Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, July 22, 2014

ကမ္ဘာ့ဖလား ရွှေဖိနပ်ဆုရှင်ကို ရီးယဲလ် ဝယ်ယူ



ပုံစာ- ဆေးစစ်မှု ခံယူဖို့ မက်ဒရစ်မြို့ကို ဂျိမ်းစ် ရော့ဒရီဂတ်စ် ရောက်လာစဉ်။

၂၀၁၄ ကမ္ဘာ့ဖလား နောက်ဆုံး အဆင့် ပွဲစဉ်တွေမှာ ဂိုးအများဆုံး သွင်းယူခဲ့တဲ့ အသက် ၂၃ နှစ်အရွယ် ကိုလံဘီယာ ကစားသမား James Rodriguez ကို ပြင်သစ် မိုနာကို အသင်းဆီကနေ စပိန် ကလပ် ရီယဲလ် မဲဒရစ်က ဝယ်ယူ စာချုပ် ချုပ်လိုက်ပါတယ်။
ကမ္ဘာ့ဖလားမှာ ရွှေဖိနပ်ဆုကို ဆွတ်ခူးခဲ့တဲ့ ရောဒရီဂတ်စ်ကို ရီးယဲလ် မက်ဒရစ်က ပေါင် ၆၃ သန်းနဲ့ ဝယ်ယူခဲ့တာလို့ သိရပါတယ်။
မိုနာကို အသင်းကတော့ ရောဒရီဂတ်စ်ကို ရောင်းချမှုဟာ ဘောလုံးသမိုင်းမှာ အထူးခြားဆုံး အရွှေ့အပြောင်း ဖြစ်တယ်လို့ ပြောပါတယ်။
ရောဒရီဂတ်စ်ဟာ ဒီအပြောင်းအရွှေ့ကြောင့် ဂါးရက်သ်ဘေးလ်၊ ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ လူးဝစ်ဆွာရက်စ် တို့နောက်မှာ ကမ္ဘာ့ စတုတ္ထ ဈေးအကြီးဆုံး ဘောလုံးသမား ဖြစ်လာပါတယ်။

BBC Burmese 

No comments:

Post a Comment