CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, August 26, 2014
ယာဉ်တိုက်မှုကြောင့် နှစ်ရက်လျှင် လူတစ်ဦးနှုန်း သေဆုံးနေ
သြဂုတ်လ ၂၆ ၊ ၂၀၁၄ မန္တလေးတွင် ယာဉ်တိုက်မှုများကြောင့် နှစ်ရက်လျှင် လူတစ်ဦးနှုန်း သေဆုံးနေကြောင်း အမှတ်(၃) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ (မန္တလေး)၏ ယာဉ်တိုက်မှုစာရင်းတွင် ဖော်ပြထားသည်။ “ဖမ်းတဲ့ အချိန်လောက်ပဲ ဂရုစိုက်ကြတယ်။ ကိုယ့်အသက်အန္တရာယ် ကင်းဖို့အတွက် ယာဉ်အသုံးပြုသူတွေက ခံယူချက်လေးရှိဖို့ လိုအပ်ပါတယ်။ အပြစ်ရှာပြီး ဖမ်းတာ မဟုတ်ပါဘူး။ စည်းကမ်းလိုက်နာမှု အပိုင်းမှာတော့ အားနည်းနေပါသေးတယ်”ဟု အမှတ်(၁၁)ယာဉ်ထိန်းရဲဒု-တပ်ဖွဲ့ခွဲ (မန္တလေး)၏ ရဲမှူးသိန်းကိုကိုက ပြောသည်။ ၆၂ လမ်းမပေါ်တွင် လူလေးဦးသေဆုံးသည်အထိ ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှု ဖြစ်စဉ်ကြောင့် ယာဉ်တိုက်မှုများအတွက် စိုးရိမ်စိတ်များ မြင့်လာသော်လည်း စည်းကမ်းလိုက်နာမှုအပိုင်းတွင် အားနည်းနေဆဲဟု ၎င်းက ဆိုသည်။ မန္တလေးခရိုင် (၇) မြို့နယ်၌ ၂၀၁၄ ခုနှစ် ဇန်န၀ါရီမှဇူလိုင်အထိ ယာဉ်တိုက်မှု ဖြစ်စဉ်ပေါင်း ၂၅၀ နီးပါးနှင့် သေဆုံးသူ ၁၈၀ ခန့်ရှိပြီဖြစ်ကြောင်း အမှတ် (၁၁) ယာဉ်ထိန်းရဲဒု-တပ်ဖွဲ့ခွဲရုံး၏စာရင်းများအရ သိရသည်။ မန္တလေးမြို့၌ ယာဉ်တိုက်မှုအများဆုံး ဖြစ်ရခြင်းမှာ အရက်သေစာ သောက်စား၍ ဆိုင်ကယ်မောင်းနှင်ခြင်း၊ အရှိန်ပြင်းမောင်းနှင်ခြင်း အပါအ၀င် သတ်မှတ်ယာဉ်စည်းကမ်းများကို မလိုက်နာခြင်းတို့ကြောင့် ပွဲချင်းပြီး သေဆုံးသူများရှိသည်ဟု မန္တလေးမြို့ရှိ ချမ်းမြသုခ နာမှုကူညီရေးအသင်းက တာဝန်ရှိသူတစ်ဦးက ပြောသည်။ သြဂုတ်လ ဒုတိယအပတ်က ကျင်းပခဲ့သည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေးကော်မတီ၏ ဆွေးနွေးပွဲ၌ မြို့ခံပညာရှင်အများစုက မန္တလေးမြို့သည် နောင်နှစ်အနည်းငယ်အတွင်း သဘာဝဘေး အန္တရာယ်ထက် ယာဉ်တိုက်မှု အန္တရာယ်သည် ကြီးလာနိုင်ကြသည်။ ယာဉ်တိုက်မှု အန္တရာယ်ကို ကာကွယ်ရန်မှာ ယာဉ်စီးနင်းအသုံးပြုသူ တစ်ဦးချင်းအလိုက် သတ်မှတ်ထားသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို တိကျစွာ လိုက်နာခြင်းသည် အသက်အန္တရာယ်အတွက် ဘေးကင်းစေသည့် အကာအရံ တစ်ခုပင်ဖြစ်သည်ဟု မန္တလေးမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအတွက် ရှောင်တခင်စစ်ဆေးမှုများ ဆောင်ရွက်နေသည့် ယာဉ်ထိန်းရဲအရာရှိတစ်ဦးက ဆိုသည်။ လူတို့၏ နေထိုင်မှုပုံစံ၊ အမူအကျင့်များအရ ရောဂါရရှိခြင်း၊ သေဆုံးရခြင်း အကြောင်းရင်းတို့ကို သိရှိနိုင်စေရန် နိုင်ငံတကာမှ ဆရာဝန်များနှင့် ကွန်ပျူတာပညာရှင်များက နိုင်ငံပေါင်း ၃၀၀ ကျော်တွင် စစ်တမ်းကောက်ယူထားသည့် Global Burden of Diseases (GBD) စီမံကိန်း၏ ၀က်ဘ်ဆိုက်ဒ် www.healthdata.org၌ မြန်မာနိုင်ငံရှိ အသက် ၁၅ နှစ်နှင့် ၂၀ ကြားရှိ ဆယ်ကျော်သက် အမျိုးသား၊ အမျိုးသမီးတို့သည် ယာဉ်မတော်တဆမှုကြောင့် သေဆုံးခြင်းသည် နံပါတ်တစ်နေရာတွင် ရောက်ရှိနေပြီဟုဖော် ပြထားသည်။ ၎င်းစီမံကိန်းကို ၁၉၉၀ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၀ ပြည့်နှစ်တွင် တစ်ကြိမ် ပြုလုပ်ခဲ့ပြီး အထက်ပါဖော်ပြချက်သည် ၂၀၁၀ ခုနှစ်က ကောက်ယူခဲ့သည့် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် စစ်တမ်းတစ်ခုကို ဖော်ပြခြင်းဖြစ်သည်။
MizzimaDaily
ယာဉ်တိုက်မှုကြောင့် နှစ်ရက်လျှင် လူတစ်ဦးနှုန်း သေဆုံးနေ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
August 26, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
August 26, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment