ဒေသထွက်ဆေးမြစ် များလိမ်းရာမှ ညာဘက်ပေါင်ရှိ အ ရိုးများပေါ်လာသည်အထိ ဝေဒနာ
ခံစားနေရသည့် လူနာအမျိုးသမီး ငယ်မှာ အသားအစားထိုးပြီး လရှည်ကုသမှု
ခံယူရမည်ဖြစ် ကြောင်း သတင်းရရှိသည်။
ရေဦးမြို့နယ်အတွင်း နေ ထိုင်သည့် အသက် (၁၄) နှစ်အ ရွယ်
လူနာအမျိုးသမီးငယ်မှာ လွန်ခဲ့သည့် တစ်လခန့်က တံ မြက်စည်းလှည်းရာမှတစ်ဆင့်
ချော်လဲခဲ့၍ အိမ်ရှိ သစ်ခေါက် တစ်မျိုးကို သွေးလိမ်းခဲ့ရာ ပေါင်
နှင့်ခြေသလုံး ၀န်းကျင်တွင် ရေ ကြည်ဖုများ ထွက်ပေါ်ခဲ့သည်။
ထို့ကြောင့် မုံရွာဆေးရုံကြီး တွင် ၂၇ ရက်ကြာအောင် တက် ရောက်ပြီး
အနာများအား ကုသမှု ပြုလုပ်ခဲ့ရသည်။ မသက်သာ၍ မန္တလေးမြို့ ၂၆ လမ်းရှိ အရိုးအ
ထူးကုဆေးရုံကြီးတွင် လာရောက် ဆေးကုသမှုခံယူနေရခြင်း ဖြစ် သည်။
အရိုးအထူးကုဆေးရုံကြီးသို့ ရောက်ရှိသည်မှာ ဆယ်ရက် ကျော်ကြာသည့်အချိန်ထိ
လူနာ အား ဆေးထိုးခြင်း၊ ဆေးသွင်း ခြင်း၊ ဆေးတိုက်ခြင်းများ ပြုလုပ်
ပေးထားပြီး အနာများ အသားနု တက်လာသည့် အချိန်တွင် အသားကပ်သည့်နည်းဖြင့်
ကုသ မှုခံယူရမည်ဖြစ်ကြောင်း ဆေးရုံ ကြီးတွင် ကုသပေးနေသည့် ဆရာ ၀န်ကြီးများက
ဖြေကြားထား ကြောင်း လူနာ၏ မိခင်ဖြစ်သူ ဒေါ်ဦးက ပြောသည်။
‘‘ဆရာကြီးတွေကတော့ သက်သာတယ်ပြောတာပဲ။ လ ရှည်ကုရမယ့် ရောဂါလို့လည်း ပြောတယ်။ အခုချိန်မှာတော့ ဘာမှမလိုသေးပါဘူး’’ ဟု ၎င်းက ပြောသည်။
လရှည်ဆေးကုသမှုခံယူရ မည်ဖြစ်သောကြောင့် လူနာအ တွက်
ဆေးဖိုးလှူဒါန်းလိုသူများအ နေဖြင့် ၆၂ လမ်းရှိ အရိုးအထူးကု ဆေးရုံကြီး၊
အဆောင် (၃)၊ ခု တင်အမှတ် (၃၉) သို့ တိုက်ရိုက် ဆက်သွယ် လှူဒါန်းနိုင်သလို
ဖုန်းနံပါတ် ၀၉-၃၃၆၇၅၂၉၇ သို့လည်း ဆက်သွယ်လှူဒါန်းနိုင် သည်။
7day daily
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, September 23, 2014
ဆေးမြစ်များ လိမ်းရာမှ အရိုးပေါ်သည်အထိ ဝေဒနာခံစားခဲ့ရသူကို အသားအစားထိုးကုသမည်
ဆေးမြစ်များ လိမ်းရာမှ အရိုးပေါ်သည်အထိ ဝေဒနာခံစားခဲ့ရသူကို အသားအစားထိုးကုသမည်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
September 23, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
September 23, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment