Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 23, 2014

လပတ်စာမေးပွဲတွင် အဆင့်ကျသည့်ကိစ္စ မိဘဆူမည်ကို စိုးရိမ်၍ ၎င်းင်းကိုယ်တိုင် ပြန်ပေးဆွဲခံရသည့်ပုံစံ ပြုလုပ်သော န၀မတန်းကျောင်းသူအား ပြန်လည်တွေ့ရှိ


စမ်းချောင်းမြို့မရဲစခန်းတွင် လူပျောက်တိုင်တန်းခဲ့သည့် အသက် ၁၃ နှစ်အရွယ် မိန်းကလေးအား ပြန်လည်တွေ့ရှိပြီဖြစ်ကြောင်း စက်တင်ဘာ ၂၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၂ဝ ရက် ညနေ ၅ နာရီခန့်တွင် ပန်းဘဲတန်းမြို့နယ်နေ ဦး……. သည် မိသားစုနှင့်အတူ ၎င်းပိုင်မော်တော်ယာဉ်ဖြင့် စမ်းချောင်းမြို့နယ်၊ ကျွန်းတောတောင်ရပ်ကွက်၊ ဗားကရာလမ်းပေါ်ရှိ ကုန်စုံဆိုင်တစ်ဆိုင်သို့ သွားရောက်ခဲ့ပြီး ဒဂုံမြို့နယ်၊ အ.ထ.က(၁)မှ နဝမတန်းကျောင်းသူဖြစ်သည့် သမီးဖြစ်သူ မ……… (၁၃) နှစ် အား ကားအတွင်းထားခဲ့ကြောင်း သိရသည်။
ဆိုင်အတွင်းမှ ဈေးဝင်ဝယ်ပြီးပြန်လာစဉ် ကားအတွင်း၌ သမီးဖြစ်သူအား မတွေ့ရှိသဖြင့် စမ်းချောင်းမြို့မရဲစခန်းသို့ လူပျောက်လာရောက်တိုင်တန်းခဲ့ခြင်း ဖြစ်သည်။
အဆိုပါတိုင်တန်းမှုကို စမ်းချောင်းမြို့မရဲစခန်းက ၂၁/၂ဝ၁၄ ဖြင့် ရေးဖွင့်ပြီး စုံစမ်းဆောင်ရွက်ခဲ့ရာ ပျောက်ဆုံးသူ မ……..နှင့်အတူ ပါရှိသွားသည့် ဖုန်းနံပါတ်မှ ယင်းနေ့ ညခုနစ်နာရီခွဲခန့်တွင် လသာမြို့နယ်၊ လသာလမ်း၌ ငွေကျပ်သုံးသိန်းဖြင့် လာရောက်ခေါ်ဆောင်ရန် မိခင်ဖြစ်သူ၏ ဖုန်းနံပါတ်အား Message ပေးပို့ခဲ့သည်ကိုသိရှိရပြီး စက်တင်ဘာ ၂၁ ရက် နံနက် ၇ နာရီခန့်တွင် မ……..မှာ ၎င်းနေအိမ်သို့ ပြန်လည်ရောက်ရှိလာကြောင်း မိဘများမှ ရဲတာဝန်ရှိသူများကို အကြောင်းကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် ရဲတာဝန်ရှိသူများ သွားရောက်တွေ့ဆုံမေးမြန်းရာ မ……..သည် ကားပေါ်တွင် တစ်ဦးတည်းရှိနေစဉ် ကားပေါ်မှဆင်းကာ အနီးရှိ သီလရှင်ကျောင်းဝင်းအတွင်း ဝင်၍ သိမ်ကျောင်းရှေ့တွင် တစ်ညလုံးပုန်းအောင်နေခဲ့ကြောင်း၊ မိဘများက လိုက်မရှာနိုင်စေရန် ရည်ရွယ်၍ ၎င်းအား ပြန်ပေးဆွဲခံထားရသကဲ့သို့ မိခင်ထံသို့ ၎င်းကိုယ်တိုင် Message ပေးပို့ခဲ့ခြင်းဖြစ်ကြောင်းနှင့် မိခင်ကို သတိရသည့်စိတ်ဖြင့် နေအိမ်သို့ အငှားယာဉ်ဖြင့် ပြန်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုကဲ့သို့ပြုလုပ်ရသည့်အကြောင်းရင်းအား မေးမြန်းရာ ၎င်းအား အိမ်မှုကိစ္စများတွင် စည်းကမ်းမရှိကြောင်း မိခင်ဖြစ်သူက မကြာခဏဆူပူဆုံးမခြင်း၊ စက်တင်ဘာလ ပတ်စာမေးပွဲတွင် အဆင့်(၉)မှ (၁၄)သို့ ကျဆင်းသွားသဖြင့် မိခင်ဆူပူမည်ကိုစိုးရိမ်ကာ Report Card တွင် အဆင့် ၁ဝ ဟု ပြင်ဆင်ရေးသားခဲ့သည့်အတွက် အတန်းပိုင်ဆရာမ နှင့် မိခင်ဖြစ်သူတို့ တွေ့ဆုံရမည့်ကိစ္စကို စိုးရိမ်စိတ်ဖြစ်ပွားခဲ့ခြင်းတို့ကြောင့် စိတ်ဖိစီးမှုများပြီး စိတ်ထွက်ပေါက်ရရှိစေရန် ရည်ရွယ်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Eleven Media

No comments:

Post a Comment