Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, July 19, 2014

Google တို့ ၀န်ထမ်းကို ၂၀ ရာခိုင်နှုန်းသော အချိန် လုပ်ချင်ရာလုပ်ရန်ပေးထား



Google မှာ ထူးခြားတဲ့ အခွင့် အရေး တစ်ခု ရှိပါတယ်။ ယင်းကတော့ ၀န်ထမ်း များရဲ့ နေ့စဉ် အလုပ်လုပ် အချိန်နာရီမှ ၂၀ ရာခိုင်နှုန်းသော အချိန်ကို မိမိတို့ စိတ်ကြိုက် လုပ်ချင်ရာ လုပ်ဖို့ ခွင့်ပြုထားပေးကြောင်း သိရ ပါတယ်။

အဲ့ဒီ အချိန်မှာ မိမိ စိတ်ကြိုက် အလုပ်နှင့် သက်ဆိုင်တာရော မသက်ဆိုင် တာရော ပြုလုပ်လို့ ရပါတယ်။ အချို့ကတော့ ကိုယ်ပိုင် ပရောဂျက်လေးတွေ လုပ်ပြီး စီးပွားရှာသလို အချို့ကျတော့လည်း Google ကို ပြန်တင်ပြ ပါတယ်။ Google Glass, Google self driving car တို့လို နည်းပညာ များဟာ ယင်း ၂၀ ရာခိုင်နှုန်းသော အားလပ်ချိန်မှ ထွက်ရှိလာခြင်း ဖြစ်ကြောင်း ဆိုပါတယ်။ ယင်းကဲ့သို့ စတင် ထားရှိပေးတုန်းက အငြင်းပွားမှု ရှိပေမယ့် ယနေ့အထိတော့ အသက်ဝင်နေဆဲ ဖြစ်ပါတယ်။ ၀န်ထမ်း များရဲ့ စိတ်ကူး တွေးခေါ်မှုကို လွတ်လပ်ခွင့် ပေးပြီး ရလာတဲ့ ရလဒ်ကိုပါ မြေတောင် မြေမြောက်ပေးမယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖြစ်ပါတယ်။

ရလဒ် များကိုလည်း ၀န်ထမ်းများက Google ကို ပြန်တင်ပြကြတာ များပြီး Google ရဲ့ Product များထဲက တစ်ခု မဟုတ် တစ်ခု ဖြစ်လာ ပါတယ်။ ယင်း ကတော့ Google ရဲ့ လုပ်သား အရည်အသွေး မြင့်တင်တဲ့ နည်းလမ်း တစ်ခု ဖြစ်ပါတယ်။
.
Ref: wired.com
အောင်ခမ်း (ရိုးရာလေး) 

No comments:

Post a Comment