
ခမည်းတော် ဆင်ဖြူရှင်မင်း မပြီး ပြတ်သည့် ကြေးစင်ချိန် ၁၅၅၅၅ ပိဿာ ရှိပြီး တန်ချိန် အားဖြင့် ၂၄ တန်လေး သော စဥ့်ကူးမင်း ခေါင်းလောင်းကို စဥ့် ကူးမင်း (ခရစ် သက္ကရာဇ် ၁၇၇၆-၁၆၂၈) က ရွှေတိဂုံစေတီတော် ရာဟုထောင့် တွင် တင်လှူခဲ့သည်။
ယင်း ခေါင်းလောင်းကြီးကို ပထမ အင်္ဂလိပ်- မြန်မာ စစ်ပွဲအပြီး နယ်ချဲ့ တပ်များ ကဖြုတ်ယူ သွားရာတွင် ရန်ကုန် မြစ်အတွင်း ကျခဲ့သည်။ အင်္ဂလိပ်တို့က ပြန်လည် ဆယ်ယူ ရန် ကြိုးစားခဲ့သော် လည်း မအောင်မြင်ဘဲ ၁၈၂၆ ခုနှစ်တွင် မြန်မာတို့က ဆယ်ယူနိုင်ခဲ့သည်။ ၄င်း အကြောင်းကို အင်္ဂလိပ် ကဗျာဆရာ Harold V.Lucas က ကဗျာ ရှည်ကြီးဖွဲ့ ၍လည်းကောင်း၊ ပန်းချီဆရာ Harry Aung ကပန်းချီ ပုံများဆွဲ၍ လည်းကောင်း သရုပ်ဖော် မှတ်တမ်းတင်ခဲ့သည်ဟု သိရ သည်။
ယခုဆယ်နေသည့် ဓမ္မစေတီ ခေါင်းလောင်းက စဥ့်ကူးမင်းခေါင်း လောင်းထက် ၁ဝ ဆ ကျော်ကြီးသည်။ စဥ့်ကူးမင်း ခေါင်းလောင်းကြီးကို ရွှေတိဂုံ ကုန်းတော်ပေါ် ဆွဲတင်ရာ ပါဝင်ခဲ့သည့် လုပ်အားရှင် များ၏ မြေးဖြစ်သူ ဘုရား ဒါယကာ ဦးနေထွန်း ကလည်း ဒေါပုံမြစ် ထဲ ကျခဲ့သော ဓမ္မစေတီ ခေါင်းလောင်း ကို ဆယ်ယူလို စိတ်ရှိ ခဲ့ကြောင်း ရွှေတိဂုံ ဘုရား သမိုင်းတော်တွင် ဖော်ပြထား သည်။
Popular Journal
No comments:
Post a Comment