Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, September 28, 2014

မွန်လူငယ်( ၁၇ )ဦးထံမှမေ၀င်းကုမ္ပဏီကျပ်ငွေသိန်းတစ်ရာကျော် လိမ်ယူကိစ္စညှိနှိုင်းမှုဖြင့်ကျေအေး


စက်တင်ဘာ ၂၈
ကျပ်ငွေ ခြောက်သိန်းကျော် ခန့်ကုန်ကျပြီးလာရောက်ခဲ့ကြရသည့် မွန် အလုပ်သမား
၁၇ဦးအား ဘန်ကောက် MOEAF တာဝန်ကျသူနှင့်  MAT တို့  ကြားဝင်ညှိနှိုင်းမှုဖြင့်
ကျေအေးခဲ့ကြကြောင်း သိရှိရသည်။

မေ၀င့်ကုမ္ပဏီနှင့် အတူတကွ အလုပ်လုပ်ကြသည့်  မင်းထက်နိုင် ဆိုသူနှင့်မွန်ပွဲစားအမျိုးသမီးတစ်ဦးတို့က အလုပ်သမားများထံမှ ငွေယူထားကြကြောင်း ၀န်ခံပြောဆိုကြသည်။

             ပွဲစားမင်းထက်နိုင် က အလုပ်သမားများအား အလုပ်လုပ်ခွင့်ပါမစ်အား နောက်တစ်ပါတ်အတွင်း အပြီး လုပ်ကိုင်ပေးရန်နှင့် တစ်ဦးလျှင် ဘတ်ငွေ ၂,၅၀၀ စီအားပြန်ပေးရန်သဘောတူသည်။ ထို့အပြင် အလုပ်သမားတစ်ဦးလျှင် ကျပ်ငွေ တစ်သိန်းစီတို့အားလည်း စက်တင်ဘာလ ၃၀ ရက်နေ့တွင် ပြန်လည်ပေး အပ်ရန် မေ၀င့်ကုမ္ပဏီ တာဝန်ရှိသူ ဦးမြင့်အောင်က တာဝန်ယူခဲ့သဖြင့် အလုပ်သမားများ ကျေနပ်ခဲ့ကြသည်။

ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT အတွင်းရေးမှူး ကိုခိုင်ကြီး က“ အလုပ်သမားတွေ ကျေနပ်ရင်ပြီးတာပါပဲ။ လုပ်ငန်းစဉ်တွေတော့မှားနေတယ်။ ကျနော်တို့နဲ့ တွေ့လို့တော့  အဆင်ပြေသွားတာပေါ့။ ကျနော်တို့မသိတဲ့ အလုပ်သမားတွေကို ကုမ္ပဏီတွေ ဘယ်လောက် မတရား လုပ်ထား ကြသလဲ။ နက်ဖြန်လည်း MOU ကိစ္စပဲ ကျနော်တို့ သွားရှင်းရအုံးမယ်။ အလုပ်သမားတွေက အားကိုးရာမဲ့တယ်။ ကျနော်တို့ကို အကူညီတောင်းကြတယ်။ ကျနော်တို့ကို အေဂျင်စီတွေက အမြင် မကြည်ကြဘူး။ ကျနော်တို့မှ ဒီအလုပ်သမားတွေကိုမကူညီရင်လည်း ကူညီမယ့်သူက မရှိဘူး” ဟုပြောသည်။


   အလုပ်သမားများနှင့် ပွဲစားတို့၏ သဘောတူညီချက်အရ  အလုပ်လုပ်ခွင့်ပါမစ်တွင် ပြောင်းရွှေ့ခွင့်ပါ တစ်ခါ တည်းလုပ်ပေးပြီး အလုပ်အကိုင်ကိုမူ အလုပ်သမားများ မိမိဖာသာရှာဖွေလုပ်ကိုင် ကြမည်ဖြစ်ကြောင်း သဘောတူညီကြသည်။

ရွှေလုပ်သား

No comments:

Post a Comment