အိမ်ထောင်ပြုပြီးသွားတဲ့ အမျိုးသမီးတွေရဲ့ နေ့စဉ်ဘ၀နေထိုင်မှုပုံစံတွေဟာ
ပြောင်းလဲသွားတာ မှန်ပါတယ်။ အိမ်ထောင်ပြုလိုက်တာမို့ ကိုယ့်ဘေးမှာ
ဖေးဖေးမမနဲ့ ကိုယ့်ကို ဂရုစိုက်ပေးမယ့် ခင်ပွန်းသည် ယောင်္ကျားလည်း
ရှိနေပြီမို့ အားပိုတိုးတယ်ဆိုတာလည်း အဟုတ်ပါပဲ။ ဒါပေမယ့်
မင်္ဂလာဆောင်လိုက်ပြီဆိုတာနဲ့ အပြင်က လူတွေ မေးနေပြောနေကျ
မေးခွန်းစကားတွေကိုတော့ ကြာလေ ဖြေချင်စိတ် ပြောချင်စိတ်မရှိတော့အောင်
စိတ်အနှောင့်အယှက်ဖြစ်ရတာပါပဲ။ သူတို့ပြောနေ မေးနေကျ စကားတွေကတော့
၁။ကလေးဘယ်တော့ ယူကြမှာလဲ။
အိမ်ထောင်ပြုလိုက်ပြီဆို သူတို့မှာ မေးစရာဒါပဲ ရှိလားလို့တောင်
ထင်ချင်စရာရှိပါတယ်။ ကလေးကတော့ ယူမှာပါ။ တစ်နှစ်နှစ်လောက်
နေပြီးတော့လောက်မှပဲ ဆိုတဲ့စကားမျိုးကို အကြိမ်ပေါင်းများစွာ ပြောနေရတာ
ငြီးငွေ့စရာကောင်းလှ ပါတယ်။
၂။အိမ်ထောင်ကျသွားတော့ ဘယ်လိုမျိုးဖြစ်သွားသလဲ။
ဒါကလည်း တော်တော်ကြောင်တဲ့ မေးခွန်းမျိုးပါပဲ။ ဘာကို ရည်ရွယ်ပြီး
မေးချင်တာမှန်း မသိပေမယ့် ဖြေရတော့သူကတော့ ဒီလိုပါပဲ ဆိုတာလောက်နဲ့တင်
အီလည်လည်ကြီး ဖြစ်သွားရတာ။
၃။နင် တော်တော် ပြောင်းလဲသွားပြီ။
ဟုတ်ပါတယ်။ အိမ်ထောင်မကျခင်နဲ့ ခု တာဝန်တွေကတော့ ပိုလာတာပေါ့။ ကျန်တာတွေကတော့ ဒီအတိုင်းပါပဲလို့ ခပ်တည်တည် ဖြေလိုက်ရတာချည်းပဲ။
၎။အိမ်မ၀ယ်ဘူးလား။
အိမ်ထောင်ကျတာနဲ့ အိမ်ခွဲနေဖို့ အိမ်မ၀ယ်ဘူးလား ဆိုတဲ့မေးခွန်းကလည်း လူကို
စိတ်အနှောင့်အယှက် ဖြစ်စေတာပါပဲ။ မိသားစုရေးရာ ဘာမှန်းမသိသေးပဲ ဒီလိုတွေ
တန်းပြော၊ တန်းမေးတာမျိုးတွေ သည်းမခံချင်စရာပေါ့။
၅။ယောက္ခမနဲ့ အဆင်ပြေရဲ့လား။
အိမ်ထောင်ပြုလိုက်ပြီဆိုတာနဲ့ လူတိုင်းဟာ သူတို့ရဲ့ ယောက္ခမနဲ့ အဆင်ပြေမှာ မဟုတ်ဘူးလို့ ဘာလို့ တထစ်ကျထင်နေကြတာလဲ။
၆။ငါကတော့ အိမ်ထောင်ပြုဖြစ်မယ် မထင်တော့ပါဘူး။
အားကျတာလား၊ လှောင်တာလား၊ ဘာပြောချင်မှန်းမသိတဲ့ စကားပါပဲ။ စိတ်ပျက်ဖို့ အလွန်ကောင်းပါတယ်။
၇။နင်က အိမ်ထောင်ကျသွားပြီဆိုတော့ ဒါတွေ နားလည်မှာ မဟုတ်ပါဘူး။
လူတိုင်းဟာ အိမ်ထောင်မကျခင် အချိန်ထိတော့ တစ်ယောက်တည်း အပျို၊ လူပျိုအဖြစ်
ဖြတ်သန်းခဲ့ရတာချည်းပါပဲ။ ဒါနဲ့များ အိမ်ထောင်သည်တွေချည်း
သပ်သပ်ပြောဆိုပေါင်းသင်းခိုင်းချင်သလို၊ လူပျိုအပျိုတွေချည်း
သီးသန့်နေရမလို ပြောဆို ဆက်ဆံတာကလည်း ခံရခက်တာပါပဲ။
Ref:womenshealthmag.com
Trend Myanmar
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, August 8, 2014
အိမ်ထောင်သည် အမျိုးသမီးတွေအတွက် ကြားရတာ အငြီးငွေ့ဆုံးစကား (၇) ခွန်း
အိမ်ထောင်သည် အမျိုးသမီးတွေအတွက် ကြားရတာ အငြီးငွေ့ဆုံးစကား (၇) ခွန်း
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
August 08, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
August 08, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment