Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, September 20, 2014

ကြုံဖူးတဲ့ ရွှေဝါရောင် (၁)


ကြုံဖူးတဲ့ ရွှေဝါရောင် (၁)
၈၈ တုန်းက ဆူဆူပူပူလုပ်လို့ စစ်တပ်ဆိုတာ မိုးပေါ်ထောင်မပစ်ဘူး ပြောခဲ့ရတယ်။
အင်း-အင်း ထားပါတော့ဗျာ။ ရန်ကုန်မြို့က ကိစ္စတွေကို ကိုယ်လည်း မမြင်ခဲ့ရဘူးကိုး။ ဒါပေသိ ၂၀၀၇ တုန်းက အေးအေးချမ်းချမ်းဆန္ဒပြနေရဲ့သားနဲ့ဘာလို့များ ဒဲ့ပစ်ရတာလဲဗျာ။ ဒါကတော့ ကိုယ့်ရှေ့မှာတင်ဖြစ်တဲ့ ကိစ္စတွေ။
စက်တင်ဘာ(၂၈)ရက်နေ့ မနက်က ဆူးလေဘုရားလမ်းနဲ့ အနော်ရထာလမ်းထောင့်မှာ ဆန္ဒပြကြတယ်။ အဲ့ဒီတုန်းက အဲ့ဒီနားမှာ ကျနော်ရှိနေတယ်။ မှတ်မိနေတာတော့ အဲ့ဒီတုန်းက ကိုရဲလွင်ပါတယ်။ ပထမတော့ သူ့ကို ကိုရဲလွင်မှန်းမသိဘူး။ မုတ်ဆိတ်ဖွားဖွားနဲ့ လူကြီးတစ်ယောက်လို့ပဲ သိထားတာ။ နောက် သေသွားတဲ့ ဂျပန်သတင်းထောက် နာဂါအိလည်း ရှိနေတယ်။ သူက ဟိုဘက်ပြေး ဓာတ်ပုံရိုက်၊ ဒီဘက်ပြေးပြီး ရိုက်လိုက်လုပ်နေတာ။ အဲ့တုန်းက သူကဘောင်းဘီတိုနဲ့၊ တီရှပ်နဲ့ ဖြုန်းကနဲကြည့်လိုက်တော့ - အော် လသာဘက်က တရုပ်ကြီးတစ်ယောက် ၀ါသနာအရ လာရိုက်နေတယ် ထင်တာ။ မနက်ပိုင်း စစချင်းမှာ ဆန္ဒပြတဲ့ လူအုပ်ကြီးက အနော်ရထာလမ်း၊ ရွှေလွန်းပျံစတိုးဆိုင်၊ Excellent စားသောက်ဆိုင်(ယခင် ရွှေကြည်အေးလက်ဖက်ရည်ဆိုင်) ရှေ့မှာ မတ်တပ်ရပ်ပြီး အော်ကြဟစ်ကြတယ်။ အဲ့ဒီအချိန်မှာ လုံထိန်းတွေက ဆူးလေးမီးသတ်ဘေးနားက စိန်ရွှေရတနာရောင်းတဲ့ဆိုင်လား ဘာလား - အဲဒီ့နားမှာ ရှိနေတယ်။ အဲဒီဆိုင်က ဘယ်ဗိုလ်ချုပ်ကြီးရှယ်ယာပါတယ်ဆိုလားပဲ။ လုံးဝ အပျက်အစီး အထိအခိုက် မဖြစ်စေနဲ့လို့ စက်သတင်းနဲ့အမိန့်ပေးထားလို့ လုံထိန်းတွေက မနေ့(၂၆ ရက်နေ့ထဲက) အမ်(၇၉) ဗုံးသီးသုံးလုံးပစ်ခွဲပြီး စောင့်ရှောက်ထားရတဲ့နေရာ။ ဆူးလေမှာ ဗုံးသီး(၃)လုံးပဲ ပစ်ရသေးပေမဲ့ အဲဒီနေ့က ရွှေတိဂုံ တောင်ဘက်မုခ်မှာတော့ ဗုံးသီးရာနဲ့ချီပစ်ခဲ့တယ်။
၂၀၀၇၊ စက်တင်ဘာလ ၂၆ ရက်နေ့ နေ့လည်က ရွှေတိဂုံအရှေ့ဘက်မုခ်ကို ရောက်နေတဲ့ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီတို့အဖွဲ့ကို ထောင်နဲ့ချီတဲ့ သံဃာတွေ၊ ပြည်သူတွေက လမ်းတွေ အဘက်ဘက်က ၀င်လာပြီး ၀ိုင်းလိုက်တယ်။ ခမရ(၇)နဲ့ ရဲတပ်ရင်းတွေက ပြန်အဲဒီမှာ ရဲချုပ်ခင်ရီလည်း နည်းနည်းသွေးပျက်သွားတယ်။ သူတို့ကို ဖြိုခွဲပြီး ဖောက်ထွက်ဖို့ ဒေါ်အောင်ဆန်းစုကြည် အိမ်နားမှာ အစောင့်ချထားတဲ့ အကြမ်းဖက်နှိမ်နှင်းရေးတပ်ခွဲကို လှမ်းခေါ်တယ်။ ကံဆိုးချင်တော့ ဟိုတပ်ခွဲက အမြန်လာပေမဲ့ လမ်းမှာ ကားပျက်နေတာနဲ့ နောက်ကျသွားတယ်။ နောက်ပြီး စစ်ဒေသ(၃) စစ်ဒေသမှူးနဲ့ စွမ်းအားရှင်တွေက ကြေးသွန်းဘုရားကြီးအနားမှာ ဆန္ဒပြတဲ့ ဘုန်ကြီးတွေနဲ့ ပြည်သူတွေကို ၀ိုင်းရိုက်မလို့ စီစဉ်ထားပေမဲ့ ပြည်သူတွေ အင်အားများနေတော့ အစီအစဉ်မဖြစ်လိုက်ဘူး။ နောက်ပြီး စွမ်းအားရှင်တွေကလည်း ပြည်သူတွေအင်အားကို ကြည့်ပြီး ကြောက်အားလန့်အားနဲ့ ထွက်ပြေးကုန်တယ်။ နောက်တော့မှ ခမရ(၇)နဲ့ ခြောက်ထပ်ကြီးမှာ ချာထားတဲ့ လုံထိန်းတပ်တွေက ရဲချုပ်နဲ့အဖွဲ့ကို ပြန်ကယ်ထုတ်လိုက်ရတယ်။ ၂၆ ရက်နေ့က ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်ဖြစ်စဉ်တစ်ခုထဲမှာပဲ အမ်(၃၇)ဗုံးသီး(၁၀၉)လုံးနဲ့ မီးခိုးဖြူလက်ပစ်ဗုံး(၁၄၃)လုံး သုံးခဲ့ရတယ်လို့ လက်အောက်ခံတပ် ရဲတပ်ရင်းတွေက အစီရင်ခံတင်ပြလာကြတယ်။ ဒါတောင် ကျန်တဲ့လက်နက်ငယ်ကျည်တွေ မပါသေးဘူး။ ခမရ(၇) က ကျည်သုံးစာရင်းတွေ မပါသေးဘူးတဲ့။ သြော် - လက်ပစ်ဗုံးနဲ့ ဗုံးသီးအလုံး(၂၅၀) ကျော်သုံးပြီး ပြည်သူတွေနဲ့ သံဃာတွေ တိုက်ခဲ့တဲ့ တိုက်ပွဲပါလား။
(ပုံ-၂၀၀၇ စက်တင်ဘာလ(၂၆)ရက်နေ့ ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်သို့ ရဲချုပ် ခင်ရီ ရောက်ရှိစဉ်)
Moe Zay Nyein

No comments:

Post a Comment