CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, July 19, 2014
မျက်နှာပါ မချန် တစ်ကိုယ်လုံးကို တက်တူးထိုးတဲ့ မော်ဒယ်
ကနေဒါ နိုင်ငံက Vin Los လို့ အမည်ရတဲ့ အသက် ၂၄ နှစ်အရွယ် မော်ဒယ် ဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့ ရသလိုပဲ သူ့ရဲ့ မျက်နှာမှာပါ မချန် တက်တူး ထိုးထားတာကို ယခုလို မြင်တွေ့ ရမှာ ဖြစ်ပါတယ်။
ယခုလို ထိုးတဲ့ ရည်ရွယ်ချက်ကို သတင်းမီဒီယာများက မေးတဲ့ အခါ 'ကျနော် လူတွေကို comfort zone ကနေ ထွက်စေချင်တယ်။ အနုပညာ ဆိုတာကို ပုံစံ ခွက်ထဲက ဟာကိုပဲ မြင်နေတာထက် ပိုပြီး ထူးခြားကွဲပြားတဲ့ အမြင်နဲ့ မြင်စေ ချင်ပါတယ်။ ကျနော်ကိုယ်တိုင်ကလည်း အဲ့ဒါကို နှစ်သက်လို့ ခေတ်ရေ စီးကြောင်း ကို လိုက်ပြီး ယခုလို ထိုးလိုက်တာပါ' လို့ ဖြေကြား ပါတယ်။ တက်တူး ယဉ်ကျေးမှု ရေပန်းစားလာတာ မှန်ပေမယ့် သူ့ရဲ့ တက်တူး ကတော့ လူတကာကို အံ့သြ ငေးကျန် စေခဲ့ ပါတယ်။ တက်တူးက ပုံတွေ မဟုတ်ပဲ စာတွေ ရေးထားခြင်းပါ လွယ်ကူစွာ ကမ္ဘာကျော်သွားမယ့် နည်းလမ်း လို့လည်း သူ ယူဆ သတဲ့။ တကယ်လည်း နာမည်ကြီး သွား ပါတယ်။ မျက်နှာမှာ ပြန်ဖျက် မရတဲ့ တက်တူး အများဆုံးကို ပိုင်ဆိုင်ထားသူ ဆိုလို့ Vin Los ပဲ ရှိမှာပါ။
ယခုရက်ပိုင်း အတွင်းပဲ ထိုးထားခြင်း ဖြစ်ပြီး တစ်ကိုယ်လုံးမှာပါ တက်တူး ပုံပေါင်း များစွာ ရေးထိုး ထားခြင်း ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: Metro.
အောင်ခမ်း (ရိုးရာလေး)
.
မျက်နှာပါ မချန် တစ်ကိုယ်လုံးကို တက်တူးထိုးတဲ့ မော်ဒယ်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 19, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 19, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment