွေးကင်ဆာရောဂါသည် အလုပ်သမားများ၏ မိသားစုများဟာ ဆေးကုသစရိတ် အကူအညီ လိုအပ်နေကြကြောင်း သိရသည်။
လျှပ်စစ်ပိုင်းဆိုင်ရာ ဖုန်းကိုယ်ထည်များကို ဓါတုဗေဒနည်းနဲ့ ဆေးကြောရာတွင် ထွက်ပေါ်လာခဲ့သည့် ဓါတုဗေဒဓါတ်ပြုမှုကြောင့် သွေးကင်ဆာရောဂါ ဖြစ်ပွားရခြင်း ဖြစ်သည်ဟု ရောဂါသည်၏ မိသားစုနှင့် အလုပ်သမားသမဂ္ဂအဖွဲ့က ယုံကြည်နေကြကြောင်း သိရသည်။
benzene နဲ့ n-hexane လို့ခေါ်တဲ့ ပြင်းထန်သော ဓါတုဗေဒပစ္စည်းနှစ်မျိုးအား iPhones နှင့် iPads တို့ နောက်ဆုံး တပ်ဆင်ထုတ်လုပ်မှု အဆင့်တွင် အသုံးမပြုကြရန် Apple ကုမ္ပဏီက ပြီးခဲ့သည့်လတွင် ထုတ်ပြန်ကြေငြာခဲ့သည်ဟုလည်း သိရသည်။
ရက်သတ္တပတ်တစ်ပတ်လျှင် iPhone 6 အလုံးပေါင်း သိန်းနှစ်ဆယ်ခန့် ထုတ်လုပ်လျက်ရှိသည့် တရုတ်နိုင်ငံရှိ Shenzhen စက်ရုံအတွင်းဝယ် အလုပ်လုပ်ကိုင်နေကြသည့် တရားဝင် အလုပ်သမားဦးရေ နှစ်သိန်းသုံးသောင်းခန့်ရှိကြောင်း သိရသည်။
တရုတ်နိုင်ငံရှိ Shenzhen စက်ရုံဟာ ၂၀၀၇ခုနှစ်ကတည်းက iPhone ထုတ်လုပ်ခဲ့သော စက်ရုံတစ်ရုံဖြစ်ကြောင်းလည်း သိရသည်။
Source : Dailymail

ပုံရိပ်(burmesehearts.com)

No comments:

Post a Comment