Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 28, 2014

၂၀၀၈ ဖွဲ့စည်းပုံကို တပ်မတော်က ထိန်းသိမ်းကာကွယ်သွားမည်ဟု ကာချုပ် ပြော

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို တပ်မတော်က ထိန်းသိမ်း ကာကွယ် စောင့်ရှောက် သွားမယ်လို့ အမျိုးသမီး ၁၀၀ ဦး ပါဝင်တဲ့ ဗိုလ်လောင်း သင်တန်း ဆင်းပွဲမှာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထပ်မံကတိပြု ပြောကြား လိုက်ပါတယ်။

ကာကွယ်ရေးဦးစီးချုပ်ဟာ တပ်မတော်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက်မယ်လို့ အကြိမ်ကြိမ် ထုတ်ပြောခဲ့ဖူးပြီး သြဂုတ် ၂၈ ရက်က မှော်ဘီမှာ ကျင်းပခဲ့တဲ့ ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်းဆင်းပွဲ အမှတ်စဉ် ၁ ရဲ့ သင်တန်းဆင်းပွဲမှာ အခုလို ထပ်ပြောလိုက်တာ ဖြစ်ပါတယ်။

မြန်မာစစ်တပ် ချမှတ်ထားတဲ့ ငြိမ်းချမ်းရေးမူ ၆ ချက်ထဲမှာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို လေးစားလိုက်နာပြီး အဲဒီဖွဲ့စည်းပုံအတိုင်း လုပ်ဆောင်ကြဖို့ ဆိုတဲ့အချက် ပါဝင်နေပြီး ဒီအချက်ကို တိုင်းရင်းသားတွေဘက်က လက်မခံဘဲ ပယ်ဖျက်ပေးဖို့ တောင်းဆိုထားကြတာ ဖြစ်ပါတယ်။

မကြာသေးခင်က ကာကွယ်ရေးဦးစီးချုပ်ဟာ ၀၊ မိုင်းလားအဖွဲ့နဲ့ အက်စ်အက်စ်ပီပီ/ အက်စ်အက်စ်အေ ရှမ်းတပ်ဖွဲ့ခေါင်းဆောင်တွေ နေပြည်တော်မှာ တွေ့ဆုံတုန်းကလည်း မြန်မာစစ်တပ်ဟာ ငြိမ်းချမ်းရေးမူ ၆ ချက်ကို ကိုင်စွဲထားတယ်လို့ ထုတ်ပြောခဲ့ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/63625

ဓာတ်ပုံ – Senior General Min Aung Hlaing

No comments:

Post a Comment