ဒီမနက် တရုပ်ပြည်ကကလာတဲ့သတင်းပါ။ အဖမ်းခံရသူဟာ ‘ဟူဘိုင်း’ ဒေသက ‘ဂျန်ရှိကောင်တီ’ မှာရှိတဲ့ဆေးစက်ရုံပိုင်ရှင် ‘ဟူအန်’ ဖြစ်ပါတယ်။ Sildenafil citrate ‘ဆဲလ်ဒန်နဖေးလ်’ ဆေးဟာ Erectile dysfunction ခေါ်တဲ့ ပန်းသေပန်းညှိုးအတွက် ပေးရတဲ့ဆေး ဖြစ်တယ်။• သူဟာ ‘ဆဲလ်ဒန်နဖေးလ်’ ၁ ကီလိုဂရမ်ကို ဒေါ်လာ ၃၉ဝ (ယွန် ၂၄ဝဝ) နဲ့ အွန်လိုင်းကနေ ဝယ်ခဲ့တယ်။ ဆေးရည် ပုလင်းပေါင်း ၂၁ဝဝ ထုတ်လုပ်ပါတယ်။ ၁ဝဝ မီလီလီတာပုလင်းထဲမှာ ၁၃ဝ မီလီဂရမ် ထည့်ပြီး ဆေးဖေါ်ပါတယ်။ လီတာပေါင်း ၇၅ဝ ကိုရဲ့ဖမ်းမိခဲတယ်။ ၁ဝဝ မယ်လ် ပါ ပုလင်းပေါင်း ၄၂ဝ + ၇၅ဝ ရောင်းချပြီးပါပြီ။ သူ့မိတ်ဆွေတယောက်ကိုလဲ ပုလင်းပေါင်း ၈၁ဝ လက်ဆောင် ပေးပါသေးတယ်။ တပုလင်းကို ယွန် ၃ဝ နဲ့ရောင်းပါတယ်။
• ဆရာဝန်တွေအဆိုအရ အဲလိုဆေးရည်လုပ်ရင် နှလုံး-သွေးကြောဆိုင်ရာ ဘေးထွက်ဆိုးကျိုးတွေပိုရစေမယ်။
• တရားဝင်ဆေးနာမည်က Viagra ‘ဗိုင်ယာဂရာ’ ဖြစ်ပါတယ်။ Viagra ဆေးကိုတရားဝင်နာမည်သုံးခွင့်ရှိတာက အမေရိကမှာရှိတဲ့ Pfizer ‘ဖိုက်ဇာ’ ဆေးကုမ္ပဏီ တခုတည်းကသာ ဖြစ်တယ်။ ဓါတုဗေဒလို PDE5 အမျိုးအစား ဖြစ်တယ်။ ၁၉၉၈ ကနေစရောင်းပါတယ်။ အခုဆိုရင် တနှစ်မှာ ဒေါ်လာ ၁၉၃၄ သန်းဘိုး ရောင်းရပါတယ်။
• ဈေးကွက်ထဲမှာ သူနဲ့အပြိုင် tadalafil (Cialis) နဲ့ vardenafil (Levitra).ဆေးတွေရှိပါတယ်။ ဆေးချင်းတူတယ်။
• အိန္ဒိယမှာ Kamagra (Ajanta Pharma), Silagra (Cipla), Edegra (Sun Pharmaceutical), Penegra (Zydus Cadila) နဲ့ Zenegra (Alkem Laboratories) နာမည်တွေနဲ့ရောင်းပါတယ်။ မလေးရှားမှာ ၂ဝဝ၈ တုံးက Viagra coffee ‘ဗိုင်ယာဂရာ ကော်ဖီ’ ဆိုပြီးရောင်းလို့ ရဲကဖမ်းခဲ့တယ်။
• Viagra ‘ဗိုင်ယာဂရာ’ ဆေးက တကယ်ထိရောက်ပါတယ်။ ဘေးထွက်ဆိုးကျိုးလဲ မများပါ။ နှလုံးသွေးကြော ကျဉ်းသူတွေသာ မသင့်ပါ။ ၅ဝ မီလီဂမ်ဆိုရင် လုံလောက်တယ်။ အလွန်ဆုံး တနေ့မှာ ၁ဝဝ မီလီဂရမ်သာ သုံးရတယ်။
ဒေါက်တာတင့်ဆွေ
၁၈-၈-၂ဝ၁၄
https://www.facebook.com/pages/Dr-Tint-Swe/490031307758025
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, August 18, 2014
Viagra ‘ဗိုင်ယာဂရာ’ ဆေးရည်ရောင်းလို့ အဖမ်းခံရ
Viagra ‘ဗိုင်ယာဂရာ’ ဆေးရည်ရောင်းလို့ အဖမ်းခံရ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
August 18, 2014
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment