Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, September 19, 2014

မြန်မာပြည်ထဲကဘ၀တွေ

*** ၀ိုင်းဝန်းကူညီကြစေချင် ***
စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် ၃ နာရီခန့်က မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကူးမြို့နယ်၊ ရေမျက်ကျေးရွာတွင် မိုးများအဆက်မပြတ်ရွာသွန်းခဲ့ပြီး တောင်ကျချောင်းရေများကြောင့် လူဦးရေ ၁၀၀၀ ကျော်နှင့် အိမ်ထောင်စု ၁၅၀ ကျော်မှာ နေစရာမရှိ၊ စားဝတ်နေရေးအခက်အခဲများကိုနှင့် ရင်ဆိုင်ကြုံတွေ့နေရပါသည်။
နေအိမ်အဆောက်အဦ ၅၀ ခန့်မှာလည်း လုံးဝကို ပြန်လည်ပြင်ဆင်ရန် မဖြစ်နိုင်တော့ပဲ သဲနှုန်းများနှင့်အတူ ရေစီးမျှောပါ ပျက်စီးဆုံးရှုံးသွားခဲ့ပါသည်။ လက်ရှိ သဲနှုန်းများ နစ်မြုပ်နေသည့် နေအိမ် ၁၀၀ ကျော်ကို ပြန်လည်တူးဖော် ပြုပြင် လျက်ရှိနေပါသည်။
မိသားစုအများစုမှာ ထမင်းချက်ပြုတ်စားစရာ အိုးခွက်၊ ပန်းကန်များပင် မရှိတော့ပါ။ ထို့ကြောင့် စားသောက်ရေးမှာ အလွန်အခက်အခဲဖြစ်နေပါသည်။ ယခုအခါ ယာယီတဲများ ဆောက်လုပ်ကာ နေထိုင်စားသောက်နေကြရပါသည်။
ထို့ကြောင့် မန္တလေးမြို့ အမရရွှေကူ ပရဟိတလူမှုကူညီရေးအသင်းနှင့် Online ပရဟိတ Family အဖွဲ့တို့မှ ပူးပေါင်းကာ စက်တင်ဘာလ ၂၄ ရက်နေ့တွင် သွားရောက်လှူဒါန်းမည်ဖြစ်ပါသည်။
စေတနာရှင်မိဘပြည်သူများအနေဖြင့် သဘာဝဘေး အန္တရာယ်ကျရောက်ခဲ့သော ရေမျက်ကျေးရွာသို့ အစားအသောက်နှင့် အ၀တ်အထည်များ၊ အိုးခွက်ပန်းကန်များ၊ စောင်၊ ခြင်ထောင်၊ ဆေးဝါးများနှင့် ငွေကြေးများ လှူဒါန်းလိုပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ တိုက်ရိုက်ဆက်သွယ် စုံစမ်း လှူဒါန်းနိုင်ပြီး အဖွဲ့နှင့်အတူ ကိုယ်တိုင်ကိုယ်ကျ လိုက်ပါ လှူဒါန်းလိုပါကလည်း ဆက်သွယ်နိုင်ပါသည်။
ဆက်သွယ်ရန်
AungPh Shein - 09 444 027 100
Myo Gyi – 09 201 188 8
ကို ဝမ်း - 09 402 773 282
မောင် လူပျော်- 09 402 577 143
လေးစားစွာဖြင့်
ဖိုးစီ(ရွှေညောင်မြေ) 09 420 746 023
https://www.facebook.com/profile.php?id=100008215867835






No comments:

Post a Comment