Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 16, 2014

နိုက်ကလပ်တွင် ဆေးသုံးပြီးနောက် အသက် ၂၀ အရွယ် ဂျာနယ်လစ် ကျောင်းသူတစ်ဦး သေဆုံး


လန်ဒန်၊ စက်တင်ဘာ ၁၆။ ချစ်သူနှင့် အတူ ညဘက် နိုက်ကလပ်သွားရင်း စိတ်ကြွဆေး သုံးစွဲခဲ့သည့် အသက် ၂၀ အရွယ် ကျောင်းသူ တစ်ဦးမှာ ရုတ်တရက် နှလုံးတိုက်ခိုက် ခံရခြင်းကြောင့် သေဆုံးသွား ခဲ့ကြောင်း သိရသည်။
woodard
ဆေးသုံးမှုကြောင့် သေဆုံးသွားခဲ့သူ မစ္စ တေလာမေး ၀ုဒ်အာ့ဒ်။
တေလာမေး ၀ုဒ်အာ့ဒ် အမည်ရှိ အဆိုပါ အသက် ၂၀ အရွယ် ကျောင်းသူသည် သူ၏ ချစ်သူ အဲလက်စ် ရစ်ကတ်နှင့် အတူ လန်ဒန်မြို့ ဘရစ္စတွန် အရပ်ရှိ ပလန်ဘီ အမည်ရ နိုက်ကလပ်တွင် MDMA ဟု ခေါ်သည့် အက်စတာစီ စိတ်ကြွဆေး တစ်ဂရမ်ကို မျှဝေ သုံးစွဲခဲ့ကြခြင်း ဖြစ်သည်။ ဆေးသုံးစွဲ ကာစတွင် မည်သို့မျှ ထူးခြားခြင်း မရှိခဲ့သော်လည်း ကလပ်မှ အပြန် ရစ်ကတ်၏ အိမ်အရောက်တွင် လဲကျသွားခဲ့ သောကြောင့် သူမကို ကင်စတန် ဆေးရုံသို့ တင်ပို့ခဲ့သော်လည်း မည်သို့မျှ ကယ်ဆယ်နိုင်ခြင်း မရှိဘဲ နံနက်ပိုင်းတွင် အသက်ဆုံးသွား ခဲ့ခြင်း ဖြစ်သည်။ မစ္စ၀ုဒ်အာ့ဒ်သည် ဘုန်းမောက် တက္ကသိုလ်တွင် ဂျာနယ်လစ် ပညာကို တက်ရောက် သင်ကြားနေသူ ဖြစ်သည်။
ရဲများ၏ စုံစမ်းမှုအရ မစ္စ၀ုဒ်အာ့ဒ်သည် (က)အဆင့်ဝင် မူးယစ်ဆေးများကို နှစ်ပတ် သို့မဟုတ် သုံးပတ်တိုင်းတွင် တစ်ကြိမ် သုံးစွဲလေ့ ရှိသူဖြစ်ကြောင်း သိရသည်။ ထို့အပြင် သူမ၏ အိတ်အတွင်းမှ အဖြူရောင် ဆေးမှုန့်များကိုလည်း တွေ့ရှိခဲ့ သေးသည်။ သေဆုံးသူ မစ္စ ၀ုဒ်အာ့ဒ်သည် မူးယစ်ဆေးများကို သူမ၏ ချစ်သူမသိအောင် သုံးစွဲနေသည်ဟု ရဲများက ယူဆနေသည်။
လန်ဒန်အနောက်ပိုင်း သေမှုသေခင်း စုံစမ်းရေး အရာရှိ ဂျရီမီကမူ သေသူ၏ သွေးအတွင်း၌ သေစေနိုင်လောက်သည် အထိ များပြားသော အက်စတာစီ ပမာဏကို တွေ့ရသည်ဟု ဆိုခဲ့သည်။ ယင်းက “အဲလက်စ် (ရစ်ကတ်) က တေလာ (၀ုဒ်အာ့ဒ်)နဲ့ အတူ ဘရစ္စတန်မှာ ရှိတဲ့ နိုက်ကလပ်ကို သွားခဲ့ကြပြီး အဲဒီမှာ တေလာ ၀ယ်လာတဲ့ ဆေးကို အတူသုံးခဲ့ကြတယ်။ ကလပ်ကနေ အတူ ပြန်လာကြပြီး ကောင်လေးအိမ်ကို ရောက်တဲ့ အချိန်မှာ အသိလွတ်ပြီး လဲကျသွားတာပဲ။ အဲဒီအချိန် သူ့သွေးထဲမှာ ရှိတဲ့ အက်စတာစီ ပမာဏက အသက်အန္တရာယ် ရှိနိုင်လောက်တဲ့ အထိကို များနေပါတယ်”ဟု ပြောကြား ခဲ့သည်။

http://www.mizzimaburmese.com/2013-10-20-16-16-07/2013-10-20-16-16-10/item/27937-2014-09-16-08-41-32

No comments:

Post a Comment