ပါတော်မူဇာတ်တော်ကြီးမှာ စု ဖုရားလတ်နေရာကနေ ပီပြင်စွာ သရုပ်
ဆောင်ပြနိုင်ခဲ့သူကတော့ တင်ဇာမိုးဝင်းပဲဖြစ်ပါတယ်။ စုဖုရားလတ်အဖြစ်
ပီပြင်စွာသရုပ်ဆောင်နိုင် ဖို့အတွက် လည်း တင်ဇာမိုးဝင်းကစာအုပ်တွေဖတ်၊
အရင်တုန်းက ပါတော်မူရေဒီယိုဇာတ် လမ်း၊ အခွေတွေ နားထောင်ရင်း ကြို
တင်လေ့လာမှုတွေ အကြိမ်ကြိမ်လုပ် ခဲ့ပါတယ်။တင်ဇာမိုးဝင်းကသူ့အနေနဲ့
ပါတော်မူဇာတ်တော်ကြီးမှာ စုဖုရား လတ်အဖြစ် သရုပ်ဆောင်ရတော့မယ်
ဆိုကတည်းကစုဖုရားလတ်ရဲ့အကြောင်း တွေကိုလေ့ လာပြီးနေ့စဉ်စုဖုရားလတ်
အကြောင်းပဲ တွေးနေခဲ့ပြီး ပွဲကပြတဲ့ အခါာသသိ ရနေအောင်လုပ်ဆောင်
ခဲ့ကြောင်း၊ ဒီလိုလေ့လာရင်းနဲ့ စုဖုရား လတ်ရဲ့ အကြောင်းတွေကို ပိုမိုသိလာ
ခဲ့ရကြောင်းပြောပါတယ်။တင်ဇာမိုးဝင်း က သြဂုတ် ၃ဝရက်နေ့က
ရွှေတိဂုံဘုရားလမ်းပေါ်တောင်ဘက်မုခ်အနီး တွင်ထားရှိထားတဲ့စုဖုရားလတ်အုတ်ဂူ
ကို သွားရောက်ပြီး ဂါရဝပြုခဲ့ပါသေး တယ်။ “ဒါကြောင့်အစ်မအနေနဲ့တစ်
လုပ်စားဖူး သူ့ကျေးဇူးဆိုတဲ့အတိုင်း ပါပဲ။ သူ့နေရာမှာသရုပ်ဆောင်တဲ့အခါ
အစ်မအောင်မြင်တယ်။ အစ်မအနေနဲ့ သူ့ကို ကျေးဇူးရှင်လို့ သတ်မှတ်တယ်။
ဒါကြောင့်လည်း သူ့ကိုသွားကန်တော့ခဲ့ တယ်။ အစ်မရဲ့ စိတ်ကိုက သွားချင်ခဲ့
တာပါ။အစ်မအနေနဲ့ဆုတောင်းခဲ့ တယ်။” လို့ စုဖုရားလတ် အုတ်ဂူကို
သွားရောက်ဂါရဝပြုခဲ့ခြင်းနဲ့ပတ်သက် ပြီး တင်ဇာမိုးဝင်းက
ပြောပြပါတယ်။တင်ဇာမိုးဝင်းကသူ့ အနေနဲ့ကပြခဲ့တဲ့ သက်တမ်းတစ်ေ
လျှာက်မှာပါတော်မူ ဇာတ်တော်ကြီးမှာ စုဖုရားလတ်အဖြစ် သရုပ်ဆောင်ခဲ့တဲ့
ဇာတ်ရုပ်ကိုတော့အမှတ်တရအရှိဆုံးဖြစ်နေမှာပါလို့ ပြောခဲ့ပါတယ်။
လင်းအက္ခရာ
Popular Journal
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, September 9, 2014
စုဖုရားလတ်အုတ်ဂူသို့ တင်ဇာမိုးဝင်းသွားရောက်ဂါရဝပြုရခြင်းအကြောင်း
စုဖုရားလတ်အုတ်ဂူသို့ တင်ဇာမိုးဝင်းသွားရောက်ဂါရဝပြုရခြင်းအကြောင်း
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
September 09, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
September 09, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment