Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, September 28, 2014

အရွယ်မရောက်သေးသည့်ကလေး စပယ်ယာလုပ်နေရ

အရွယ်မရောက်သေးသည့် ကလေးကို ခရီးသည်တင်ယာဉ် လိုင်း၌ စေခိုင်းနေမှုရှိလာ
သည့် အတွက်မထသတာဝန်ရှိသူများအနေဖြင့် စိစစ်ကြပ်မတ်ရန်လို အပ်နေပြီဖြစ်ကြောင်း ခရီးသွား  တချို့ကပြောကြားကြသည်။

ယင်းကဲ့သို့စေခိုင်းမှုကိုတွေ့  မြင်ခဲ့ရသည့်ခရီးသွားတစ်ဦးက “မထသ ၃၂ ယာဉ်လိုင်းကို တက်စီးတယ်။  ယာဉ်စီးခလာ တောင်းသူကိုကြည့်လိုက်တော့  ကလေးအရွယ်ပဲရှိသေးတယ်။ အသက်က ၁၁ နှစ်ယောက်ပဲရှိ မယ်။ ကိုယ့်သားအရွယ်လောက်  ပါပဲ။ ကိုယ်ကသာကလေးအရွယ်  လို့ထင်တာ။ သူကလည်း ခေသူ မဟုတ်ဘူး။ လူကြီးစပယ်ယာတွေ အတိုင်းပဲ။

 အော်လိုက်၊ ငေါက် လိုက်နဲ့ သွက်လိုက်တာမှ လှစ်နေ  တာပဲ။ ဒီအရွယ်တွေက လိုင်းကား ပေါ်မှာရှိရမယ့်အရွယ်တွေမဟုတ်  ဘူးလေ။ စာသင်ကျောင်းထဲမှာ ရှိရမယ့်အရွယ်လို့ကိုယ်ကတော့    ထင်တယ်။ လိုင်းကားစပယ်ယာ အလုပ်ဆိုတာ ပင်ပန်းသလိုအန္တ ရာယ်လည်းများတယ်။ တစ်ခုခု ဖြစ်ရင်အဲဒီကလေးကိုဘယ်လို အရေးယူမလဲ။ ဒီကလေးတစ်ခုခု ဖြစ်ရင်ရောဘယ်သူကတာဝန်ယူ ပေးမှာလဲ။ မထသအနေနဲ့ အရွယ်  မရောက်သေးသူတွေကို ယာဉ် လိုင်းမှာ အလုပ်ခန့်ရင်အရေးယူ ပေးစေချင်တယ်”ဟုပြောသည်။

မြန်မာနိုင်ငံ၌အရွယ်မရောက်  သေးသူများကို ပင်ပန်းသည့် အလုပ်များ ခိုင်းစေခွင့်မရှိဘဲစေ ခိုင်းခဲ့ပါက ကလေးသူငယ်ဥပဒေ  အရအရေးယူနိုင်ကြောင်း သိရပြီး  မြန်မာ့တပ်မတော်က  အရွယ် မရောက်သေးသူများကိုတပ်သား   သစ်အဖြစ်စုဆောင်းခဲ့သောကြောင့်  တိုင်ကြားမှုများရှိခဲ့ပြီး တပ်မတော်  မှပြန်လည်နုတ်ထွက်ခွင့်ပြုရသည့်  ဖြစ်စဉ်များလည်းရှိခဲ့ဖူးသည်။

Hot News Journal

No comments:

Post a Comment