ဟိုတလောက
သူငယ်ချင်းတယောက်ရဲ့ ကလေး ဖျားတယ်.. ပြီးတော့ ခန္ဓာကိုယ်မှာ
အနီကွက်တွေထွက်ပြီး အပူလောင်ဖုလို အဖုလေးတွေထွက်လာတယ်.. ဆေးခန်းသွားတော့
ရိုးရိုးဖျားတာဆိုပြီး အဖျားပျောက်ဆေးတွေနဲ့ပဲ ကုပေးတယ်..
တညတော့ အသည်းအသန်ဖြစ်တော့ ဆေးရုံကိုရောက်သွားတယ်.. အသက်ရှူတာလည်း ပုံမှန်မဟုတ်တော့ဘူးတဲ့.. ဆေးရုံရောက်ပြီး ဆေးစစ်တော့လည်း ဘာရောဂါမှ မတွေ့ရဘူးတဲ့.. နောက်ဆုံး ကလေးကို ပြည်နယ်မှာရှိတဲ့ အကောင်းဆုံးနဲ့ အကြီးဆုံး ကလေးဆေးရုံကြီးကို တင်လိုက်တယ်..
အဲ့မှာလည်း သူတို့ ရောဂါကို ဘယ်လိုမှ ရှာမတွေ့ဘူး.. နောက်ဆုံး ကလေးရဲ့ တစ်သျှူးစကို ယူပြီး စစ်တော့မှ Stevens-Johnson Syndrome ဆိုပြီး သွားတွေ့တယ်...
သူငယ်ချင်းကို ကလေးအမေ ဆေးရုံကို ၂ နာရီအတွင်းရောက်အောင် လာပါဆိုပြီး ည ၂ နာရီကြီး ခေါ်ခိုင်းတယ်.. ဟိုက တော်တော်နဲ့ ဆေးရုံရောက်မလာတော့ ဆရာဝန်တွေက မလာသေးဘူးလားပဲမေးတယ်..
မြန်မြန်ရောက်အောင် လာခိုင်းပါ ကလေး ၂ နာရီပဲ အသက်ရှင်တော့မယ်တဲ့.. အဲ့အချိန်မှာပဲ ဆရာဝန်ကြီး ၁၁ ယောက် အစည်းအဝေးထိုင်ပြီး သူတို့ကို ပြောတယ်.. ကလေး အသက်ကို ကယ်ကြည့်ချင်တယ်.. ကယ်ခွင့် ပေးမလား.. ကြိုးစားကြည့်ချင်တယ်..
ခွင့်ပြုတယ်ဆိုရင် လက်မှတ်ထိုးပေးပါဆိုပြီး ဆရာဝန်ကြီးက ခွင့်တောင်းတော့ သူတို့ လက်မှတ်ထိုးပေးလိုက်တယ်.. နောက်ဆုံး ၂ နာရီပဲ အသက်ရှင်တော့မယ့် ကလေးငယ်က ICU မှာ ၁ လလောက်နေပြီး အခုဆို လူ့ဘ၀ထဲမှာ ဆက်လက်နေထိုင် အသက်ရှင်ခွင့် ရရှိသွားပြီ...
သူတို့ ဘာလို့ Stevens-Johnson Syndrome ကို မသိတာလဲဆိုတော့ အဲ့ဒီ ရောဂါက ကနေဒါမှ အလွန့်အလွန် မရှိသလောက် ဖြစ်ခဲတဲ့ရောဂါမို့လို့ပဲ.. ဆရာဝန်တွေက မိဘတွေကို ရောဂါဘယ်ကလာလည်းဆိုတာ နောက်ကြောင်းလိုက်တယ်.. မေးမြန်းတယ်.. ရောဂါကူးစက်တဲ့ လမ်းကြောင်းတခုကို သွားတွေ့တယ်..
သူတို့အိမ်အောက်ထပ်မှာ ငှားနေတဲ့ မိသားစုထဲက တယောက်က မြန်မာပြည်ပြန်သွားပြီး ပြန်ရောက်တာ တပတ်ပဲရှိသေးတယ်..
ဒီရောဂါက နိုင်ငံခြားကနေ ပါလာတာ.. ကိုယ်ခံအားကောင်းတဲ့သူတွေမှာ ဘာမှမဖြစ်ပေမယ့်.. ဒီကလေးက ကိုယ်ခံအားနည်းလို့ ဖြစ်တာ ဖြစ်နိုင်တယ်ဆိုပြီး ကောက်ချက်ချလိုက်တယ်...
မိဘတွေဆီက ကလေးကို ဗွီဒီယို.. ဓါတ်ပုံရိုက်ခွင့်တောင်းတယ် .. ဒီရောဂါကို ဆေးကျောင်းတွေမှာ သင်ရအောင်လို့တဲ့..
စဉ်းစားမိတာက တကယ်လို့သာ မြန်မာပြည်က ပြန်လာတဲ့ သူဆီကနေ ကူးစက်ခဲ့တယ်ဆိုရင် မြန်မာပြည်မှာ ရှိနေလို့ပေါ့.. မြန်မာပြည်မှာ ဖြစ်ရင်ရော.. ဘယ်လိုကုကြမလဲ..
တိုးတက်တဲ့ နိုင်ငံမှာတောင် ဒီရောဂါကို အသိနည်းတာ.. မြန်မာပြည်မှာဆို အသက်ဆုံးရှုံးပြီလို့ တွေးလိုက်မိတယ်..
နောက်ပြီး ဆေးကုသရေး စားရိတ်အနေနဲ့ လူလတ်တန်းစားတောင် အနိုင်နိုင်ကုရလိမ့်မယ်.. အမေရိကန်နိုင်ငံမှာဆိုရင်တောင် ကျန်းမာရေးအာမခံမရှိဘူးဆိုရ င် ကုနိုင်မှာတောင် မဟုတ်ဘူး..
ဒီမှာကတော့ ဆိုရှယ်ဒီမိုကရက်နိုင်ငံဖြစ်လို့ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်နဲ့ ဆေးကုသစားရိတ်တပြားမှ မကုန်ပဲ အသက်ရှင်ခဲ့တယ်..
ဆိုရှယ်ဒီမိုကရက်တစ်နိုင်ငံ တွေမှာ အခမဲ့ ကျန်းမာရေးကုသမှုဆိုတာ အလကားရတယ်လို့တော့ မထင်နဲ့.. ၀င်ငွေခွန် တနင့်တပိုးကောက်တဲ့အထဲကနေ ပြန်သုံးပေးနေကြတာ.
ဥပမာ- ကနေဒါနိုင်ငံမှာဆို ၀င်ငွေခွန်ကို ၂ခုကောက်တယ်.. တခုက ဗဟိုအစိုးရအတွက်.. တခုက ပြည်နယ်အစိုးရအတွက်.. ကျန်းမာရေးနဲ့ ပက်သက်တာကို ဗဟိုက မကိုင်ပဲ.. ပြည်နယ်အစိုးရရဲ့ လုပ်ပိုင်ခွင့်ထဲမှာပါတော့. ..
ပြည်သူတွေ တနင့်တပိုးပေးထားတဲ့ အခွန်ငွေထဲကနေ ပြန်ကုပေးနေတာ.. net pay
မှာပေါ့ အမေရိကန်ထက် နည်းပြီးရကြပေမယ့်.. social security ကတော့
အပြည့်နီးပါးရတော့ ပူစရာ ကြောင့်ကြစရာ သိပ်မရှိကြတော့ဘူး..
ps. Stevens-Johnson Syndrome ဖြစ်တဲ့ ပုံတွေကို အမြင်မတော်စရာတွေဖြစ်နေလို့ မတင်တော့ဘူး.. google ကနေ ရှာကြည့်လိုက်ကြပါ..
Aung Zaw Bo
တညတော့ အသည်းအသန်ဖြစ်တော့ ဆေးရုံကိုရောက်သွားတယ်.. အသက်ရှူတာလည်း ပုံမှန်မဟုတ်တော့ဘူးတဲ့.. ဆေးရုံရောက်ပြီး ဆေးစစ်တော့လည်း ဘာရောဂါမှ မတွေ့ရဘူးတဲ့.. နောက်ဆုံး ကလေးကို ပြည်နယ်မှာရှိတဲ့ အကောင်းဆုံးနဲ့ အကြီးဆုံး ကလေးဆေးရုံကြီးကို တင်လိုက်တယ်..
အဲ့မှာလည်း သူတို့ ရောဂါကို ဘယ်လိုမှ ရှာမတွေ့ဘူး.. နောက်ဆုံး ကလေးရဲ့ တစ်သျှူးစကို ယူပြီး စစ်တော့မှ Stevens-Johnson Syndrome ဆိုပြီး သွားတွေ့တယ်...
သူငယ်ချင်းကို ကလေးအမေ ဆေးရုံကို ၂ နာရီအတွင်းရောက်အောင် လာပါဆိုပြီး ည ၂ နာရီကြီး ခေါ်ခိုင်းတယ်.. ဟိုက တော်တော်နဲ့ ဆေးရုံရောက်မလာတော့ ဆရာဝန်တွေက မလာသေးဘူးလားပဲမေးတယ်..
မြန်မြန်ရောက်အောင် လာခိုင်းပါ ကလေး ၂ နာရီပဲ အသက်ရှင်တော့မယ်တဲ့.. အဲ့အချိန်မှာပဲ ဆရာဝန်ကြီး ၁၁ ယောက် အစည်းအဝေးထိုင်ပြီး သူတို့ကို ပြောတယ်.. ကလေး အသက်ကို ကယ်ကြည့်ချင်တယ်.. ကယ်ခွင့် ပေးမလား.. ကြိုးစားကြည့်ချင်တယ်..
ခွင့်ပြုတယ်ဆိုရင် လက်မှတ်ထိုးပေးပါဆိုပြီး ဆရာဝန်ကြီးက ခွင့်တောင်းတော့ သူတို့ လက်မှတ်ထိုးပေးလိုက်တယ်.. နောက်ဆုံး ၂ နာရီပဲ အသက်ရှင်တော့မယ့် ကလေးငယ်က ICU မှာ ၁ လလောက်နေပြီး အခုဆို လူ့ဘ၀ထဲမှာ ဆက်လက်နေထိုင် အသက်ရှင်ခွင့် ရရှိသွားပြီ...
သူတို့ ဘာလို့ Stevens-Johnson Syndrome ကို မသိတာလဲဆိုတော့ အဲ့ဒီ ရောဂါက ကနေဒါမှ အလွန့်အလွန် မရှိသလောက် ဖြစ်ခဲတဲ့ရောဂါမို့လို့ပဲ..
သူတို့အိမ်အောက်ထပ်မှာ ငှားနေတဲ့ မိသားစုထဲက တယောက်က မြန်မာပြည်ပြန်သွားပြီး ပြန်ရောက်တာ တပတ်ပဲရှိသေးတယ်..
ဒီရောဂါက နိုင်ငံခြားကနေ ပါလာတာ.. ကိုယ်ခံအားကောင်းတဲ့သူတွေမှ
မိဘတွေဆီက ကလေးကို ဗွီဒီယို.. ဓါတ်ပုံရိုက်ခွင့်တောင်းတယ်
စဉ်းစားမိတာက တကယ်လို့သာ မြန်မာပြည်က ပြန်လာတဲ့ သူဆီကနေ ကူးစက်ခဲ့တယ်ဆိုရင် မြန်မာပြည်မှာ ရှိနေလို့ပေါ့.. မြန်မာပြည်မှာ ဖြစ်ရင်ရော.. ဘယ်လိုကုကြမလဲ..
တိုးတက်တဲ့ နိုင်ငံမှာတောင် ဒီရောဂါကို အသိနည်းတာ.. မြန်မာပြည်မှာဆို အသက်ဆုံးရှုံးပြီလို့ တွေးလိုက်မိတယ်..
နောက်ပြီး ဆေးကုသရေး စားရိတ်အနေနဲ့ လူလတ်တန်းစားတောင် အနိုင်နိုင်ကုရလိမ့်မယ်.. အမေရိကန်နိုင်ငံမှာဆိုရင်တေ
ဒီမှာကတော့ ဆိုရှယ်ဒီမိုကရက်နိုင်ငံဖြစ
ဆိုရှယ်ဒီမိုကရက်တစ်နိုင်ငံ
ဥပမာ- ကနေဒါနိုင်ငံမှာဆို ၀င်ငွေခွန်ကို ၂ခုကောက်တယ်.. တခုက ဗဟိုအစိုးရအတွက်.. တခုက ပြည်နယ်အစိုးရအတွက်.. ကျန်းမာရေးနဲ့ ပက်သက်တာကို ဗဟိုက မကိုင်ပဲ.. ပြည်နယ်အစိုးရရဲ့ လုပ်ပိုင်ခွင့်ထဲမှာပါတော့.
ps. Stevens-Johnson Syndrome ဖြစ်တဲ့ ပုံတွေကို အမြင်မတော်စရာတွေဖြစ်နေလို့
Aung Zaw Bo
No comments:
Post a Comment