Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, September 27, 2014

ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်ခြောက်ဦး တောင်အာဖရိကနှစ်ပတ်လည်ညီလာခံကို သပိတ်မှောက်



ငြိမ်းချမ်းရေးနိုဗယ်လ်ဆုရှင် မစ္စဂျိုဒီဝီလျံ

 နှစ်စဉ်ကျင်းပနေသော ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် များ တွေ့ဆုံဆွေးနွေးပွဲကို ယခု နှစ်တွင် တောင်အာဖရိကနိုင်ငံ ကိပ်တောင်း၌    ကျင်းပရန် စီစဉ်ထားသော်လည်း နိုဗယ်ဆု ရှင်ငါးဦးနှင့်အတူ နိုဗယ်ငြိမ်းချမ်း ရေးဆုရရှိထားသော မြေမြှုပ်မိုင်း ဖျက်သိမ်းရေး နိုင်ငံတကာအဖွဲ့မှ ကိုယ်စားလှယ်တစ်ဦးတို့က ၎င်း တို့တက်ရောက်မည်မဟုတ် ကြောင်း ကြေညာလိုက်ကြသည်။
တိဗက်ဘုန်းတော်ကြီး ဒလိုင်းလားမားကို တောင်အာဖရိ ကနိုင်ငံက ဗီဇာထုတ်ပေးရန်ငြင်း  ဆန်ခဲ့သည့်အတွက် ယခုလိုဆုံး ဖြတ်ရခြင်းဖြစ်ကြောင်း အမေရိ ကန်နိုင်ငံမှ နိုဗယ်ငြိမ်းချမ်းရေးဆု ရှင်မစ္စဂျိုဒီဝီလျံက 7 Day Daily နှင့်တွေ့ဆုံမေးမြန်းခန်းတွင် ပြောဆိုခဲ့သည်။
‘‘ရှီရင်အီဘာဒီ၊ လေမာဘိုဝီ၊တာဝါကိုကာမန်၊ မိုင်ရိတ်မက် ဂိုင်းယား၊ နောက်မြေမြှုပ်မိုင်း ဖျက်သိမ်းရေးအဖွဲ့က ကိုယ်စား လှယ်ရယ်၊ ကျွန်မရယ်ပေါ့။ မသွား ဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဘုန်း တော်ကြီးကလည်း သူ့လျှောက် လွှာပြန်ရုပ်သိမ်းလိုက်ပြီ။ နှစ်စဉ် ကျင်းပနေတဲ့ နိုဗယ်ငြိမ်းချမ်းရေး ဆုရှင်တွေ တွေ့ဆုံပွဲကို ပြီးခဲ့တဲ့ ငါးနှစ်လောက်ကစပြီး နှစ်စဉ်နေ ရာပြောင်းပြီး ကျင်းပပါတယ်။ အဲဒီမှာ ကျွန်မတို့ဆွေးနွေးပွဲတွေ လုပ်တယ်။ လက်ရှိအရေးကြီးနေ တဲ့ အခြေအနေတွေအပေါ် ဆွေး နွေးကြတယ်။ လူငယ်တွေအများ အပြားနဲ့လည်း ဆွေးနွေးတာတွေ လုပ်တယ်။ လူငယ်တွေရဲ့အသံ ကိုကြားဖို့လိုတယ်။ သူတို့ရဲ့ အမြင်တွေကို အလေးအနက်ထား ဖို့လိုတယ်လို့ ယုံကြည်တယ်လေ။ ဒါကြောင့်လည်း လုပ်ကြတာပါ’’ ဟု ၎င်းက ပြောသည်။
‘‘ဒီတစ်ကြိမ်မှာတော့ တောင် အာဖရိကမှာကျင်းပမယ်လို့ ဆုံး ဖြတ်ကြတယ်။ ဒီဆုံးဖြတ်ချက် အပေါ် တချို့ကအတော်စိုးရိမ်နေ ကြတယ်လို့ ကျွန်မကြားရတယ် လေ။ ဘာဖြစ်လို့လဲဆိုတော့ ဘုန်းတော်ကြီးဒလိုင်းလားမားကို ပြည် ဝင်ခွင့်ဗီဇာပေးဖို့ တောင်အာဖရိ ကနိုင်ငံက တစိုက်မတ်မတ်ငြင်း ဆိုနေခဲ့လို့ပါ။ အခုတော့ ကျွန်မ တို့စိုးရိမ်သလိုပဲ ဖြစ်လာတယ်’’ဟု ၎င်းက    ဆက်လက်ပြောကြား သည်။
ပြီးခဲ့သည့် သီတင်းပတ်တွင် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ၁၄ ဦးတို့က တောင်အာဖရိကသမ္မတဂျေ ကော့ပ်ဇူးမာထံ   စာရေးသားပြီး ဘုန်းတော်ကြီးဒလိုင်းလားမားကို ပြည်ဝင်ခွင့်ပေးရန် တိုက်တွန်းခဲ့ သည်။ ဘုန်းတော်ကြီးကို ဗီဇာ ပေးရန် ထပ်မံငြင်းဆိုနေဦးမည်ဆို လျှင် တောင်အာဖရိကနိုင်ငံ အပေါ် နိုင်ငံတကာအမြင်သဘော ထားကိုများစွာထိခိုက်စေနိုင်မည် ကို စိုးရိမ်ပါကြောင်း ရေးသားထား ပြီး လက်မှတ်ရေးထိုးသူများတွင် ပိုလန်မှ လက်ဝါလေစာ၊ ဘင်္ဂလား ဒေ့ရှ်မှလုပ်ငန်းရှင်မူဟာမက်ယူ နပ်စ်၊ ရှိရင်အီဘာဒီ၊ ဘိုဝီနှင့် အိုင် ယာလန်မြောက်ပိုင်းမှ ငြိမ်းချမ်း ရေးဖော်ဆောင်ခဲ့သူ ဒေးဗစ်ထရမ်ဘယ်နှင့် ဂျွန်ဟုမ်းတို့လည်းပါဝင် ကြောင်း သိရသည်။
သို့သော် တောင်အာဖရိက သမ္မတက လက်မခံခဲ့သည့်နောက် ယခုကဲ့သို့ နိုဗယ်အမျိုးသမီးငြိမ်းချမ်းရေးဆုရှင်များက   သပိတ်မှောက်လိုက်ခြင်းဖြစ်ပြီး ကိုယ်ကျင့်သိက္ခာအရလက်ခံနိုင်ဖွယ်မရှိသည့်လုပ်ရပ်ကြောင့် ယခုလိုဆုံးဖြတ်ရခြင်းဖြစ်ကြောင်း နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဂျိုဒီဝီလျံက 7 Day Daily နှင့် မေးမြန်းခန်းတွင် ပြောကြားသည်။
ဘုန်းတော်ကြီးကို ဗီဇာပေးဖို့ငြင်း တာ တောင်အာဖရိကအစိုးရပေါ့။
ဟုတ်တယ်။ ဇူးမာအစိုးရ ပါ။
တောင်အာဖရိကမှာ ဒီနှစ်ပတ် လည်ညီလာခံကျင်းပဖို့ ဆုံးဖြတ် တာကကော။ ဘယ်သူက ဆုံးဖြတ်တာပါလဲ။
အဲဒါကတော့ ညီလာခံကျင်း ပရေးကော်မတီကပါ။
အခုနိုဗယ်ငြိမ်းချမ်းရေးဆုရှင်များ ရဲ့ ညီလာခံမှာ နိုဗယ်ငြိမ်းချမ်းရေး ဆုရှင်တစ်ဦးကို ပြည်ဝင်ခွင့်မပေး ဘူးဆိုတော့ နေရာပြောင်းကျင်းပ ဖို့ အစီအစဉ်ရှိပါသလား။
ဒီကိစ္စကိုဆွေးနွေးကြတယ်။ ကျွန်မကတော့ မတက်ဖြစ်ပါဘူး။ ဒါပေမဲ့ ဒေသခံကျင်းပရေးကော် မတီမှာပါတဲ့   ကိပ်တောင်းမြို့ တော်ဝန်က ဒီမနက်ပဲပြောတယ်။ အဲဒီမှာပဲ ဆက်လုပ်မယ်လို့ ဆုံး ဖြတ်တယ်တဲ့။ ဒါကမမှန်ကန်ဘူး၊ မလုပ်သင့်၊ မလုပ်ထိုက်ဘူးလို့ ယူဆတဲ့အတွက် ကျွန်မတို့က မသွားတော့ဖို့ ဆုံးဖြတ်လိုက်တာ ပါ။ သူတို့က ကျွန်မတို့ကို ပြန်စဉ်း စားဖို့ ပြောပါတယ်။ ဒါပေမဲ့ ဒါက လက်မခံနိုင်တဲ့လုပ်ရပ်ဖြစ်တာမို့ ကျွန်မတို့ ဒီလိုပဲဆုံးဖြတ်တယ်။ ဘုန်းတော်ကြီးဒလိုင်းလားမားက လည်း သူ့လျှောက်လွှာကို ပြန်ရုပ် သိမ်းလိုက်ပါပြီ။
အခုငြိမ်းချမ်းရေးဆုရှင် ဘယ်နှ ယောက်က ဒီပွဲကိုတက်ဖြစ်မှာပါ လဲ။
ဒါကိုတော့ ကျွန်မမသိဘူး။ မတက်တဲ့သူတွေကို သိသလောက် တော့ ကိုးယောက်ရှိပါပြီ။
ဘာကြောင့် တောင်အာဖရိက နိုင်ငံက ဒလိုင်းလားမားကို ဗီဇာ ငြင်းဆိုရတာပါလဲ။
ဒါကတောင်အာဖရိက နိုင်ငံတစ်ခုတည်းမဟုတ်ပါဘူး။ တရုတ်က တောင်အာဖရိကကို ဖိအားပေးတယ်။ တောင်အာဖရိ က,ကလည်း တရုတ်ဖိအားကို လက်ခံယူပြီး ဘုန်းတော်ကြီး ဒလိုင်းလားမားကို ဗီဇာငြင်းတယ်။ ဒါကို တရုတ်က လူသိရှင်ကြား တောင်အာဖရိကကို ချီးကျူး တယ်။ ‘‘မှန်ကန်တဲ့ရပ်တည်မှု အတွက်’’တဲ့။ တရုတ်က ကျွန်မ တို့ရဲ့ နိုဗယ်ငြိမ်းချမ်းရေးဆုရှင် တစ်ဦးကိုလည်း ဖမ်းဆီးထိန်း သိမ်းထားတယ်။ ယူဂျာဘောင်ကို ဖမ်းထားတယ်။ ဒါတွေအားလုံး ကိုပေါင်းခြုံလိုက်မယ်ဆိုရင် ကျွန်မတို့ ဘယ်လိုနည်းနဲ့မှ ဒါကို အားပေးထောက်ခံလို့မရတော့ပါ ဘူး။
ပြန်ကြည့်မယ်ဆိုရင် တရုတ် ရဲ့ တရားဝင်ကြေညာချက်က သူ တစ်ပါးရဲ့ ပြည်တွင်းရေးကို ဝင် မစွက်ဖို့ဆိုတာလေ။ ဒါကတရုတ် ရဲ့ နာမည်ကြီးနိုင်ငံရေးဝါဒဖြန့်တဲ့ စကားပါ။ ဒါပေမဲ့ သူတို့က ဘုန်း တော်ကြီးဒလိုင်းလားမားနဲ့ပတ် သက်လာရင် တခြားတိုင်းပြည် တွေရဲ့ ဆုံးဖြတ်ချက်တွေကို ဝင် စွက်ဖက်ဖို့ သင့်လျော်နေပြန်ပါ လား။ တောင်အာဖရိက,က ဘုန်း တော်ကြီးကို ဗီဇာငြင်းလိုက်တဲ့ အပေါ် တရုတ်က ချီးကျူးဂုဏ်ပြု လိုက်တဲ့လုပ်ရပ်ဟာ လက်ခံနိုင် စရာမရှိပါဘူး။ ကျွန်မတို့ငြိမ်းချမ်း ရေးဆုရှင်မိတ်ဆွေကိုဖမ်းဆီး ထားတဲ့အပေါ်မှာလည်း သဘော မတူဘူး။ တရုတ်နိုင်ငံကြောင့် တောင်အာဖရိက,က ဘုန်းတော် ကြီးကို ငါးနှစ်အတွင်း ဗီဇာသုံး ကြိမ်ငြင်းဆိုခဲ့တဲ့အပေါ်မှာလည်း သဘောမတူဘူး။ ဒီတော့ ရှင်းပါ တယ်။ ကျွန်မတို့မသွားဘူး။ တရုတ်ပြည်က ငြိမ်းချမ်းရေးဆု ရှင်ကို ထောင်ချထားသလို သူ့ ဇနီးကိုလည်း နေအိမ်အကျယ်ချုပ် ချထားတယ်။ စိတ်ဓာတ်ဖိစီးမှု တွေအများကြီးရှိနေတယ်လို့ကြား တယ်။
မြန်မာနိုင်ငံမှာလည်း နိုဗယ်ငြိမ်း ချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစု ကြည်ဟာ အရင်ကအတော်ကြာ အောင် နေအိမ်အကျယ်ချုပ်ကျခံ ခဲ့ရပါတယ်။ အခုတော့ မဟုတ် တော့ပါဘူး။ ဒေါ်အောင်ဆန်းစု ကြည်က နိုဗယ်ညီလာခံကိုသွား မယ်လို့ သိထားပါသလား။
ဒေါ်စုကိုဖိတ်တာ သူသွား မယ်၊ မသွားဘူးဆိုတာတော့ ကျွန်မမသိရပါဘူး။ ပွဲကျင်းပတဲ့ ကော်မတီကပဲသိပါလိမ့်မယ်။
အောက်တိုဘာ ၁၃ ရက်မှ ၁၅ ရက်အထိ ကျင်းပမည့် အဆို ပါနိုဗယ်ငြိမ်းချမ်းရေးညီလာခံသို့ ယခင်ရုရှားသမ္မတမီခေးဂေါ်ဘာ ချော့ဖ်အပါအဝင် ရှစ်ဦးနှင့်အဖွဲ့ အစည်းရှစ်ခုတို့က တက်ရောက် မည့်အကြောင်း အကြောင်းပြန် ထားသည်ဟု စီစဉ်သူများက ဆို သည်။ သို့ရာတွင် နိုဗယ်အမျိုး သမီးခြောက်ဦး၏ သပိတ်မှောက် သည့်    ကြေညာချက်ထွက်ပြီး နောက်ပိုင်း   အပြောင်းအလဲရှိ၊ မရှိမသိရသေးပေ။   အာဖရိက ခေါင်းဆောင်နယ်လ်ဆင်မန်ဒဲ လားရှိနေစဉ်က သူကိုယ်တိုင်ဖိတ် ကြားကြိုဆိုခဲ့သဖြင့် တောင်အာ ဖရိကသို့ ဘုန်းတော်ကြီးဒလိုင်း လားမား သုံးကြိမ်သွားရောက်ခဲ့ သော်လည်း ၂၀၀၉ ခုနှစ်နောက် ပိုင်း ဗီဇာငြင်းပယ်ခံထားပြီး ယင်း မှာ တရုတ်နိုင်ငံ၏ ဖိအားကြောင့် ဖြစ်ကြောင်း သိရသည်။
http://7daydaily.com/story/21549#.VCcM2GPczNk

No comments:

Post a Comment