Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, August 31, 2014

Angry Birds မှ သင်ခန်းစာ


Angry Birds မိုဘိုင်းဖုန်း ဂိမ်းဟာ သက္ကရာဇ် ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ လောက်က စတင် ဖြန့်ချိတဲ့ မိုဘိုင်းဂိမ်း ဖြစ်ပါတယ်။ Rovio Entertainment ကုမ္ပဏီမှ ဖြန့်ချိခြင်း ဖြစ်ပြီး ကမ္ဘာပေါ်မှာ Download ဆွဲအများဆုံး ဂိမ်း အဖြစ် ယနေ့တိုင် စံချိန်တင်စေနိုင်ခဲ့ ပါတယ်။ Rovio ကို အဲ့ဒီနောက်ပိုင်းမှ သိသွားကြတာပါ။

အမှန်တော့ Rovio ဟာ သက္ကရာဇ် ၂၀၀၃ ခုနှစ်ကတည်းက တည်ထောင်ခဲ့တဲ့ ဖင်လန်နိုင်ငံက ဂိမ်းကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ Angry Birds ဆိုတာဟာလည်း ၅၂ ခုမြောက်သော ဂိမ်း ဖြစ်ပါတယ်။ ကုမ္ပဏီတည်ထောင်ပြီး လုပ်ငန်းလည်ပတ်တဲ့ တောက်လျှောက် အခက်အခဲများစွာ ကြုံတွေ့ရသည့်တိုင် မပြိုလဲအောင် ထိန်းသိမ်းလို့ ကမ္ဘာ့အအောင်မြင်ဆုံး ဂိမ်းတစ်ခုကို ထုတ်လုပ်နိုင်ခဲ့ ပါတယ်။

သင်ခန်းစာ ၁

ကျရှုံးမှု များစွာကို ဂရုစိုက်စရာမလိုပါဘူး။ အောင်မြင်မှု တစ်ခုက မိမိရဲ့ ဂုဏ်သိက္ခာ အားလုံးကို မြင့်တင်ပေးသွားပါတယ်။

သင်ခန်းစာ ၂

ရည်မှန်းချက် ရှိပြီး ဇွဲရှိရှိ ကြိုးစားရင် နေရာ တစ်ခုကတော့ တစ်ချိန်ကျရင် ကြိမ်းသေ ရရှိမှာ ဖြစ်ပါတယ်။

.
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com
.

No comments:

Post a Comment