Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, September 18, 2014

ရွှေငါး တစ်ကောင်ရဲ့ ဦးနှောက် အကြိတ်ကို ခွဲထုတ်






သြစတြေးလျ နိုင်ငံမှာ ဦးနှောက် အကြိတ်ကြောင့် အသက်အန္တရာယ် ကြုံနေရတဲ့ ရွှေငါး တစ်ကောင်ကို ၄၅ မိနစ်ကြာ ခက်ခက်ခဲခဲ ခွဲစိတ် ကုသခဲ့ရာမှာ အကြိတ်ကို အောင်အောင်မြင်မြင် ထုတ်ပယ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
George လို့ အမည်ရတဲ့ အဲဒီ ရွှေငါးဟာ အခုတော့ လန်းလန်းဆန်းဆန်း ကူးခတ် သွားလာနေနိုင်ပြီလို့ သူ့ကို ခွဲစိတ် ကုသပေးတဲ့ ဒေါက်တာ Tristan Rich က ပြောပါတယ်။
အသက် ၁၀ နှစ် ရှိပြီ ဖြစ်တဲ့ ရွှေငါး George အနေနဲ့ နောက်ထပ် အနှစ် ၂၀ လောက် ဆက်လက် ရှင်သန်ဖို့ အခု မျှော်လင့်နိုင်ပြီ ဖြစ်ကြောင်းလည်း ဒေါက်တာ Rich က ပြောပါတယ်။
BBC Burmese
http://www.bbc.co.uk/news/29210991
 

No comments:

Post a Comment