Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, August 26, 2014

အွန်လိုင်းပေါ်၌ ဗီဒီယိုဖိုင် ပျံ့နှံ့ခဲ့သည့် လက်ဖက်ရည်ဆိုင်အတွင်း ဓားဖြင့်ဝင်ထိုးသည့် လူသတ်မှုမှ ပါဝင်ပတ်သက်သူများအနက် အသက်မပြည့်သူ နှစ်ဦးကို ခံဝန်ဖြင့် မိဘအုပ်ထိန်းသူထံ ပြန်လည်အပ်နှံ


အသက်မပြည့်သူ လူငယ်နှစ်ဦးကို စစ်ဆေးနေသည့် လှိုင်သာယာမြို့နယ် တရားရုံးအား သြဂုတ် ၂၆ ရက်က တွေ့ရစဉ်

အွန်လှိုင်းပေါ်၌ ဗီဒီယိုဖိုင် ပျံနှံ့ခဲ့သည့် လှိုင်သာယာမြို့နယ် လက်ဖက်ရည်ဆိုင်အတွင်း ဓားဖြင့်ဝင်ထိုးသည့် လူသတ်မှုဖြစ်စဉ်မှ ပါဝင်ပတ်သက်သူ ငါးဦးအနက် အသက်မပြည့်သည့် လူငယ်နှစ်ဦးကို လှိုင်သာယာမြို့နယ် တရားရုံးက သြဂုတ် ၁၈ ရက်တွင် ခံဝန်ဖြင့် မိဘအုပ်ထိန်းသူထံ ပြန်လည်အပ်နှံခဲ့ကြောင်း ယင်းတရားရုံးမှ သိရသည်။

အဆိုပါ အသက်မပြည့်သူ အသက် ၁၃ နှစ်နှင့် ၁၇ နှစ်အရွယ် လူငယ်နှစ်ဦးကို သြဂုတ် ၁၈ ရက်တွင် စတင်တရားစွဲဆိုခဲ့ပြီး ယင်းနေ့တွင်ပင် ခံဝန်ပေး၍ မိဘများသို့ အပ်နှံခဲ့ခြင်းဖြစ်သည်။

“သူတို့ကို တရားစွဲတဲ့နေ့မှာပဲ ခံဝန်ပေးလိုက်တယ်။ တရားစွဲခံရတဲ့ လူငယ်နှစ်ဦးက ရှေ့နေငှားဖို့ အခက်အခဲ ရှိတဲ့အတွက် မြို့နယ်တရားရုံးကနေ အစိုးရရှေ့နေလိုက်ပေးဖို့ ဥပဒေရုံးကို အကြောင်းကြားစာပေးဖို့ ထားပါတယ်။ နောက်ပြီး စက်တင်ဘာ ၃ ရက်ကို ရုံးချိန်းခေါ်ထားပါတယ်” ဟု လှိုင်သာယာမြို့နယ် တရားရုံးမှ တာဝန်ရှိသူတစ်ဦးက သြဂုတ် ၂၆ ရက်တွင် ပြောကြားခဲ့သည်။

ထို့အပြင် အဆိုပါလူသတ်မှုတွင် ပါဝင်သည့် သက်မောင်မောင်၊ မျိုးဇော်နှင့် ဖြိုးကိုတို့အား မြောက်ပိုင်းခရိုင်တရားရုံး ဒုတိယခရိုင်တရားသူကြီး(၂)တွင် သြဂုတ် ၂၂ ရက်က တတိယအကြိမ် ရုံးထုတ်ခဲ့ပြီး တရားလိုဘက်မှ မလာနိုင်၍ စက်တင်ဘာ ၃ ရက်တွင် ရုံးပြန်ချိန်းခဲ့ကြောင်း သိရသည်။

ယင်းအမှုဖြစ်စဉ်မှာ ဇွန် ၉ ရက် ည ၁၀ နာရီခွဲခန့်တွင် ၁၉ ရပ်ကွက်၊ လှိုင်သာယာမြို့နယ်နေ ကိုထွန်းနိုင်ဝင်း (၃၃) နှစ်သည် ယင်းရပ်ကွက်နေ ကိုဇော်၊ နိုင်လင်းတို့နှင့်အတူ ယင်းမြို့နယ် ၁၉ ရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်းဘေးရှိ ရွှေကောင်းကြွယ် လက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည်သောက်နေစဉ် ဘေးဝိုင်းမှ အမည်မသိလူငယ်ငါးဦးမှ စကားပြောကျယ်သဖြင့် ကိုထွန်းဝင်းနိုင်က “ဒီဘက်ဝိုင်းက စကားပြောကျယ်တယ်၊ ရဲစခန်းအကြောင်းကြားပေးပါ” ဟု ဆိုင်ရှင်ထိုင်သည့် စားပွဲကောင်တာဘက်သို့ လှမ်းပြောခဲ့ကြောင်း သိရသည်။

ယင်းသို့ပြောပြီး ၁၀ မိနစ်ခန့်အကြာတွင် အဆိုပါလူငယ်ငါးဦးသည် ဆိုင်ပြင်သို့ထွက်သွားခဲ့ပြီး ခဏအကြာတွင် ဆိုင်အတွင်းရှိ ကိုထွန်းနိုင်ဝင်းတို့ထိုင်သောဝိုင်းသို့ ပြန်လည်ရောက်ရှိလာကာ “မင်းလားကွ” ဟုမေးပြီး ကိုသန်းဇော်ဦးအား ဓားဖြင့်ထိုး၊ ထွန်းနိုင်ဝင်းနှင့် ကိုဇော်တို့အား ဓာတ်ဘူးဖြင့်ဝိုင်းရိုက်၊ လက်သီးဖြင့်ထိုးကြိတ်ကာ ထွက်သွားခဲ့ကြကြောင်း သိရသည်။

ယင်းသို့ ဓားဖြင့်ထိုးခံရမှုကြောင့် ကိုသန့်ဇော်ဦးမှာ နံစောင်း၊ ခါးစောင်း၊ နောက်ကျောတို့တွင် ထိုးသွင်းဒဏ်ရာများ ရရှိကာ အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားခဲ့ပြီး ကိုထွန်းနိုင်ဝင်းနှင့် ကိုဇော်တို့မှာလည်း ပေါက်ပြဲ၊ ဖူးရောင်ဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်အား လှိုင်သာယာမြို့မ ရဲစခန်းက (ပ)၁၈၆/၁၄ ပြစ်မှုပုဒ်မ ၃၀၂/၃၂၅/၁၁၄ ဖြင့် အမှုဖွင့်စစ်ဆေးခဲ့ပြီး ကျူးလွန်သူများမှာ လှိုင်သာယာမြို့နယ် ၁၉ ရပ်ကွက်တွင် နေကြသည့် ဖြိုးကို (၁၈)နှစ်၊ သက်မောင်မောင် (၁၈)နှစ်၊ မောင်---(၁၇)နှစ်၊ မျိုးဇော်(၂၄)နှစ်နှင့် မောင်---(၁၃)နှစ်တို့ဖြစ်ကြောင်း သိရပြီး ၎င်းတို့အား ဖမ်းဆီးစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ မင်းမဲ့စရိုက်ဆန်စွာ ဓားဖြင့်ထိုးပြီး လူသတ်ခဲ့သည့်ဖြစ်စဉ်ကို လူမှုကွန်ရက် စာမျက်နှာများတွင် ရုပ်သံဗီဒီယိုဖိုင်များ ပျံ့နှံ့ခဲ့ကာ ကြည့်ရှု့ခဲ့သူများအနေဖြင့် ရန်ကုန်မြို့တွင်း နေထိုင်ရမှုမှာ လှုံခြုံမှုမရှိခြင်းနှင့် တရားဥပဒေစိုးမိုးမှုကို စိန်ခေါ်သည့် ဖြစ်စဉ်တစ်ခုဟု သုံးသပ်မှုများ ရှိခဲ့သည်။

https://www.facebook.com/photo.php?fbid=1671421679749960&set=np.95342377.100002092130854&type=1&ref=notif&notif_t=notify_me 

No comments:

Post a Comment