Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, August 26, 2014

တက္ကသိုလ်ကျောင်းသူ သမီးရည်းစား စကားများ ရန်ဖြစ်ရာမှ လည်ပင်းကို ဓါးနဲ့ ထိုးတဲ့ လူသတ်မှုဖြစ်ပွား


သြဂုတ်လ (၂၆)ရက်နေ့ ည(၇)နာရီခန့် က ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့ နယ် ဦးဝိစာရ အိမ်ရာမှာ သမီးရည်စား နှစ်ဦး စကားများ ရန်ဖြစ်ရာမှ လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း သစ်ထူးလွင်ဝက်ဆိုဒ် မှ သတင်းရရှိုပါတယ်။

ဒဂုံမြို့ နယ် ဦးဝိစာရ အိမ်ရာဝင်း တိုက်(၃၂)၊ အခန်း(၁၀)၊ (၃)လွှာမှာ အပြင်မှ တံခါးခေါက်ကာ "အမေရေကယ်ပါဦး" ဟု ခေါ်သံကြားတာကြောင့် ကိုအာကာဝဏ္ဏ နှင့် အစ်မဖြစ်သူ မအေးချမ်းမြတ်ဖြိုးတို့ တံခါးသွားဖွင့်ရာမှာ ညီမဖြစ်သူ မအေးချမ်းမြတ်မိုး (အသက်(၁၉)နှစ် ၊ ဒုတိယနှစ် အင်္ဂလိပ်စာ၊ အဝေးသင် တက္ကသိုလ် - ဒဂုံ) ရဲ့ လည်ပင်းဝဲဘက်ခြမ်းမှာ သွေးထွက်ဒဏ်ရာနဲ့ လဲကျသွားပါတယ်။

ုဒဏ်ရာနဲ့ မအေးချမ်းမြတ်မိုးကို မိသားစုမှ ကားငှားကာ ရန်ကုန် ပြည်သူ့ ဆေးရုံကြီးကို ပို့ ဆောင်စဉ် လမ်းမှာ သေဆုံးသွားခဲ့ပါတယ်။

ဓါးနဲ့ ထိုးသူကို စုံစမ်းရာမှာ ကိုအံဖြိုးပိုင် ၊ အသက်(၂၂)၊ တိုက်(၂)၊ အခန်း(၆)၊ ဦးဝိစာရ အိမ်ရာ၊ ဦးဝိစာရရပ်ကွက်၊ ဒဂုံမြို့ နယ် နေသူဖြစ်ကြောင်း သိရပါတယ်။

သြဂုတ်လ (၂၆)ရက်နေ့ ည (၇)နာရီခန့် က မအေးချမ်းမြတ်မိုးနှင့် ရည်းစားဖြစ်သူ ကိုအံ့ဖြိုးပိုင် တို့ စကားများ ရန်ဖြစ်ရာမှ ကိုအံ့ဖြိုးပိုင်မှ ဓါးနှင့်ထိုး၍ မအေးချမ်းမြတ်မိုး လည်းပင်းမှာ ထိုးသွင်း ဒဏ်ရာ(၁)ချက် ရရှိပြီး သေဆုံးသွားသောကြောင့် ကိုအံ့ဖြိုးပိုင် အပေါ် အရေးယူပေးပါရန် သေဆုံးသူ၏ အစ်ကို ကိုအာကာဝဏ္ဏမှ တရားလို ပြုလုပ်တိုင်တန်း အမှုထားပါတယ်။

အဆိုပါ ဖြစ်စဉ်နှင့် ပါတ်သတ်ပြီး ဒဂုမမစ (ပ) ၁၈၄/ ၁၄၊ ပြစ်မှု ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ပြီး အမှုစစ် ရဲအုပ်ဇာနည်ထွဋ်မှ တရားခံအား ဖမ်းဆီးစစ်ဆေး လျက်ရှိကြောင်း သစ်ထူးလွင်ဝက်ဆိုဒ် မှ စုံစမ်း သိရှိရပါတယ်။

BY THIT HTOO LWIN

No comments:

Post a Comment