Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 16, 2014

ကောင်းကင်ထဲက ထူးဆန်းတဲ့အလင်းရောင်


အမေရိကန်ပြည်ထောင်စု ကောင်းကင်ထဲက ထူးဆန်းသည့် အလင်းရောင်များအား နက္ခဗေဒပညာရှင်များက တွေ့ရှိခဲ့ကြကြောင်း သိရသည်။
The lights
ဆန်ဖရန်စစ္စကို မှ ဝါရှင်တန်ဒီစီသို့ ရွေ့လျားနေသော ကောင်းကင်ထဲက တောက်ပသည့် အလင်းရောင်များအား ရာသီအလိုက် နက္ခဗေဒကြည့်ရှုလေ့ရှိကြသော နက္ခဗေဒပညာရှင်များက ပြီးခဲ့သည့် သောကြာနေ့ကတည်းက တွေ့ရှိခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
ထိုအလင်းရောင်များဟာ အလွန်ဖြေးညှင်းသော နှုန်းထားဖြင့် ရွေ့လျားနေသဖြင့် ဥက္ကာပျံဖြစ်ဖို့ အလွန်ခဲယဉ်းသည်ဟုလည်း နက္ခဗေဒပညာရှင်များက စောဒကတက်ထားသည်။
ပြီးခဲ့သည့် စနေနေ့ကမူ British Columbia မှ San Francisco အထိ လူပေါင်း(၁၀၀)ကျော်ခန့်က ကောင်းကင်ထဲက ထူးဆန်းသည့် ထိုအလင်းရောင်ကို ညအမှောင်ထဲတွင် တွေ့မြင်ကာ စူးစိုက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
တနင်္ဂနွေနေ့ ညနေပိုင်းကမူ Pittsburgh မှ New York City အထိ ထိုအလင်းရောင်ကို တွေ့ရှိခဲ့ကြသည်ဟု သတင်းပေးပို့ခဲ့ကြကြောင်း သိရသည်။ ထိုအလင်းရောင်ဟာ အဖြူရောင်တောက်တောက် သို့မဟုတ် ဝါထိန်ထိန် အဆင်းရှိသည်ဟု တွေ့မြင်ခဲ့ကြသူများက ဆိုခဲ့သည်။
အချို့ကမူ လျှို့ဝှက်ဒုံးကျည် စမ်းသပ်မှု သို့မဟုတ် အာကာသမှ တိုလီမိုမီအရာတစ်ခု ကမ္ဘာမြေပေါ်သို့ ကျလာသလားဟု မှန်းဆသုံးသပ်ကြကြောင်း သိရသော်လည်း တနင်္လာနေ့အထိ NASA နှင့် ကာကွယ်ရေးဝန်ကြီးဌာန မှ ထိုအလင်းရောင်အတွက် မည်သည့်မှတ်ချက်ချခြင်းကိုမှ တရားဝင်ထုတ်ပြန်ခြင်း မပြုထားကြောင်း သိရသည်။
Source : Dailymail
ပုံရိပ်(burmesehearts.com)
http://www.burmesehearts.com/category/news/

No comments:

Post a Comment