Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, September 27, 2014

ဂျပန်နိုင်ငံ အလယ်ပိုင်းတွင် မီးတောင်တစ်လုံးပေါက်ကွဲ



စက်တင်ဘာ (၂၇)ရက်က ဂျပန်နိုင်ငံတွင် မီးတောင်တစ်လုံး ပေါက်ကွဲရာ လူ(၈)ဦးခန့် ဒဏ်ရာများ ရရှိခဲ့ပြီး လေယာဉ် လမ်းကြောင်းများ အရေးပေါ် ပြင်ဆင် သတ်မှတ်ခဲ့ရကြောင်း သတင်းရရှိသည်။
နိုင်ငံအလယ်ပိုင်းရှိ အွန်တာကီ မီးတောင်ထိပ်တွင် မီးခိုးပြာများ မှုတ်ထုတ်နေပြီး တောင်စောင်းတလျှောက် ချော်ကျောက်များလည်း လိမ့်ဆင်းနေခဲ့ကြောင်း မျက်မြင်များက ဆိုသည်။ မီးတောင် ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူ အရေအတွက်သည် လက်ရှိထက် တိုးလာနိုင်ကြောင်းလည်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
“မိုးခြိမ်းသံလို အသံကြီး ကြားလိုက်ရတယ်။ ဆက်တိုက် ပေါက်ကွဲတဲ့ အသံတချို့ ကြားပြီးတဲ့နောက် ပတ်ဝန်းကျင်မှာ မှောင်သွားတော့တာပဲ”ဟု မီးတောင်အနီး ဒေသတစ်ခုမှ အမျိုးသမီး တစ်ဦးက ဆိုသည်။ မီးတောင်မှ မှုတ်ထုတ်လိုက်သော ချော်ပြာများကြောင့် ကောင်းကင်ယံတွင် မှုန်မှိုင်းနေသလို နေရောင်ကျရောက်မှုလည်း လျော့နည်းသွားခြင်း ဖြစ်သည်။
တိုကျိုမြို့ အနောက်ပိုင်းရှိ အဆိုပါ မီးတောင်သည် မွန်းတည့်ချိန် မတိုင်ခင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး မီးတောင်နှင့် (၂)မိုင်မျှ အကွာထိ ပြာများ လွင့်စင်ခဲ့သည်။ သို့သော်လည်း မီးတောင် ပတ်ဝန်းကျင်တွင် ပူပြင်းသော ချော်ရည်များ စီးထွက်လာမှု မရှိသေးဟု ဆိုသည်။ “လူ(၇)ယောက်က ဒဏ်ရာ နည်းနည်းစီ ရခဲ့တယ်။ (၁)ယောက်ကတော့ မီးတောင် ပေါက်ကွဲတဲ့ အရှိန်နဲ့ လွင့်စင်လာတဲ့ အစအနတွေ ထိမှန်ပြီး ဒဏ်ရာပြင်းသွားတယ်”ဟု နာဂါနို မီးသတ်ဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
မီးတောင်ပေါက်ကွဲမှု ဖြစ်ပွားသည့်နောက် အဆိုပါ ဒေသရှိ လေယာဉ်ပျံသန်းမှု လမ်းကြောင်းများကို အရေးပေါ် ရှင်းလင်းပြီး လမ်းကြောင်းပြောင်း စေခဲ့ရကြောင်း သိရသည်။ NHK သတင်းဌာနက မီးတောင်နှင့် အနီးတဝိုက်တွင် လူ(၂၅၀၀)မျှ ပိတ်မိနေပြီး ၎င်းတို့ကို ရွှေ့ပြောင်းပေးရန် လုပ်ဆောင်နေကြောင်း ဆိုသည်။ အဆိုပါ မီးတောင်သည် (၂၀၀၇)ခုနှစ်က နောက်ဆုံး ပေါက်ကွဲထားခဲ့ဖူးသည်။
_Ref: Reuters
http://7daydaily.com/story/21559#.VCcOU2PczNk

No comments:

Post a Comment