Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, September 18, 2014

သရုပ်ဆောင်ရဲတိုက်ကို ထောင်ဒဏ် ၂ နှစ် ထပ်မံချရန် အမိန့်ချ

ရန်ကုန် (မဇ္ဈိမ)။ ။ ဗိုလ်တထောင်မြို့နယ်အတွင်းရှိ စိန့်မေရီကာသီဒြယ် ဘုရားကျောင်းအတွင်း ဒုတိယအကြိမ် ဝင်ရောက်ရန် ကြိုးစားရာ ဝင်ခွင့်မပြု၍ တစ်ကိုယ်တော် ဆန္ဒပြခဲ့သည့် သရုပ်ဆောင်ရဲတိုက်ကို လူတစ်စု ကိုးကွယ်သည့် ဘာသာကို ယုတ်ညံ့စေရန်၊ ပျက်ဆီးစေရန် စော်ကားသည့် အပြုအမူ ပြုမူမှု ပုဒ်မ ၂၉၅/၂၉၅(က) ပုဒ်မနှစ်ခုဖြင့် ဗိုလ်တထောင်မြို့နယ် တရားရုံးက စက်တင်ဘာ ၁၈ရက်၌ ထောင်ဒဏ် နှစ်နှစ် ချမှတ်လိုက်ပြီဖြစ်သည်။

သာသနာရေးအမှုဖြင့် ထောင်တစ်နှစ် အမိန့်ချခံရသည့် သရုပ်ဆောင်ရဲတိုက်ကို စက်တင်ဘာ ၁၈ရက်က ဗိုလ်တထောင်မြို့နယ် တရားရုံး၌ တွေ့ရစဉ်။ (ဓာတ်ပုံ- ဟောင်ဆာ၊ (ရာမည)၊ မဇ္ဈိမ)

ယင်းသို့ အမိန့်ချလိုက်ခြင်းကို ရက် ၃၀အတွင်း၌သာ အယူခံဝင်နိုင်သည်ဟုလည်း ၎င်း၏ ရှေ့နေက ပြောသည်။

သရုပ်ဆောင် ရဲတိုက်သည် ပြီးခဲ့သည့် ၂၀၁၃ခုနှစ် မေလက ၂၈ရက်က ဗိုလ်တထောင်မြို့နယ်အတွင်းရှိ စိန့်မေရီကာသီဒြယ် ဘုရားကျောင်းအတွင်း ဒုတိယအကြိမ် ဝင်ရောက်ရန် ကြိုးစားရာ ဝင်ခွင့်မပြု၍ တစ်ကိုယ်တော် ဆန္ဒပြသဖြင့် ဗိုလ်တစ်ထောင်မြို့နယ်ရဲစခန်းတွင် အရေးယူခံထားရခြင်းဖြစ်သည်။

ယင်းအပြင် ၎င်းက မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု၊ သုံးစွဲမှုတို့ဖြင့် ကျောက်တံခါးမြို့နယ် ရဲစခန်းတွင် ၂၀၁၃ ခုနှစ် ဇူလိုင်လက ထိန်းသိမ်းခံခဲ့ရပြီး ထောင်ဒဏ် ၆နှစ် ကျခံနေရကာစက်တင်ဘာလအတွင်းက တောင်ငူထောင်သို့ ပြောင်းရွှေ့ခဲ့သည်။

mizzima

No comments:

Post a Comment