Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 28, 2014

မေမြတ်နိုး၏ Miss Asia Pacific World သရဖူ မီဒီယာများရှေ့မှောက်တွင် ပြန်လည်ပေးအပ်ရန် တောင်းဆိုထားဟုဆို


ရန်ကုန်၊ သြဂုတ်၂၈
မြန်မာ့ဂုဏ်ဆောင် အလှမယ်တစ်ဦးဖြစ်သော မေမြတ်နိုးကို Miss Asia Pacific World ဆုရှင်တစ်ယောက်၏ ဂုဏ်သိက္ခာနှင့် မညီသော အပြုအမူများကြောင့် သရဖူကို ပြန်လည်ရုပ်သိမ်းကြောင်းနှင့် ယင်းသရဖူကို မြန်မာနိုင်ငံရှိ မီဒီယာများ၏ ရှေ့မှောက်တွင် ပြန်လည်ပေးအပ်ရန် Miss Asia Pacific World Organization မှတောင်းဆိုထားကြောင်း National Director ဒေါ်လှနုထွန်းက The Voice သို့ပြောကြားသည်။
“မေမြတ်နိုးရဲ့မိခင်က နေရာတကာ ဝင်ပါတဲ့အတွက် အလုပ်လုပ်ရတာ အဆင်မပြေဘူး ဆိုပြီး Organization က သြဂုတ်၂၅ရက်နေ့က လှနုဆီ ဆက်သွယ်ပြောလာခဲ့ပါတယ်။ နိုင်ငံသိက္ခာကျမယ့် ကိစ္စတွေလည်း လုပ်ခဲ့တာဆိုတော့ လှနု အသေးစိတ်တော့ မပြောတော့ပါဘူး။ သြဂုတ် ၂၆ ရက်နေ့မှာတော့ သရဖူကို ပြန်သိမ်းလိုက်သလို သူတို့သားအမိကို လေယာဉ်လက်မှတ် စီစဉ်ပေးပြီး သြဂုတ် ၂၈ ရက်နေ့မှာ မြန်မာပြည်ပြန်ဖို့ စီစဉ်ပေးလိုက်ပြီလို့ ထပ်ပြောတယ်။ ဒါပေမယ့် မေမြတ်နိုးက သြဂုတ် ၂၇ ရက်နေ့မှာ သူ့ရဲ့နာမည်ရင်း သက်ထက်အောင်နာမည်နဲ့ လေယာဉ်ခရီးစဉ်ရက်ကို ပြောင်းပြီး သရဖူကိုမအပ်ဘဲ ပြန်သွားတဲ့အတွက် အခုလို စာထုတ်ခဲ့တာပါ” ဟု အလှမယ်မေမြတ်နိုးကို သရဖူပြန်လည် ရုပ်သိမ်းရခြင်းအကြောင်းကို ၄င်းကရှင်းပြသည်။
အလှမယ်မေမြတ်နိုးမှာ တောင်ကိုရီးယားနိုင်ငံရှိ Miss Asia Pacific World Organization ၏ စီစဉ်မှုဖြင့် Mapi Dolls အမည်ရှိ K Pop အဖွဲ့တွင်ပါဝင်ကာ စီးရီးထုတ်လုပ်ရန် ကိုရီးယားနိုင်ငံသို့ ရောက်ရှိနေချိန်တွင် ယခုကဲ့သို့ သရဖူ ပြန်လည်သိမ်းခံရသည့် ဖြစ်ရပ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
မေမြတ်နိုးမှာ Miss Asia Pacific Organization ၊ National Director ၊ မန်နေဂျာ၊ မီဒီယာနှင့် ပရိသတ်များအပေါ် လိမ်လည်ခဲ့မှုနှင့် မလေးမစား ဆက်ဆံခဲ့မှု၊ မိခင်ဖြစ်သူမှာလည်း ကိုရီးယားနိုင်ငံတွင် သြဂုတ်လ ၂၉ ရက်နေ့အထိ နေထိုင်ခွင့်ရရန် ထောက်ခံချက်များ ပေးထားသော်လည်း သုံးလကြာ နေထိုင်ခွင့်ရရန် တရားမဝင် ကြိုးစားခဲ့မှုများကြောင့် သရဖူကို ပြန်လည်ရုပ်သိမ်းခဲ့ခြင်း ဖြစ်ကြောင်း Miss Asia Pacific World Organization ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“မြန်မာနိုင်ငံအတွက် ပထမဆုံးရခဲ့တဲ့ သရဖူကို ပြန်သိမ်းခံရတဲ့အတွက် လှနု စိတ်မကောင်းပါဘူး။ ဒီသရဖူရဖို့ သူအပါအဝင် လှနုတို့အားလုံး ခြောက်လလောက် အချိန်ပေးပြီး ကြိုးစားခဲ့ရတာလေ။ အခုလို ဖြစ်လာတာကလည်း သူက အောင်မြင်မှုဒဏ်ကို မခံနိုင်လို့ရယ်၊ နောက်ကွယ်ကနေ သွေးထိုးတဲ့သူတွေရဲ့ စကားတွေကြောင့်လို့ လှနု ထင်ပါတယ်။ အခုချိန်အထိတော့ မေမြတ်နိုး ဘယ်မှာရှိနေတယ်ဆိုတာ လှနုမသိပါဘူး” ဟု အလှမယ်မေမြတ်နိုး၏ သရဖူ ပြန်လည်ရုပ်သိမ်းခံရခြင်း အပေါ် ဒေါ်လှနုထွန်းက သုံးသပ် ပြောကြားသည်။
ယင်းသို့ သရဖူ ရုပ်သိမ်းခံရသည့် ကိစ္စနှင့်ပတ်သက်ပြီး အလှမယ်မေမြတ်နိုးကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်း သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

No comments:

Post a Comment