နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် အချိန်ကြာ မြင့်စွာ တန်းစီစောင့်ဆိုင်းရန် မလိုဘဲ လျှောက်ထားသူ၏ အချက်အလက်များကို ကွန်ပျူတာဘားကုတ်ဖြင့် ဖတ်ရှုစိစစ်သည့် စနစ်ကြောင့် နိုင်ငံကူးလက်မှတ်လျှောက်ထားမှုကို နာရီဝက်အတွင်း အပြီးဆောင်ရွက်နိုင်ကြောင်း သတင်းရရှိသည်။
လျှောက်ထားသူသည် ယခင်ကဲ့သို့ ဓာတ်ပုံရိုက်ကူးပြီးနောက်
ဓာတ်ပုံရွေးရန်နှင့် နိုင်ငံကူးလက်မှတ်ထုတ်ရန် ဌာနအသိအမှတ်ပြု
စလစ်စာရွက်ကို နေ့ဝက်ကြာသည်အထိ စောင့်ဆိုင်းရန် မလိုတော့ပေ။
ယင်းစနစ်ကို ဧပြီလကုန်ပိုင်းကတည်းက စတင်ပြောင်းလဲ ခဲ့ခြင်းဖြစ်ပြီး
ပတ်စ်ပို့ထုတ်ပေးရေးဌာနကို ယခင်ရန်ကင်းပြည်ထဲရေးရုံးဝင်းအတွင်းရှိ
နေရာနှင့် ကပ်လျက် လေးထပ်အဆောက် အအုံသို့ ပြောင်းရွှေ့လိုက်ပြီး နောက်
ပို၍စနစ်တကျ မြန်ဆန်လာကြောင်း နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးမှ
ဒုတိယရဲမှူးကြီးကျော်ဇေယျက ပြောသည်။
‘‘လျှောက်ထားသူဟာ အ၀င်ဝ
လုံခြုံရေးဂိတ်က ပေးလိုက်တဲ့ နံပါတ်ကတ်လေး ကိုင်ပြီး လ၀ကကောင်တာ
ရှစ်ခုရှေ့မှာ စောင့်နေရမယ်။ ကိုယ့်နံပါတ် ခေါ်တာနဲ့ မှတ်ပုံတင်သန်းခေါင်
စာရင်း သွားစစ်။ နိုင်ငံသား စစ် မှန်ရင် လ၀ကက မှန်ကန်ကြောင်း ဘားကုတ်ပါတဲ့
ချလန်ပေးလိုက်မယ်။ အဲဒီချလန်နဲ့ ချက်ချင်း ဘဏ်မှာ ငွေနှစ်သောင်းခွဲသွင်း၊
ပြီးရင် ဓာတ်ပုံရိုက်တဲ့အခန်းမှာ အဲဒီချလန်ပြပြီး ဓာတ်ပုံရိုက်လက်
ဗွေနှိပ်လက်မှတ်ယူ။ ကိုယ်ရေး အကျဉ်းဖောင်ကို ဓာတ်ပုံဌာနက နှစ်ရွက်လုံး
စကင်ဖတ်သိမ်းလိုက်ပြီး အားလုံးစစ်ဆေးပြီးကြောင်း ချလန်ပြန်ပေးမယ်။ ဒါပဲ။
နောက် ဆယ်ရက်နေရင် လာထုတ်လို့ရပြီ’’ ဟု နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး မှ
ဒုတိယရဲမှူးကြီးကျော်ဇေယျက ပြောသည်။
ယခု ဘားကုတ်စနစ်မှာ ဘဏ်၊
လ၀ကနှင့် ပတ်စ်ပို့ဌာန တို့က ကွန်ပျူတာနက်ဝါ့ခ်စနစ် ဖြင့်
အားလုံးချိတ်ဆက်လိုက်ပြီး လူတစ်ဦး၏ ကိုယ်ရေးအချက်အလက်ကို ကွန်ပျူတာဖြင့်
ချိတ်ဆက်စစ်ဆေး အတည်ပြုခြင်းကြောင့် အလှည့်ကျော်ရန်လည်း ပူစရာမလိုဘဲ
လျှောက်ထားသူက မိမိတိုကင်နံပါတ်နှင့် နာမည်ခေါ်သံကိုသာ နားစွင့်ရန်
လိုကြောင်း သိရသည်။
‘‘ကောင်တာတွေ ရှေ့မှာ တိုကင်နံပါတ်တွေကို
မြင်ရ အောင် မော်နီတာလေးတွေ လုပ်ပေးထားတယ်။ ဒါလေးကို တစ် ချိန်လုံး
ဂရုတစိုက်ကြည့်ပေးနေရုံပဲ။ လာလျှောက်တဲ့သူများရင် တော့ ခဏစောင့်ရတာတော့ ရှိ
တယ်။ ဒါပေမဲ့ လုပ်ငန်းစဉ်အားလုံးမှာ လုံးဝမစောင့်ရတော့ဘူး။ ဘားကုတ်နဲ့ပဲ
စက်ထဲက စစ်ပြီး အဆင့်တိုင်း သွားတာမို့ပါ’’ဟု ဒုတိယရဲမှူးကြီးကျော်ဇေယျက
ပြောသည်။
ဆယ်ရက်အကြာတွင် ပတ်စ်ပို့စာအုပ် ထုတ်ပါကလည်း မိမိစာ
အုပ်ရ၊ မရ ကွန်ပျူတာတွင် ကိုယ်တိုင်စစ်ဆေးနိုင်ပြီး အဆင်မပြေမှု
တစ်ခုခုရှိမှသာ ဌာနက ၀င်ရောက်ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း သိရသည်။
‘‘အချိန်ကုန် တော်တော် သက်သာသွားတယ်။ အရင်က ဟိုပြေး ဒီပြေး ဓာတ်ပုံဆိုလည်း
လူတွေကြား တိုးဝှေ့ပြီး ကိုယ့်ပုံကို ရွေးရတယ်။ အခုတော့ လ၀က ထုတ်ပေးတဲ့
ဘားကုတ်ချလန် ကလေးနဲ့ ငွေသွင်း၊ ဓာတ်ပုံရိုက်၊ လက်မှတ်ထိုးလက်ဗွေနှိပ်။
အဲဒါ ပြီးရင် နောက်ဆယ်ရက် စာအုပ် လာထုတ်ရုံပဲ။ တော်တော်လွယ်သွားတယ်’’ ဟု
နိုင်ငံကူးလက်မှတ်လျှောက်ထားခဲ့သူ မဇွန်နီလာသိန်းက ပြောသည်။
ယခင်က
နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် ငွေငါးထောင်ပေး၍ ကိုယ်ရေးရာဇ၀င်
ဖောင်သုံးမျက်နှာ ဖြည့်ရခြင်း၊ လူဝင်မှုကြီးကြပ်ရေးဌာနတွင် နိုင်ငံသား
စိစစ်ရန်နှင့် ဓာတ်ပုံရိုက်ကူးခြင်း၊ ဘဏ်ငွေသွင်းခြင်းတို့ကို
အရင်ရောက်သူအရင်တန်းစီ စောင့်ဆိုင်းခြင်းစနစ်ဖြင့် ကြာမြင့်စွာ
တန်းစီစောင့်ဆိုင်းခဲ့ရသည်။ ထို့ပြင် ဓာတ်ပုံရိုက်ပြီးနောက်
ဓာတ်ပုံအထွက်ကို အချိန်အတန်ကြာစောင့်ဆိုင်းပြီးမှ ဘဏ်ငွေသွင်းရပြီး
ဘဏ်ငွေသွင်းရာတွင်လည်း အချိန်များစွာ စောင့်ဆိုင်းရသည်။ ၂၀၁၄ ခုနှစ်
ဇူလိုင်အထိ ပတ်စ်ပို့စာအုပ်ပေါင်း နှစ်သိန်းလေးသောင်း
ထုတ်ပေးခဲ့ပြီဖြစ်ကြောင်း သိရသည်။
7daydaily
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, August 17, 2014
နိုင်ငံကူးလက်မှတ် လျှောက်ထားမှု နာရီဝက်အတွင်း အပြီးလုပ်ပေးနေ
နိုင်ငံကူးလက်မှတ် လျှောက်ထားမှု နာရီဝက်အတွင်း အပြီးလုပ်ပေးနေ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
August 17, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
August 17, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment