Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, August 31, 2014

ရေနဂါး (Seahorse) တို့ရဲ့ ချစ်ခြင်း



Seahorse လို့ခေါ်တဲ့ ပင်လယ်မြင်း/ ရေနဂါး အစရှိသဖြင့် အမျိုးမျိုး သိကြတဲ့ ရေအောက် သတ္တဝါကို သိကြမှာပါ။ အချို့က သူတို့ကို ရေနဂါးလို့ မခေါ်ပဲ ပင်လယ်မြင်းလို့ ခေါ်ပါတယ်။ အသွင်အပြင် အားဖြင့် လှပသည့် အပင် သူ့မှာ ချစ်စဖွယ် အလေ့အထ တစ်ခုလည်း ရှိပါတယ်။ ၎င်းကတော့ သူတို့ရဲ့ ချစ်ခြင်း ဖြစ်ပါတယ်။ 

Seahorse အထီးနဲ့ အမ တို့ဟာ သူတို့ရဲ့ လက်တွဲဖော် တစ်ကောင်ကောင် ကို ရွေးချယ်ပြီးရင် နောက်ထပ် ဘယ် Seahorse နဲ့မှ ထပ်မတွဲတော့ ပါဘူး။ Lifetime တစ်ခုအတွက် လက်တွဲဖော် တစ်ဦးသာ ရွေးချယ် နေထိုင်ကြခြင်း ဖြစ် ပါတယ်။ အမြဲတမ်း တစ်တွဲတွဲလည်း နေထိုင်ပါတယ်။ နေရာ ဒေသ တစ်ခုကနေ တစ်ခုသို့ ပြောင်းရွှေ့တဲ့ အခါမှာဆိုရင်လည်း တစ်ကောင်နဲ့ တစ်ကောင် အမြီး ချင်း ချိတ်လို့ သွားလာတတ်တဲ့ အလေ့အထ ဖြစ်ပါတယ်။

ဒါကြောင့်မို့ ယင်း ရေနဂါး အရုပ်လေးများဟာ ချစ်ခြင်းရဲ့ သင်္ကေတ အဖြစ် ကမ္ဘာ့ နိုင်ငံအတော်များများမှာ လက်ဆောင် အဖြစ် ပြုလုပ် ပေးလေ့ ရှိတာကို တွေ့ရမှာ ဖြစ်ပါတယ်။
.
Ref: dyknow
အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment