Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, September 1, 2014

သတင်းထောက် ၅၀ အား ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ထားခြင်းကို ပယ်ဖျက်

(ဓာတ်ပုံ- နစ်ကီ)
ရန်ကုန် - သမ္မတဦးသိန်းစိန်ကို ဆန္ဒပြခဲ့သည့် သတင်းထောက်များအား ကမာရွတ်မြို့နယ် ရဲစခန်းက ပုဒ်မ ၁၈ ဖြင့် အရေးယူထားမှုကို ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း ကမာရွတ်မြို့နယ် ရဲတပ် ဖွဲ့မှူး ဒုရဲမှူး မောင်မောင်ဦးက ပြောကြားသည်။
သမ္မတ ဦးသိန်းစိန်အား ဆန္ဒပြမှုကြောင့် သတင်းထောက် ၅၀ ခန့်ကို ကမာရွတ်မြို့နယ် ရဲစခန်းက  ပုဒ်မ ၁၈ ဖြင့် အရေးယူထားသည်ဟု ဇူလိုင်လအတွင်းက ပြောဆိုထားသည်။
‘‘ဆန္ဒပြတဲ့ သတင်းထောက် တွေကို အရေးယူထားတာ မရှိ တော့ပါဘူး။ ပယ်ဖျက်လိုက်ပါပြီ။ ဘာကြောင့် ပယ်ဖျက်လိုက်တယ်ဆိုတာ လုပ်ထုံးလုပ်နည်းအရ ပြောလို့မရပါဘူး။ သတင်း ထောက်တွေကို အရေးယူထား တာ မရှိတော့ပါဘူး’’ဟု ဒုရဲမှူး မောင်မောင်ဦးက 7Day သတင်း ဌာနသို့ အတည်ပြုပြောကြားသည်။
ဇူလိုင်လ ၁၂ ရက်တွင် MPC၌ အနုပညာရှင်များနှင့် သမ္မတ တွေ့ဆုံသော ပွဲကို သတင်း ထောက်အများစုက ၀င်ရောက် သတင်းယူခြင်းမပြုလုပ်ဘဲ MPC ခန်းမရှေ့၌ ရပ်နေကြသည်။ ထို အချိန်တွင် သတင်းထောက် ၂၀ ခန့်က ‘‘မီဒီယာဖိနှိပ်မှုရပ်’’စာတန်းပါ အင်္ကျီများဝတ်ဆင်၍ သတင်းယူရန် လာရောက်သောကြောင့် ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့စခန်း မှူး မောင်မောင်ဦးက အဆိုပါ သတင်းထောက်များကို MPC ရှိရာရွှေလီလမ်းထဲသို့ ၀င်ရောက်ခွင့် မပေးဘဲတားဆီးခဲ့သည်။ ထိုသို့ တားဆီးခဲ့သောကြောင့် ၎င်းသတင်းထောက်များက ပါးစပ်တွင် တိပ်အမည်းများ ကြက်ခြေ ခတ်ကပ်၍ ကင်မရာများအောက်ချကာ ငြိမ်သက်စွာ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

No comments:

Post a Comment