CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, August 4, 2014
ကုန်းကိုင်းပြီး ထိုင်တတ်တဲ့ အကျင့်ကို ရှောင်ရှားဖို့ နည်းလမ်း (၅)ခု
ကျောက်ဆောင်လှိုင်ဂူတွေမှာ နေထိုင်ကြတဲ့ ကျွန်တော်တို့ရဲ့ ဘိုးဘွားဘီဘင်တွေနဲ့ မတူတဲ့အချက်က ကျွန်တော်တို့ရဲ့ နေထိုင်မှုဘ၀ဟာ စာကြည့်စားပွဲရှေ့မှာ ၁၀-၁၂နာရီ ကြာအောင်ထိုင်ပြီး ခလုတ်လေး တစ်ချက်နှိပ်လိုက်တာနဲ့ ကော်ဖီခွက်တွေဖြည့်ထားပြီးသား ဖြစ်နေပါတယ်။ ဒီလိုထိုင်လိုက်ရုံနဲ့ ကိစ္စအားလုံးပြီးသွားတာတော့ မပြောပါဘူး။ ထိုင်ခုံကိုနှောက်ကျောပေးပြီး တီဗီရှေ့ကနေ မခွာနိုင်ကြဘူး။ ဒါတွေကြောင့် နည်းလမ်းမမှန်တဲ့ ခန္ဓာကိုယ်အနေအထားကြောင့် နောက်ကျောရိုးနာကျင်မှုဖြစ်စေတာပါ။ ထိုင်တဲ့အခါမှာ သတိထားပြီး အလုပ်လုပ်နေစဉ် ကိုယ်ထိုင်တဲ့ အနေအထားက နည်းစနစ်ကျပါစေ။ ကုန်းကိုင်းထိုင်တဲ့ပုံစံ ကင်းရှင်းရအောင် နည်းလမ်း (၅)ခုရှိပါတယ်။
လှေကားပေါ်အတက်အဆင်းလုပ်ပါ
လှေကားထစ်ပေါ်တက်နေစဉ် ခြေထောက်ခပ်မြင့်မြင့် မလျှောက်ဖို့လိုပါတယ်။ အိပ်ရာကထတာနဲ့ လှေကားပေါ်ခပ်မြန်မြန်လျှောက်ပေးပါ။ လူတွေကိုယ့်ကို ကြည့်လည်း ဂရုမစိုက်ပါနဲ့။ များသောအားဖြင့် ရုံးတွေမှာ လှေကားထစ်ကို အရေးပေါ်လောက်အနေနဲ့ အသုံးပြုကြတယ်။ လှေကားထစ်ကို အသုံးပြုဖို့ ဘယ်သူမှ စိတ်ကူးမရှိကြဘူး။ ဒါကြောင့် ဒီလျို့ဝှက်ချက်လေးကအသုံးတဲ့ တယ်နော်။
မတ်မတ်အနေအထားဖြစ်အောင် ထိုင်ပေးပါ။
စစချင်းမှတော့ အခက်အခဲရှိပါလိမ့်မယ်။ အသားကျသွားအောင် အချိန်အနည်းငယ်တော့ ကြိုးစားရပါလိမ့်မယ်။ ဒါပေမဲ့ ထိုက်သင့်သလောက်တော့ အကျိုးရရှိမှာပါ။ လည်ပင်း၊ ပခုံး၊ နှောက်ကျော အကိုက်အခဲတွေကို သက်သာစေပြီး ခန္ဓကိုယ်လှုပ်ရှားမှု အဆင်ပြေသွားပါလိမ့်မယ်။
ရေချိုးခါနီး (သို့) အနားယူတဲ့အချိန် ဒိုက်ထိုးပါ။
ဒါကအစမ်းတော့မဟုတ်ပါဘူး။ အများစုက အားကစားရုံ မရောက်ဖြစ်တာကြောင့် ရုံခန်းကိုသာ အားကစားရုံအဖြစ် သဘောထားလိုက်ပါ။ ဒိုက်ထိုး(၁၀)ခေါက် နှင့် ခြေဖျားလေးထောက်ပြီး(၁၀)ခေါက်လောက် တစ်နေ့နှစ်ကြိမ်လောက်လုပ်ပါ။ ဗလကို ပိုမိုကျစ်လစ်လာစေပြီး ကုန်းကိုင်းထိုင်ခြင်းမရှိတော့အောင် နှောက်ကျောရိုးကို ခိုင်မာစေမှာဖြစ်တယ်။
(၄၅) မိနစ်တစ်ခါ ၄မိနစ်နှင့် စက္ကန့်သုံးဆယ်လောက် လမ်းလျှောက်ပါ။
တစ်နေကုန် ထိုင်ခုံတစ်လုံးပေါ်မှာပဲ အချိန်ကုန်တာထက် စကားပြောချင်စိတ်ပေါ်လာရင် မိနစ်အနည်းငယ် တစ်ချက်တစ်ချက် ထလမ်းလျှောက်ရင်း စကားပြောတာဟာ ဦးနှောက်အလုပ်လုပ်မှုပိုမိုကောင်းမွန်စေပါတယ်။ ရုပ်ရည်ကိုလည်း ငယ်ရွယ်နုပျိုစေပြီး ကျန်းမာလန်းဆန်းစေပါတယ်။
ထမင်းမစားခင် အလေးမပါ။
လက်ကို ထိုင်ခုံပေါ်တင်ထားပြီး ခြေထောက်ကိုရှေ့ကိုဆန့်ထားကာ နေ့လည်စာစားခါနီး လေ့ကျင့်ခန်းလုပ်ပါ။ လက်ကို ၉၀ ဒီဂရီအနေအထားဖြစ်သည်အထိ ကိုယ်လုံးကို ငုံ့ပြီးအမှတ်စဉ် ၁၅ အထိရေပါ။
Source: mensxp.com
Trend Myanmar
ကုန်းကိုင်းပြီး ထိုင်တတ်တဲ့ အကျင့်ကို ရှောင်ရှားဖို့ နည်းလမ်း (၅)ခု
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
August 04, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
August 04, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment