Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, September 29, 2014

ဟောင်ကောင်ဆန္ဒပြမှုကို ရဲက ဖြိုခွဲ






ဟောင်ကောင် ရဲတွေဟာ ဒီမိုကရေစီအရေး ဆန္ဒပြနေကြတဲ့ လူအုပ်ကြီးကို မျက်ရည်ယိုဗုံးတွေ သုံးပြီး လူစုခွဲခဲ့ပေမယ့် ဆန္ဒပြသူအများအပြားဟာ လူစုမခွဲပဲ တနင်္ဂနွေညမှာ ဆက်လက်ရှိနေသေးတာ တွေ့ရပါတယ်။

တတိယမြောက်နေ့ ရှိလာပြီဖြစ်တဲ့ ဒီဆန္ဒပြ မှုတွေဟာ ဥပေဒနဲ့ မညီဘူးလို့ ဟောင်ကောင် အုပ်ချုပ်ရေးမှူး စီဝိုင် လွန်း က ပြောပါတယ်။ တရုတ် ပြည်မကြီး အစိုးရကလည်း ဒီဆန္ဒပြမှုတွေကို ပြစ်တင် ရှုတ်ချလိုက်ပါတယ်။

ဆန္ဒပြသူတွေဟာ လာမယ့် ၂၀၁၇ ခုနှစ်ကျရင် ဟောင်ကောင်အုပ်ချုပ်ရေးမှူး ရွေးတဲ့အခါ လုံးဝ လွတ်လပ်တဲ့ ရွေးကောက်ပွဲ ပြုလုပ်ရေးကို တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

No comments:

Post a Comment