Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, September 3, 2014

အလှအပနဲ့အမှန်တရား

=================
ဂရိဒဏ္ဍာရီမှာ ဂရိနတ်မင်းကြီး (Zeus) ဇူးစ်ဟာ
လောကကြီးကို ဖန်ဆင်းလိုက်တယ် ။ ကြယ်တွေကို ဖန်ဆင်းလိုက်တယ် ။ နေတွေ
လတွေကို ဖန်ဆင်းလိုက်တယ် ။ ကမ္ဘာမြေကြီးကို ဖန်ဆင်းလိုက်တယ် ။ တောတောင်
တွေကို ဖန်ဆင်းလိုက်တယ် ။ ပင်လယ်သမုဒ္ဒရာတွေကို ဖန်ဆင်းလိုက်တယ် ။
တိရစ္ဆာန်တွေကို ဖန်ဆင်းလိုက်တယ် ။ နောက်တော့ ယောက်ျား ၊ မိန်းမတွေကို
ဖန်ဆင်းလိုက်တယ် ။ နောက်ဆုံးမှာ အလှအပနဲ့အမှန်တရားကို ဖန်ဆင်း လိုက်တယ် ။
“အလှအပနဲ့အမှန်တရား” ကို ငါ ဖန်ဆင်းလိုက်ပြီ ။ ဒါပေမဲ့ ဒီ “အလှအပနဲ့
အမှန်တရား” ကို လူတွေ လွယ်လွယ်နဲ့ ရှာလို့မတွေ့အောင် လုံခြုံတဲ့နေရာမှာ
ဖွက်ထားရမယ် ။ သိပ်လွယ်လွန်းရင် လူတွေက တန်ဖိုးထားမှာ မဟုတ်ဘူး ။ အင်မတန်
လုံ့လ၀ီရိယကြီးတဲ့သူမှသာ မတွေ့မနေရှာမှ တွေ့နိုင်မယ့် နေရာမှာ ဖွက်ရမယ် ။
ဘယ်နေရာမှာ ဖွက်ရရင် ကောင်းမလဲဆိုတာကို နတ်မင်းများ ပြောကြပါ လို့ပြောတယ် ။
နတ်မင်းတစ်ပါးက “ပင်လယ် သမုဒ္ဒရာ အောက်မှာ ဖွက်ရရင် တော်တော်နဲ့
ရှာလို့တွေ့နိုင်မှာ မဟုတ်ဘူး နတ်မင်းကြီး” လို့လျှောက်တယ် ။ တခြားနတ်တွေက
“လူတွေဟာ အင်မတန် စူးစမ်းတတ်တဲ့ သတ္တ၀ါ ဖြစ်တယ် ။ ပင်လယ် သမုဒ္ဒရာအောက်ကို
လွယ်လွယ်နဲ့ ရောက်အောင် သွားကြည့်နိုင်မှာပဲ ။ အဲဒီလိုဆိုရင်
လွယ်လွယ်နဲ့ပဲ တွေ့သွားနိုင်တယ်” လို့ပြောတယ် ။
နောက်နတ်မင်းတစ်ပါးက “ အမြင့်ဆုံး တောင်ထပ်မှာ တင်ထားရရင် ကောင်းမယ်” လို့
ပြောတယ် တခြားနတ်တွေက “လူတွေဟာ အင်မတန် စူးစမ်းတတ် ဥာဏ်များလွန်းတဲ့
သတ္တ၀ါတွေဖြစ်တယ် ။ တောင်ထိပ်ကိုလည်း လွယ်လွယ်နဲ့ပဲ ရောက်အောင်
သွားကြည့်နိုင်မှာပဲ ၊ ဒီလိုဆိုရင် လွယ်လွယ်နဲ့ပဲ တွေ့သွားနိုင်တယ်”
လို့ပြောတယ် ။
ပညာရှိ နတ်သားတစ်ပါးကတော့ လက်ထောင်ပြီးတော့ “ရှာရအခက်ဆုံး နေရာကို ကျွန်တော်သိပါတယ်” လို့ပြောလိုက်တယ် ။
(Zenus)ဇူးစ် နတ်မင်းကြီးက “ပြောပါ” လို့ဆိုတော့မှ ပညာရှိ နတ်သားက
“အလှအပနဲ့ အမှန်တရားကို လူတွေရဲ့ နှလုံးသားထဲမှာ ဖွက်ထားလိုက်ပါ ။ လူတွေဟာ
အပြင်မှာပဲ ရှာလိမ့်မယ် ။ ဒါကြောင့် နှလုံးသားထဲမှာ ဖွက်ထားတဲ့
အလှအပနဲ့အမှန်တရားကို တော်တော်တန်တန်လူတွေ ရှာတွေ့နိုင်မှာ မဟုတ်ဘူး ။
အင်မတန်ဥာဏ်ကြီးတဲ့သူ အင်မတန် လုံ့လ၀ီရိယကြီးတဲ့ သူမှသာ တွေ့နိုင်မယ်”
လို့ပြောတော့ နတ်မင်းကြီးနဲ့ တခြားနတ်တွေ အားလုံးက သဘောကျကြတယ် လက်ခံကြတယ်
အဲဒါနဲ့ နတ်မင်းကြီဟာ အလှအပနဲ့အမှန်တရားကို လူတွေရဲ့ နှလုံးသားထဲမှာ ဖွက်ထားလိုက်တော့တယ် တဲ့ ။
ဒါကြောင့်အလှအပနဲ့ အမှန်တရား ကို ပြင်ပရုပ်ပိုင်းဆိုင်ရာတွေနဲ့ ရှာတွေ့နိုင်ကြမှာမဟုတ်ဘဲ လူတွေရဲ့ စိတ် နှလုံးသားထဲမှာ သာတွေ့နိုင်မည် မဟုတ်ပါလား
Credit - Original Writer

No comments:

Post a Comment