Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, August 31, 2014

မိကျောင်းတွေကို အနီးကပ် လေ့လာနိုင်မယ့် ရေငုပ်စရာနေရာ



သြစတေးလျနိုင်ငံက ငါးပြတိုက် တစ်ခုမှာ ဖြစ်ပြီး သူ့ကို Cage of Death လို့ အမည်ပေးထားပါတယ်။ သြစတေးလျနိုင်ငံမှာသာ မြင်တွေ့နိုင်တဲ့ အသားစား ဧရာမ မိကျောင်းကြီးကို အနီးကပ် လေ့လာခွင့် ရစေမယ့် အခွင့်အရေး ဖြစ်ပါတယ်။ 

Cage of Death ဟာ ရေဖိအားနဲ့ တိုက်ခိုက်အား အတော်လေး ခံနိုင်တဲ့ ဖန်သားနဲ့ ပြုလုပ်ထားတဲ့ ဖန်လုံအိမ်တစ်ခု ဖြစ်ပြီး မိကျောင်း လေ့လာချင်သူတို့ အတွက် အောက်အရောက်ပို့ပေး ပါတယ်။ တစ်ဦး ဖြစ်စေ၊ နှစ်ဦး ဖြစ်စေ ၀င်ရောက်နိုင်ပြီး အပေါ်ကနေ စက်ယန္တရားနဲ့ ရေအောက်ထဲကို ထည့်ပေး ပါတယ်။ အသားနှံ့ရနေတဲ့ မိကျောင်းကတော့ ဖန်အိမ်ကနေ မခွာနိုင်ပဲ ပတ်ပတ်လည်ကို လာရောက် ကြည့်ရှုပါလိမ့်မယ်။ ရေအောက် ကင်မရာ ပါသူ အချို့က ယင်းချက်ကောင်းကို စောင့်လို့ ဓာတ်ပုံရိုက်ကြခြင်း ဖြစ်ပါတယ်။

စွန့်စားချင်သူများအတွက် ဖန်တီးပေးထားတဲ့ အခွင့်အရေး ဖြစ်ပြီး စွန့်စားရဲသူ အချို့က ဆင်းကြ ပါတယ်။ ယနေ့အချိန်ထိတော့ ဘာအက်ဆီးဒန့်မှ မဖြစ်သေး ပါဘူး။ သြစတေးလျ မိကျောင်းကို အနီးကပ်လေ့လာဖို့ အတွက် ကမ္ဘာလှည့်ခရီးသည် များက အစ Cage of death ထဲကို ၀င်ရောက် ကြကြောင်း သိရ ပါတယ်။
.
Ref: crocosauruscove.com
အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment