Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, September 17, 2014

အိန္ဒိယမင်းသမီး ပါဒူကွန်၏ ရင်ညွန့်ပေါ်ပုံ ဖော်ပြမှုကြောင့် စကားစစ်ပွဲဖြစ်

1 အိန္ဒိယနိုင်ငံ ဘောလိဝုဒ်ငွေကြယ်ပွင့် ဒါဗီကာ ပါဒူကွန်ရဲ့ ရင်ညွန့်ပေါ်တဲ့ ဝတ်စားဆင်ယင်မှုကို အိန္ဒိယထိပ်တန်းသတင်းစာက ဖော်ပြခဲ့လို့ ရုပ်ရှင်ငွေကြယ်ပွင့်တွေနဲ့ မီဒီယာတွေကြား လူမှုကွန်ရက်ပေါ်မှာ စကားစစ်ပွဲ ဖြစ်ပွားနေပါတယ်။

The Times of India သတင်းဌာနက မင်းသမီးရဲ့ ရင်ညွန့်ပြပွဲဆိုတဲ့ခေါင်းစဉ်နဲ့ ဓာတ်ပုံတွေကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်နေ့က သူတို့ရဲ့ အင်တာနက်စာမျက်နှာပေါ်မှာ ဖော်ပြခဲ့တာပါ။

အဲဒီနောက် မင်းသမီး ဒါဗီကာက အမျိုးသမီးတွေကို ဘယ်လို လေးစားရမယ်ဆိုတာ မသိဘဲ အမျိုးသမီး စွမ်းရည်မြှင့်တင်ရေးအကြောင်း မပြောနဲ့လို့ တွစ်တာလူမှုကွန်ရက်ပေါ်ကနေ တုံ့ပြန်ခဲ့ပါတယ်။

အဲဒီနောက် သတင်းစာက သူတို့ လုပ်ရပ်က ချီးကျူးဖို့သာ ရည်ရွယ်ကြောင်း တွစ်တာလူမှုကွန်ရက်မှာ ပြန်ရှင်းလင်းခဲ့ပါတယ်။

ဒါပေမယ့် ဘောလိဝုဒ်က သရုပ်ဆောင် မင်းသား၊ မင်းသမီး၊ ဒါရိုက်တာနဲ့ ရုပ်ရှင်ဝါသနာအိုးတွေက ဒါဗွီကာဘက်ကနေ ထောက်ခံပြီး မီဒီယာကို ဝေဖန်ခဲ့ကြပါတယ်။

၂၀၀၆ ခုနှစ်က ကောလိပ်ကျောင်းသူဘဝကနေ မော်ဒယ်လုပ်ရင်း ဘောလိဝုဒ်ရဲ့ အကြီးဆုံး ငွေကြယ်ပွင့် ဖြစ်ခဲ့သူ ဒါဗွီကာဟာ သူရဲ့ကိုယ်ရေးကိုယ်တာဘဝနဲ့ ဘောလိဝုဒ် ငွေကြယ်ပွင့် ရမ်ဘီယာကပူးလ်နဲ့ လူသိရှင်ကြား ပြတ်စဲမှုတွေကြောင့် လူပြိန်းကြိုက် သတင်းဌာနတွေရဲ့ သားကောင် ဖြစ်ခဲ့တာ နှစ်ချီ ကြာမြင့်ခဲ့ပါတယ်။

သူရဲ့ နောက်ဆုံးရုပ်ရှင် အပျော်ကို ရှာဖွေခြင်း ဆိုတဲ့ဇာတ်ကားကိုတော့ စက်တင်ဘာ ၁၂ ရက်နေ့က တနိုင်ငံလုံးကို ဖြန့်ချိခဲ့ပါတယ်။

By ဒီဗွီဘီ

No comments:

Post a Comment